News

ဒေးဗစ်လား ၏ ဘာသာရေးပွဲသွား ခဲ့သည့် လူနာအ မှတ် (၇၉) ဖွင့်မပြောခဲ့ရာ မှ အစပြု ကာ ကူးစ က်ခံရသူများ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ရန္ ကုန္ျမိဳ ့ရွိ Pan Pacific ဟိုတယ္ဝန္ထမ္းမ်ားအနက္မွ Covid-19 ကူးစက္ခံထားရသည့္ ဝန္ထမ္း ၇ ဦးရွိလာခဲ့ျပီး ၄င္းတို ့မွာ တရားေဟာဆရာေဒးဗစ္လား၏ အင္းစိန္ဘာသာေရးအခမ္းအနားပြဲကို သြားေရာက္ခဲ့သူ ဝန္ထမ္းမွ တစ္ဆင့္ ကူးစက္ခံသြားရျခင္း ျဖစ္ေၾကာင္း စံုစမ္းသိရွိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာနမွ ထုတ္ျပန္မွုအရ ဧျပီ ၁၆ ရက္ေန ့တြင္ ပိုးေတြ ့ရွိလူနာျဖစ္ခဲ့သည့္ လူနာအမွတ္ (၇၉) မွာ အတည္ျပဳလူနာမ်ားႏွင့္ ထိေတြ ့မွု မရွိခဲ့သလို ျပည္ပခရီးသြားရာဇဝင္လည္း မရွိသည့္ ရန္ကုန္ျမိဳ ့ဗဟန္းျမိဳ ့နယ္တြင္ ေနထိုင္သည့္ အသက္ ၄၃ ႏွစ္အရြယ္အမ်ိဳးသား တစ္ဦးျဖစ္ေၾကာင္း ပါရွိခဲ့သည္။

ေနာက္ပိုင္းတြင္မူ အဆိုပါ လူနာအမွတ္ (၇၉) မွာ Pan Pacific ဟိုတယ္မွ Bar ဝန္ထမ္းတစ္ဦးျဖစ္ေနသလို တရားေဟာဆရာ ေဒးဗစ္လား၏ အင္းစိန္ဘာသာေရး တရားပြဲသို ့သြားေရာက္ခဲ့သူျဖစ္ေၾကာင္း စံုစမ္းသိရွိရျခင္းျဖစ္သည္။

Pan Pacific ဟိုတယ္ႏွင့္ Park Royal ဟိုတယ္တို ့မွာ ဟိုတယ္လုပ္ငန္းတစ္ခုတည္းေအာက္တြင္ ရွိေနျပီး ရန္ကုန္ရွိ Park Royal ဟိုတယ္မွ ဝန္ထမ္းတစ္ဦးတြင္ Covid-19 ေတြ ့ရွိခဲ့သည့္အတြက္ Park Royal ဟိုတယ္ကို Lockdown ျပဳလုပ္ထားသည့္ သတင္းမ်ားလည္း ထြက္ေပၚခဲ့သည္။

အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ လူနာအမွတ္ (၇၉) ႏွင့္ ဆက္ႏြယ္ကူးစက္လာသည့္ျဖစ္စဥ္မ်ား၊ ပိုးေတြ ့ရွိ လူနာမ်ား၏ အေျခအေနကို သိရွိခဲ့ရျခင္းျဖစ္သည္။

“ဧျပီ ၉ ရက္ေန ့ကစျပီး Pan Pacific ဟိုတယ္က ဝန္ထမ္းေတြ အိမ္မျပန္ရေတာ့ဘူး။ ဟိုတယ္မွာပဲေနခိုင္းျပီး အလုပ္ဆင္းခိုင္းတယ္။ ဝန္ထမ္းေတြကို Temperature ေတြ စစ္တယ္။ ဟိုသြားလား၊ ဒီသြားလား၊ ဘယ္ေတြသြားခဲ့လည္းဆိုတာေတြ ေမးတယ္”

“အဲ့ဒီေနာက္မွာ လူနာအမွတ္-၇၉ (Case-79) ျဖစ္လာမယ့္သူရယ္၊ Case-92, Case-93 ျဖစ္လာမယ့္သူေတြကို အိပ္ခန္းတစ္ခန္းမွာ အတူထားလိုက္တယ္”

