ေဇာ္ဂ်ီ / ယူနီကုဒ္္
Zawgyi ျဖင့္ဖတ္ပါ
★★★★★
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ မိုင္းရယ္-လားရႈိး လမ္းေဘး၌ စြန့္ပစ္ထားသည့္ငုံးဥမ်ားမွ ငုံးအမ်ားအျပားအေကာင္ေပါက္လာကာ ကားလမ္းေပၚသို႔ ငုံးေပါက္ ေလးမ်ားတက္လာသည့္ ဗီဒီယိုဖိုင္ျဖစ္သည္။
အဆိုပါဗီဒီယိုဖိုင္ကို Kon Khay KeHsi အမည္ျဖင့္ Facebook အသုံးျပဳသူတစ္ဦးက ဇန္နဝါရီ ၁၆ ည ၆း၅၀နာရီအခ်ိန္တြင္ ဗီဒီယိုဖိုင္တို ၃ ခုႏွင့္အတူတင္ခဲ့ျခင္းျဖစ္ၿပီး “မိုင္းရယ္~လားရႈိးလမ္းမွာ စြန့္ပစ္ထားတဲ့ ငုံးဥေတြကေန ငုံးအေကာင္ေပါက္ကေလးမ်ား အမ်ားျပားဥေပါက္တာျဖစ္ပါတယ္”ဟု ေရးသားထားသည္။ ယခုစြန္႔ပစ္ထားသည့္ ငုံးဥမ်ားကို မည္သူက စြန္႔ပစ္ ထားခဲ့ျခင္းျဖစ္သည္ဆိုသည္ကိုမူ အတည္ျပဳႏိုင္ျခင္း မရွိေပ။
မၾကာေသးခင္က ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ ပြားခဲ့သည့္တိုက္ပြဲႏွင့္ပစ္ခတ္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ ငံႏွင့္ျမန္မာႏိုင္ငံအၾကားကုန္သြယ္ေနသည့္စီးပြားေရးလုပ္ငန္းရွင္မ်ားထိခိုက္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မည့္ဖရဲသီးမ်ားအမွည့္လြန္သြားျခင္း ငါးရွဥ့္မ်ား ပုပ္ သိုးကုန္၍ လမ္းေဘးတြင္ စြန္႔ပစ္ထားသည့္ဗီဒီယိုဖိုင္ မ်ားလည္း လူမႈကြန္ရက္ေပၚတြင္ ပ်ံ ့ႏွံ႔ခဲ့ဖူးသည္။Kon Khay KeHsi
Videoကြည့်ရန်
Unicode ဖြင့်ဖတ်ပါ
★★★★★
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းရယ်-လားရှိုး လမ်းဘေး၌ စွန့်ပစ်ထားသည့်ငုံးဥများမှ ငုံးအများအပြားအကောင်ပေါက်လာကာ ကားလမ်းပေါ်သို့ ငုံးပေါက် လေးများတက်လာသည့် ဗီဒီယိုဖိုင်ဖြစ်သည်။
အဆိုပါဗီဒီယိုဖိုင်ကို Kon Khay KeHsi အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦးက ဇန်နဝါရီ ၁၆ ည ၆း၅၀နာရီအချိန်တွင် ဗီဒီယိုဖိုင်တို ၃ ခုနှင့်အတူတင်ခဲ့ခြင်းဖြစ်ပြီး “မိုင်းရယ်~လားရှိုးလမ်းမှာ စွန့်ပစ်ထားတဲ့ ငုံးဥတွေကနေ ငုံးအကောင်ပေါက်ကလေးများ အများပြားဥပေါက်တာဖြစ်ပါတယ်”ဟု ရေးသားထားသည်။ ယခုစွန့်ပစ်ထားသည့် ငုံးဥများကို မည်သူက စွန့်ပစ် ထားခဲ့ခြင်းဖြစ်သည်ဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။
မကြာသေးခင်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ် ပွားခဲ့သည့်တိုက်ပွဲနှင့်ပစ်ခတ်မှုများကြောင့် တရုတ်နိုင် ငံနှင့်မြန်မာနိုင်ငံအကြားကုန်သွယ်နေသည့်စီးပွားရေးလုပ်ငန်းရှင်များထိခိုက်ခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့်ဖရဲသီးများအမှည့်လွန်သွားခြင်း ငါးရှဉ့်များ ပုပ် သိုးကုန်၍ လမ်းဘေးတွင် စွန့်ပစ်ထားသည့်ဗီဒီယိုဖိုင် များလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသည်။Kon Khay KeHsi