You are here
Home > Uncategorized > အမျိုးသားဇာတ်ပို့ဆု အတွက် စံကာတင်စာရင်းဝင်ခဲ့ကြတဲ့ အမျိုးသားအနုပညာရှင် (၅)ဦး

အမျိုးသားဇာတ်ပို့ဆု အတွက် စံကာတင်စာရင်းဝင်ခဲ့ကြတဲ့ အမျိုးသားအနုပညာရှင် (၅)ဦး

မြန်မာ့ ရုပ်ရှင်ရဲ့ ထူးချွန် ပြီးအရည်အချင်းရှိတဲ့ ရုပ်ရှင်သရုပ်ဆောင်များကို ထိုက်တန်စွာ ဂုဏ်ပြုချီုးမြှင့်တဲ့ အကယ်ဒမီဆုပေးပွဲကြီး ကတော့ မကြာခင်အချိန်အတွင်းမှာ ခမ်းနားကြီးကျယ်စွာကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ တော့ အကယ်ဒမီဆုပေးပွဲကြီး အပြင်နောက်ထပ် အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေကို ထပ်မံပေးအပ်ချီးမြှင့်မယ့် Star Awards ဆုပေးပွဲကြီးကလည်း ထပ်မံထွက်ပေါ်လာခဲ့တာကြောင့် အနုပညာလောကသားတွေ ရင်ခုန်မှုတွေကို ပြန်ပြီးတော့ မြန်ဆန်စေမယ့် နှစ်ပဲ ဖြစ်ပါတယ်။

ယခုဆိုရင် အကယ်ဒမီဆုပေးပွဲကြီးမှာ ရွေးချယ်ချီးမြှင့် ဖို့ အတွက် စံကာတင်စာရင်း ဝင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ အခြားကျန်ရှိနေတဲ့ ဆုများအတွက် စံကာတင်စာရင်းတွေကိုလည်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အမျိုးသားဇာတ်ပိုဆု အတွက် အပြိုင်အဆိုင်ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသား (၅)ယောက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ မင်းသားတွေကတော့

နောင်တွင် ဥဒါန်းတည်စေသတည်း ဇာတ်ကားကြီနဲ့ ပရိသတ်တွေရဲ့ ဟာသလူရွှင်တော်ကြီး ဖြစ်တဲ့
ဝါရင့်သရုပ်ဆောင် ဦးမိုးဒီ၊

ဥပါယ်တံမျဉ် ဇာတ်ကားကြီး ပွဲဦးထွက်အောင်မြင့်လာတဲ့
အောင်ြမင့်မြတ်၊

ငါ့ကို နမ်းတဲ့ မုန်တိုင်းဇာတ်ကားကြီးနဲ့
အဆိုတော် တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်၊

ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာသိမ်းပိုက်နိုင်ခဲ့တဲ့ မုန်းစွဲ ဇာတ်ကားကြီးမှ
ကျော်ကျော်ဗို နဲ့ လူ့လောကထဲမှ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ မင်းသွေးတို့ (၅) ယောက်က စံကာတင်စာရင်းထဲကို ဝင်ခဲ့ကြတာဖြစ်ပါတယ်။

Source: အကယ်ဒမီဆုချီးမြင့်ပွဲ

နောင်တွင် ဥဒါန်းတည်စေသတည်း ရုပ်ရှင်ဇာတ်ကားကြီး နမူနာ ရုပ်သံ

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး နမူနာ ရုပ်သံ

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး နမူနာ ရုပ်သံ

Top
//thaudray.com/4/3018672