“Case-79 ျဖစ္လာမယ့္ လူနာက ေဒးဗစ္လားရဲ ့အင္းစိန္ဘာသာေရးပြဲကိုတက္ခဲ့တယ္။ ဒါေပမဲ့ ဝန္မခံဘူး။ ထုတ္ မေျပာဘူး။ မေျပာေတာ့ Case-92 နဲ႔ Case-93 ကိုကူးသြားေရာ” ဟု အဆိုပါဟိုတယ္မ်ားႏွင့္ နီးစပ္သူတစ္ဦးက ယေန ့ဧျပီ ၂၅ နံနက္ပိုင္းတြင္ ေျပာၾကားခဲ့သည္။

ထိုကဲ့သို ့တစ္ခန္းတည္းအတူေနထိုင္ရာမွ ၃ ရက္ခန္ ့ အၾကာတြင္ အဆိုပါ ၃ ဦးစလံုး ေနမေကာင္းျဖစ္ခဲ့ၾကျပီး ဧျပီ ၁၆ ႏွင့္ ၁၈ ရက္ေန ့မ်ားတြင္ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာမွုအရ Covid-19 ေရာဂါပိုးရွိသူ လူနာအမွတ္စဥ္ ၇၉၊ ၉၂၊ ၉၃ တို ့အျဖစ္ ပါဝင္လာၾကျခင္းျဖစ္သည္။

လူနာအမွတ္ (၇၉) မွ ဆင့္ပြားကူးစက္လာသည့္ Covid-19 လူနာမ်ားစာရင္းတြင္ အသက္ ၅၃ ႏွစ္ရွိ အီတလီႏိုင္ငံသား စားဖိုမွဴး ၁ ဦးလည္း ပါဝင္ေနေၾကာင္းသိရသည္။ အဆိုပါအီတလီႏိုင္ငံသားမွာ လူနာအမွတ္ (၁၃၈) ျဖစ္ျပီး Case-93 ဆီမွ ကူးစက္သြားျခင္းျဖစ္သည္။

“Case-79 ၊ 92၊ 93 တို ့ရဲ ့အလုပ္အကိုင္က Pan Pacific ဆိုေတာ့ ဟိုတယ္ကို Lock down လုပ္၊ ထိေတြ႕သူစာရင္းလုပ္ၿပီး စစ္ေဆးတာ Positive ၄ ေယာက္ ထပ္ေတြ႕တယ္။ အီတလီႏိုင္ငံသား အပါအဝင္အထိ Pan Pacific ဟိုတယ္ ဝန္ ထမ္း ၇ ဦးက Positive ေပါ့”

“အီတလီႏိုင္ငံသားက Case-138 ပါ ။ သူ ့ရဲ ့ရာထူးက အစားအေသာက္နဲ ့မီးဖိုေဆာင္တာဝန္ခံေပါ့။ Pan Pacific နဲ ့ Park Royal က ဟိုတယ္ တစ္အုပ္စုတည္းဆိုေပမယ့္ ၂ ခုလံုးကိုကိုင္ရတာမဟုတ္ဘူး။” ဟု အဆိုပါ ဟိုတယ္မ်ားႏွင့္နီးစပ္သူက ေျပာသည္။

ရန္ကုန္ျမိဳ ့ရွိ Park Royal ဟိုတယ္ကို Lockdown ျပဳလုပ္ထားျခင္းႏွင့္ ပတ္သက္၍လည္း ၄င္းက ယခုကဲ့သို ့ ရွင္းျပသည္။

“လူနာအမွတ္ (၁၃၈) အီတလီစားဖိုမွဴးက ေနေတာ့ Park Royal Yangon မွာေနတယ္။ အလုပ္ဆင္းေတာ့ Pan Pacific မွာဆင္းတယ္။ အဲ့ဒီမွာ ႐ုံးထိုင္တယ္။ ေနတဲ့ လိပ္စာေၾကာင့္ Park Royal လည္း Lockdown ျပဳလုပ္ခံရတာပါ” ဟု ေျပာၾကားသည္။

လက္ရွိအခ်ိန္အထိ Pan Pacific ဟိုတယ္တြင္ လူနာအမွတ္ (၇၉) အပါအဝင္ ၄င္းမွ စတင္ျပန္ ့ပြားကူးစက္ခဲ့သည့္ ဟိုတယ္ဝန္ထမ္းစုစုေပါင္း ၇ ဦးရွိေၾကာင္းလည္း သိရသည္။

