You are here
Home > အနုပညာ > အသက်တွေကြီးလာလို့ အိမ်ထောင်ပြုဖို့စဉ်းစားနေပြီလို့ ပြောလာတဲ့ အဆိုတော် လွှမ်းပိုင်

အသက်တွေကြီးလာလို့ အိမ်ထောင်ပြုဖို့စဉ်းစားနေပြီလို့ ပြောလာတဲ့ အဆိုတော် လွှမ်းပိုင်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော်လွှမ်းပိုင်ကတော့ နှုတ်မဆက် ချင်ဘူး သီချင်းလေးနဲ့အတူ ပရိသတ်လက်ခံအားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ ဟစ်ဟော့အဆိုတော်လွှမ်းပိုင်ကို ဂီတစာဆို ဆိုတဲ့ သီချင်းလေးနဲ့လည်း မျက်မှန်း တန်း မိနေမှာဖြစ်သလို Bobby Soxer ရဲ့ ချစ်သူကောင်လေးအဖြစ်လည်း ပရိသတ်တွေ အားလုံးသိကြမှာပါ ။ အဆိုတော်လွှမ်းပိုင် ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ရက်မြတ်လေး မှာအိမ်ထောင်ပြုဖို့စဉ်းစားနေပြီဆိုတဲ့အကြောင့်ပြောပြလာတာ ပဲဖြစ်ပါတယ် ။

အသက်တွေကကြီးလာမှာဖြစ်ပြီး ရပ်နေမှာမဟုတ်တဲ့အတွက် အိမ်ထောင်ပြုဖို့ နီးစပ်လာပြီ ဖြစ်သလို လူ့တာဝန်တွေဖြစ်တဲ့ အိမ်ထောင်ပြုတဲ့အလုပ်ကို လုပ်ရတော့ မှာ ဖြစ်တယ်လို့ ပြောလာခဲ့ပါပြီ ။ အိမ်ထောင်ပြုဖို့ကနီးလာပြီ ဖြစ်ပေမယ့် ဘယ်နေ့ ဘယ်ရက်ဆိုတာတော့ မသေချာသေးပါဘူးလို့ ပြောပြခဲ့ပါတယ် ။ အခုအသက်နဲ့ သိပ်မဝေးတဲ့ အသက်ရွယ်တစ်ခုမှာ အိမ်ထောင်ပြုဖြစ်မှာဖြစ်ပြီး ကလေးတွေ ဘာတွေ လည်း ယူဦးမှာဆိုတော့ သိပ်လည်း အချိန်ဆွဲလို့မကောင်းဘူးလို့ မီဒီယာတွေကိုဖြေဆိုခဲ့ပါတယ် ။

လွှမ်းပိုင်တို့ ချစ်သူနှစ်ဦးကလဲ ချစ်သူသက်တမ်း (၁၀)နှစ်နီးပါးရှိတော့မှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် လွှမ်းပိုင်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ လွှမ်းပိုင်တို့ချစ်သူနှစ်ဦးကိုချစ်ရင် Share ပေးခဲ့ကြပါဦးနော်။

Video ကြည့်ရန်

Source : MC

Share From swelsonenews

Top
//mordoops.com/4/3018672