Health
* မိန်းကလေးများ အတွက် အဖြူဆင်းခြင်း အတွက် မြန်မာ့တိုင်းရင်းဆေး
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
အသုံးပြုပုံ
★★★
★★★★★★★
★★★★★★★★★★
စေပါသည်။
မှတ်ချက်
Family : Malvaceae
ဆေးဖက်ဝင်မှု
တို့ကိုပျောက်၏။
ပျောက်၏။
ကလေးများသန်ကျ၏။
ကောင်းသည်။
ကိုပျောက်စေ၏။အမြစ်သတ္ထုရည်သည် အနာ
မွန်သောဖန်ဆေးဖြစ်၏။
တို့ပျောက်၏။
သက်​နိုင်​ဦး
မုံရွာတက္ကသိုလ်
9.11.2018
Unicode ဖြင့်ဖတ်ပါ
★★★★★
ဒီ ဆေးပင် လေးကို ဧရာဝတီတိုင်း ဟင်္သာတနယ် မှာတော့တံမြက်စည်းပင် လို့အရပ်ခေါ် ခေါ်ကြပါတယ်။ ဆေးပညာအခေါ်အရရွှေတံတိုင်းပင်/ ဝက်ချေးပနဲပင်လို့ခေါ်ဝေါ်ထားတာကိုတွေ့ရပါတယ်။
အသုံးပြုပုံ
★★★
★★★★★★★
★★★★★★★★★★
အစာအိမ် အောင့်ခြင်း မီးဖွား ရာမှ အချင်းမကျပဲ အချင်းပုပ်၍ ဝေဒနာ ခံစားနေရခြင်းသွေးတိုးခြင်း လေငန်းဖြတ်ခြင်းတို့ဖြစ်လျင် ပဉ္စငါးပါး ကျိုသောက်ပေးခြင်းဖြင့်သက်သာပျောက်ကင်း
စေပါသည်။
မှတ်ချက်
သွေးပေါင်ကျ တတ်သူများအနေနဲ့ များစွာမသောက်မိဖို့လိုပါသည်။မိန်းမသားများ အဖြူဆင်း လျင် အမြစ်ကိုဆန်ဆေးရေနဲ့သွေးသောက်ပေးပါ။
လောက်သေရွက် နှင့်ဆင်တူသောကြောင့် သတိပြုပါ အရွက်မှာအနားတွန့်လေးများပါသည် လောက်သေရွက် မှာ အတွန့်မပါချေ။
Credit: ကျော်လင်းအောင်
ရွှေတံတိုင်းပင် (တံမြက်စည်းပင်)
Sida acuta Burm.f.Fl.Ind.147.1768
Family : Malvaceae
အညာမှာတော့ တံမြက်စည်းပင်လို့သာခေါ်ပါတယ်၊ မာကြောသော အကိုင်းအခက်တွေကို စုပြီး တံမြက်စည်းတိုတို လုပ်လို့ရတယ်၊ အမြစ်ကနေ နှုတ်ယူပြီး လက်တဆုပ်စာလောက်စည်းတယ်၊ ဒါဆို တံမြက်စည်းတခုရဘီ၊ ဒီအပင်တွေမြင်ရတော့ ငယ်ဘဝကိုသတိရမိတယ်၊ မူလတန်းတုံးက ဆရာဆရာမ တွေက ကျေင်းသန့်ရှင်းရေးလုပ်ခိုင်းရင် ဒီအပင်တွေနဲ့ တပျော်တပါး တံမြက်စည်းလှဲခဲ့ရတယ်။ နောက်ပြီး ဒီအပင်လေးတွေက ပေါက်ရင် ကွင်းပြင်ထဲမှာ အစုလိုက်ပေါက်တတ်တယ် ၊ လောင်းရိပ်လည်းနဲနဲကြိုက်ပုံရတယ်၊
ဆေးဖက်ဝင်မှု
အမြစ်/အခေါက်သတ္ထုရည် (၁၀)ဆ၊ထောပတ်
တစ်ဆတို့ကိုရော၍မီးမျှင်းမျှင်းဖြင့်ချက်ပါ-လက်
ကော်ရသောအနေအထားသို့ရောက်လျှင်
မီးမှဖယ်ပြီးပျားရည်နှင့်မပျစ်မကျဲရောပါ