Park Royal Yangon ဟိုတယ္တြင္မူ လက္ရွိအခ်ိန္ အထိ Covid-19 ေတြ ့ရွိထားသည့္ ဟိုတယ္ဝန္ထမ္းမ်ား မရွိေသးေၾကာင္း၊ သို ့ေသာ္ဝန္ထမ္းမ်ားအနက္မွ ၂၇ ဦးကို အာေခါင္၊ ႏွာေခါင္းတို ့ဖတ္နမူမ်ား ရယူကာ ဓါတ္ခြဲစမ္းသပ္ရန္ေပးပို ့ထားေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ Case-79၊ 92၊ 93 တို ့မွ ဆင့္ပြားကူးစက္သြားသည့္ Covid -19 လူနာအေရအတြက္မွာ ေနာက္ထပ္ ၇ ဦးအထိ ရွိခဲ့သည္ကိုလည္း ေတြ ့ရွိရသည္။

အဆိုပါလူနာမ်ားမွာ Case-133၊ 134 ၊135 ၊136 ၊ 137၊ 138၊ 139 တို ့ျဖစ္သည္။

(Case-133) သည္ အသက္ ၄၅ ႏွစ္အရြယ္ အမ်ိဳးသား ၁ ဦးျဖစ္ၿပီး ပန္းဘဲတန္းၿမိဳ့နယ္တြင္ေနထိုင္သူျဖစ္ေၾကာင္း၊ ၎မွာ (Case-79)ႏွင့္ ထိေတြ႕မွု ရာဇဝင္ရွိသူျဖစ္ေၾကာင္း သိရသည္။

ထို ့အတူ Case-134 သည္ တာေမြၿမိဳ့နယ္ သတိပဌာန္လမ္းတြင္ ေနထိုင္သည့္ အသက္ ၃၅ ႏွစ္အရြယ္ ဟိုတယ္ဝန္ထမ္းအမ်ိဳးသားတစ္ဦးျဖစ္ျပီး Case-79၊ Case-92၊ Case-93 ႏွင့္ ထိေတြ႕မွု ရာဇဝင္ရွိသူျဖစ္ေနသည္။

Case-134 မွာ တာေမြျမိဳ ့နယ္ နတ္ေမာက္ဗလီဝင္းတြင္ေနထိုင္သူျဖစ္ျပီး အဆိုပါ ဗလီဝင္း၌ လူဦးေရ ၁၀၀၀ ေက်ာ္ ေနထိုင္သလို လူနာအမွတ္ (၈၇) (Case-87) လည္း ေနထိုင္သည့္အတြက္ ဗလီဝင္းတစ္ခုလံုးကို Lockdown ျပဳလုပ္ထားသည္။

Case-135 ႏွင့္ Case-136 မွာ ေက်ာက္တံတားၿမိဳ့နယ္ တြင္ေနထိုင္သည့္ အသက္ ၃၅ ႏွစ္ႏွင့္ ၂၅ ႏွစ္အရြယ္ရွိ အမ်ိဳးသမီးမ်ားျဖစ္ျပီး ၎တို ့၂ ဦးသည္လည္း Case-79၊ Case-92၊ Case-93 တို ့ႏွင့္ထိေတြ႕မွုရာဇဝင္ရွိဖူးသူမ်ားျဖစ္ေၾကာင္း သိရသည္။

ထို ့အတူ Case-137 ႏွင့္ Case-139 တို ့မွာ လွိုင္ၿမိဳ့နယ္တြင္ ေနထိုင္သူမ်ားျဖစ္ၿပီး Case-79 ၊ Case-93 တို ့ႏွင့္ထိေတြ႕မွုရာဇဝင္ရွိဖူးသူမ်ားျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

The Ladies News

Unicode ဖြင့်ဖတ်ပါ
★★★★★

ရန် ကုန်မြို ့ရှိ Pan Pacific ဟိုတယ်ဝန်ထမ်းများအနက်မှ Covid-19 ကူးစက်ခံထားရသည့် ဝန်ထမ်း ၇ ဦးရှိလာခဲ့ပြီး ၄င်းတို ့မှာ တရားဟောဆရာဒေးဗစ်လား၏ အင်းစိန်ဘာသာရေးအခမ်းအနားပွဲကို သွားရောက်ခဲ့သူ ဝန်ထမ်းမှ တစ်ဆင့် ကူးစက်ခံသွားရခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်မှုအရ ဧပြီ ၁၆ ရက်နေ ့တွင် ပိုးတွေ ့ရှိလူနာဖြစ်ခဲ့သည့် လူနာအမှတ် (၇၉) မှာ အတည်ပြုလူနာများနှင့် ထိတွေ ့မှု မရှိခဲ့သလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိသည့် ရန်ကုန်မြို ့ဗဟန်းမြို ့နယ်တွင် နေထိုင်သည့် အသက် ၄၃ နှစ်အရွယ်အမျိုးသား တစ်ဦးဖြစ်ကြောင်း ပါရှိခဲ့သည်။

နောက်ပိုင်းတွင်မူ အဆိုပါ လူနာအမှတ် (၇၉) မှာ Pan Pacific ဟိုတယ်မှ Bar ဝန်ထမ်းတစ်ဦးဖြစ်နေသလို တရားဟောဆရာ ဒေးဗစ်လား၏ အင်းစိန်ဘာသာရေး တရားပွဲသို ့သွားရောက်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရခြင်းဖြစ်သည်။

Pan Pacific ဟိုတယ်နှင့် Park Royal ဟိုတယ်တို ့မှာ ဟိုတယ်လုပ်ငန်းတစ်ခုတည်းအောက်တွင် ရှိနေပြီး ရန်ကုန်ရှိ Park Royal ဟိုတယ်မှ ဝန်ထမ်းတစ်ဦးတွင် Covid-19 တွေ ့ရှိခဲ့သည့်အတွက် Park Royal ဟိုတယ်ကို Lockdown ပြုလုပ်ထားသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ လူနာအမှတ် (၇၉) နှင့် ဆက်နွယ်ကူးစက်လာသည့်ဖြစ်စဉ်များ၊ ပိုးတွေ ့ရှိ လူနာများ၏ အခြေအနေကို သိရှိခဲ့ရခြင်းဖြစ်သည်။

“ဧပြီ ၉ ရက်နေ ့ကစပြီး Pan Pacific ဟိုတယ်က ဝန်ထမ်းတွေ အိမ်မပြန်ရတော့ဘူး။ ဟိုတယ်မှာပဲနေခိုင်းပြီး အလုပ်ဆင်းခိုင်းတယ်။ ဝန်ထမ်းတွေကို Temperature တွေ စစ်တယ်။ ဟိုသွားလား၊ ဒီသွားလား၊ ဘယ်တွေသွားခဲ့လည်းဆိုတာတွေ မေးတယ်”

“အဲ့ဒီနောက်မှာ လူနာအမှတ်-၇၉ (Case-79) ဖြစ်လာမယ့်သူရယ်၊ Case-92, Case-93 ဖြစ်လာမယ့်သူတွေကို အိပ်ခန်းတစ်ခန်းမှာ အတူထားလိုက်တယ်”

“Case-79 ဖြစ်လာမယ့် လူနာက ဒေးဗစ်လားရဲ ့အင်းစိန်ဘာသာရေးပွဲကိုတက်ခဲ့တယ်။ ဒါပေမဲ့ ဝန်မခံဘူး။ ထုတ် မပြောဘူး။ မပြောတော့ Case-92 နဲ့ Case-93 ကိုကူးသွားရော” ဟု အဆိုပါဟိုတယ်များနှင့် နီးစပ်သူတစ်ဦးက ယနေ ့ဧပြီ ၂၅ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုကဲ့သို ့တစ်ခန်းတည်းအတူနေထိုင်ရာမှ ၃ ရက်ခန် ့ အကြာတွင် အဆိုပါ ၃ ဦးစလုံး နေမကောင်းဖြစ်ခဲ့ကြပြီး ဧပြီ ၁၆ နှင့် ၁၈ ရက်နေ ့များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာမှုအရ Covid-19 ရောဂါပိုးရှိသူ လူနာအမှတ်စဉ် ၇၉၊ ၉၂၊ ၉၃ တို ့အဖြစ် ပါဝင်လာကြခြင်းဖြစ်သည်။

လူနာအမှတ် (၇၉) မှ ဆင့်ပွားကူးစက်လာသည့် Covid-19 လူနာများစာရင်းတွင် အသက် ၅၃ နှစ်ရှိ အီတလီနိုင်ငံသား စားဖိုမှူး ၁ ဦးလည်း ပါဝင်နေကြောင်းသိရသည်။ အဆိုပါအီတလီနိုင်ငံသားမှာ လူနာအမှတ် (၁၃၈) ဖြစ်ပြီး Case-93 ဆီမှ ကူးစက်သွားခြင်းဖြစ်သည်။

“Case-79 ၊ 92၊ 93 တို ့ရဲ ့အလုပ်အကိုင်က Pan Pacific ဆိုတော့ ဟိုတယ်ကို Lock down လုပ်၊ ထိတွေ့သူစာရင်းလုပ်ပြီး စစ်ဆေးတာ Positive ၄ ယောက် ထပ်တွေ့တယ်။ အီတလီနိုင်ငံသား အပါအဝင်အထိ Pan Pacific ဟိုတယ် ဝန် ထမ်း ၇ ဦးက Positive ပေါ့”