၎င်းဆေးလဖက်ရည်တစ်ဇွန်းကိုနံက်-ည တစ်နေ့၂ကြိမ်သောက်ပါက ကားမအားတို့၏။အသက်ရှည်၏။
အမြစ်အခေါက်ကိုခွာယူပြီအခြောက်လှန်းအမှုန့်ပြုပါ။
၎င်းအမှုန့်လဖက် ရည်ဇွန်းတစ်ဇွန်းကိုနံ-ည
တစ်နေ့၂ကြိမ်နွားနို့နှင့်သောက်ပါကဆီးလွန်
ခြင်း၊ဆီးမကြာခနသွားခြင်း၊ဆီးမထိန်းနိုင်ခြင်း
တို့ကိုပျောက်၏။
ရွှေတံတိုင်းအရွက်ကိုကျိတ်၍မျက်ခွံပေါ်တွင်
ညစဉ်ကပ်ပေးပါကအလိုအလျှောက်မျက်ရည်
ယိုခြင်း၊မျက်ရည်ပူကျခြင်းများပျောက်၏။
ရွှေတံတိုင်းအမြစ်၂ဆ၊ပဲနောက်စေ့တစ်ဆရော၍
ပြုတ်ခြင်း(သို့)ရွှေတံတိုင်း၂ဆ၊သက်ရင်းကြီးမြစ်
တစ်ဆရော၍ပြုတ်ခြင်း-တနည်းမှရသောအရည်
စားပွဲဇွန်း၅ဇွန်းကိုနံ၊ညပုံမှန်သောက်ပေးပါက
လေဖြတ်မည့်ဘေးမှကာကွယ်ပေး၏။မျက်
နှာပိုင်းလေဖြတ်၍မျက်လုံး၊ပါးစပ်များရွဲ့ခြင်း
ပျောက်၏။
အရွက်သတ္ထုရည်စားပွဲဇွန်း၁ဇွန်းတွင်သကြား
အနဲငယ်ထည့်၍အိပ်ရာဝင်ချိန်တိုက်ပေးပါက
ကလေးများသန်ကျ၏။
ရွှေတံတိုင်းပဉ္စ၅ပါးသတ္ထုရည်၁၀ဆ၊နှမ်းဆီ၁ဆရော၍မီးမျှင်းမျှင်းဖြင့်ချက်ပါ။ဆီအားသန့်စင်
ပြီးရသောဆီကိုအဆစ်ရောင်ခြင်း၊အကြောကြွက်
သားများနာခြင်း၊ဒဏ်နာများအတွက်အလွန်
ကောင်းသည်။
ရွှေတံတိုင်းပဉ္စ၅ပါးသတ္ထုရည်သည်ထိခိုက်ရှနာများ
ကိုပျောက်စေ၏။အမြစ်သတ္ထုရည်သည် အနာ
ဆွေး၊အနာဟောင်းများကိုပျောက်စေ၏။ပဉ္စ၅ပါးပြုတ်ရည်သည်အနာများအတွက်ကောင်း
မွန်သောဖန်ဆေးဖြစ်၏။
ရွှေတံတိုင်းပဉ္စ၅ပါးပြုတ်ရည်စားပွဲဇွန်း၅ဇွန်း
တွင် သကြားအနည်းငယ်ရော၍နံက်-ည
တစ်နေ့၂ကြိမ်သောက်ပါက ခန္ဓာကိုယ်အတွင်းပူခြင်း၊ရေငတ်ခြင်း၊မောပန်းခြင်း၊ကိုယ်သားကိုယ်ရည်ပူလောင်ခြင်း၊ခြောက်
သွေ့ခြင်း၊နှလုံးအားနည်းခြင်း၊အိပ်မပျော်ခြင်း
တို့ပျောက်၏။
ရွှေတံတိုင်းအမြစ် အခေါက်မှုန့်တစ်ဇွန်းတွင်
သကြားထည့်၍နံက်-ညတစ်နေ့၂ကြိမ်သောက်ပါကမီးယပ်ဖြူဆင်း
ခြင်း၊ယောနိမှမသန့်ရှင်းသည်များဆင်းခြင်း
တို့ပျောက်၏။ရွှေတံတိုင်းရွက်၊အခေါက်၊အမြစ်
တစ်မျိုးမျိုးအားကြိတ်၍ရင်သားအားအုံပေးပါက
ကလေးမိခင်များနို့တွင်အကျိတ်ဖြစ်ခြင်း၊နို့ချောင်း
ပိတ်ခြင်း၊နို့နာဖြစ်ခြင်းတို့ပျောက်၏။
အားလုံးကျန်းမာချမ်းသာကြပါစေ။
သက်နိုင်ဦး
မုံရွာတက္ကသိုလ်
9.11.2018