“အီတလီနိုင်ငံသားက Case-138 ပါ ။ သူ ့ရဲ ့ရာထူးက အစားအသောက်နဲ ့မီးဖိုဆောင်တာဝန်ခံပေါ့။ Pan Pacific နဲ ့ Park Royal က ဟိုတယ် တစ်အုပ်စုတည်းဆိုပေမယ့် ၂ ခုလုံးကိုကိုင်ရတာမဟုတ်ဘူး။” ဟု အဆိုပါ ဟိုတယ်များနှင့်နီးစပ်သူက ပြောသည်။

ရန်ကုန်မြို ့ရှိ Park Royal ဟိုတယ်ကို Lockdown ပြုလုပ်ထားခြင်းနှင့် ပတ်သက်၍လည်း ၄င်းက ယခုကဲ့သို ့ ရှင်းပြသည်။

“လူနာအမှတ် (၁၃၈) အီတလီစားဖိုမှူးက နေတော့ Park Royal Yangon မှာနေတယ်။ အလုပ်ဆင်းတော့ Pan Pacific မှာဆင်းတယ်။ အဲ့ဒီမှာ ရုံးထိုင်တယ်။ နေတဲ့ လိပ်စာကြောင့် Park Royal လည်း Lockdown ပြုလုပ်ခံရတာပါ” ဟု ပြောကြားသည်။

လက်ရှိအချိန်အထိ Pan Pacific ဟိုတယ်တွင် လူနာအမှတ် (၇၉) အပါအဝင် ၄င်းမှ စတင်ပြန် ့ပွားကူးစက်ခဲ့သည့် ဟိုတယ်ဝန်ထမ်းစုစုပေါင်း ၇ ဦးရှိကြောင်းလည်း သိရသည်။

Park Royal Yangon ဟိုတယ်တွင်မူ လက်ရှိအချိန် အထိ Covid-19 တွေ ့ရှိထားသည့် ဟိုတယ်ဝန်ထမ်းများ မရှိသေးကြောင်း၊ သို ့သော်ဝန်ထမ်းများအနက်မှ ၂၇ ဦးကို အာခေါင်၊ နှာခေါင်းတို ့ဖတ်နမူများ ရယူကာ ဓါတ်ခွဲစမ်းသပ်ရန်ပေးပို ့ထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ Case-79၊ 92၊ 93 တို ့မှ ဆင့်ပွားကူးစက်သွားသည့် Covid -19 လူနာအရေအတွက်မှာ နောက်ထပ် ၇ ဦးအထိ ရှိခဲ့သည်ကိုလည်း တွေ ့ရှိရသည်။

အဆိုပါလူနာများမှာ Case-133၊ 134 ၊135 ၊136 ၊ 137၊ 138၊ 139 တို ့ဖြစ်သည်။

(Case-133) သည် အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ (Case-79)နှင့် ထိတွေ့မှု ရာဇဝင်ရှိသူဖြစ်ကြောင်း သိရသည်။

ထို ့အတူ Case-134 သည် တာမွေမြို့နယ် သတိပဌာန်လမ်းတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ဟိုတယ်ဝန်ထမ်းအမျိုးသားတစ်ဦးဖြစ်ပြီး Case-79၊ Case-92၊ Case-93 နှင့် ထိတွေ့မှု ရာဇဝင်ရှိသူဖြစ်နေသည်။

Case-134 မှာ တာမွေမြို ့နယ် နတ်မောက်ဗလီဝင်းတွင်နေထိုင်သူဖြစ်ပြီး အဆိုပါ ဗလီဝင်း၌ လူဦးရေ ၁၀၀၀ ကျော် နေထိုင်သလို လူနာအမှတ် (၈၇) (Case-87) လည်း နေထိုင်သည့်အတွက် ဗလီဝင်းတစ်ခုလုံးကို Lockdown ပြုလုပ်ထားသည်။

Case-135 နှင့် Case-136 မှာ ကျောက်တံတားမြို့နယ် တွင်နေထိုင်သည့် အသက် ၃၅ နှစ်နှင့် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးများဖြစ်ပြီး ၎င်းတို ့၂ ဦးသည်လည်း Case-79၊ Case-92၊ Case-93 တို ့နှင့်ထိတွေ့မှုရာဇဝင်ရှိဖူးသူများဖြစ်ကြောင်း သိရသည်။

ထို ့အတူ Case-137 နှင့် Case-139 တို ့မှာ လှိုင်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး Case-79 ၊ Case-93 တို ့နှင့်ထိတွေ့မှုရာဇဝင်ရှိဖူးသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Ladies News