Like&Shareပေးကြပါ.
တနင်္ဂနွေ
အဟောအပြောလုပ်ငန်း ၊ အဓိဌာန်ုလုပ်ငန်း ၊ အဆောက်အဦးနှင့် ပတ်သက်သောလုပ်ငန်းများ ၊ ဟိုတယ်နှင့်ခ၇ီးသွားလုပ်ငန်းများ ၊ လူမျိုးခြားနဲ့ပတ်သက်သောလုပ်ငန်းများ နိုင်ငံခြားနဲ့ပတ်သက်သော
အိမ်ထောင်ရှင် များ ကိုယ့် ယောက်ျား စန်းပွင့်တတ်ပါသည်။
တနင်္လာ သားသမီးများ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ရာဟု
ကြာသပတေးသားသမီးများ
ကြာသပတေး
သောကြာ
စနေ သားသမီးများအတွက်
စနေ
••••••••••••••••••••••••••••••••••••••••••••••
Unicodeဖြင့်ဖတ်ရန်
★★★
1.3.2019မှ 31.3.2019ထိ မိတ်ဆွေများအားလုံးအတွက်
ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော်
#ပုံကိုတစ်ချက်ထောက်ပြီးဖတ်ကြည့်လိုက်ပါ
သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင်
Like&Shareပေးကြပါ.
2019နှစ်အတွက် မိမိကံကြမ္မာအဆိုးအကောင်းကို ဆရာမင်းသုခထံ
ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သည်။
ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတစ်လုံးတစ်ဝပြည့်စုံကြပါစေ ကံဇာတာအညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေ
အဟောအပြောလုပ်ငန်း ၊ အဓိဌာန်ုလုပ်ငန်း ၊ အဆောက်အဦးနှင့် ပတ်သက်သောလုပ်ငန်းများ ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ၊ လူမျိုးခြားနဲ့ပတ်သက်သောလုပ်ငန်းများ နိုင်ငံခြားနဲ့ပတ်သက်သော
လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း၇ှိပါသည်။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း တို့ လုပ်ရတတ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ မထင်မှတ်ပဲ ခရီးထွက်ရတတ်သည် ကောင်းသော ခရီးဖြစ်တတ်ပါသည်။ ရပ်ဝေးခရီး ဘုရားဖူးခရီး သွားရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။
ငွေကြေး ကိစ္စ များ ညံ့နေတတ်ပါသည်။ အကြွေးမ၇ဖြစ်တတ်
ကိန်းရှိပါသည်။ ချစ်သူသမီးရည်းစားများ အချစ်ရေး မှာ ကံမကောင်းသေးသောကာလဖြစ်ပါသည်။
ကြာသပတေး ၊ တနင်္ဂနွေ ချစ်သူရှိသူများ (သို့) အမည်တွင် အ ပဖဘမ အက္ခရာနဲ့စသူများနှင့်ချစ်သူဖြစ်ပါက အဆင်မပြေဖြစ်ပြီး
ပြတ်သွားတတ်ပါသည်။ မပြတ်ဘူးဆိုလျှင် တစ်ယောက်တစ်နယ်နေတတ်ပါသည်။
အိမ်ထောင်ရှင် များ ကိုယ့် ယောကျ်ား စန်းပွင့်တတ်ပါသည်။
တစ်ချို့ဆို သိသိကြီးနဲ့ မသိသလို နေ လိုက်ရသည့်ကာလမျိုး လည်းဖြစ်ပါသည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။
ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
မြေကို အကြောင်းပြု၍ စိတ်ညစ်ရကိန်းရှိ၍ မြေဝယ်မည်ဆိုလျှင် သတိထားသင့်ပါသည်။ မြောက်ဘက်လှည့်/ အနောက်ဘက်လှည့်
မြေဆိုလျှင် လုံး၀ မဝယ်သင့်ပါ ။ မြေရောင်းမည့်သူများကတော့
မေးမေးပြီးမှ ပျက်ပျက်နေတတ်ပါသည် ။
မြေစောင့်နတ်အား အမွေးတိုင် ၃၆ တိုင်ပူဇော်ပြီး ဆုတောင်းလိုက်ပါ .. အဆင်ပြေ မည် ။
ဘုရာဆင်းတုတော် ၊ ရဟန္တာပုံတော်များ ကြွလာလျှင် ၆ အစ ၄ အဆုံး ၊ ၆ အစ ၃ အဆုံး ထီဂဏန်းကို ထိုးပေးပါ။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ သို့သော် အတိုက် အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ
လုပ်ငန်းအကြီးအကဲ / ဆွေမျိုးသားခြင်းတို့ကြောင့် စိတ်ညစ်ရတတ်သည်။
အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ယတြာ = အင်္ကျီ အဟောင်း(1)ထည်ကို မနက် (6)နာရီတွင် အနောက်ဘက်အရပ်၌ စွန့်ပစ်လိုက်ပါ အိမ်ဘုရားမှာ ထောပတ်ဆီမီးခွက်(10)ခွက်ကိုထွန်းညှိပူဇော်ပေးပါ၊၊
တနင်္လာ သားသမီးများ
တနင်္လာ
ယခုလသည် စီးပွားသိသိသာသာ တိုးတက်စေတတ်သော မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်ပါသည်။ ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
အထူးသတိပြုရန် – ကျန်းမာရေး ဂရုစိုက်ပေးပါ။ တုတ်ကွေး ၊ အစာအိမ် ၊ လေးဘက်နာ ဖြစ်လို့ ဆေးခန်း ပြရတတ်ပါသည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် အတွက် စိတ်ညစ်ရတတ်သည်။ မထင်မှတ်ပဲ အမှုအခင်း ပြဿနာ နဲ့ ကြုံတွေ့၇တတ်ပါတယ်။
ဒီလ စနေနေ့ ဗုဒ္ဒဟူးနေ့များတွင် နာရေး အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နောက် အိမ်ထောင်ထောင်၇ှိသူများ မိမိသောလည်းကောင်း/ အိမ်ထောင်ဘက်သော လည်းကောင်း စန်းပွင့်ကိန်းရှိပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မိသားစု အကြီးကဲနှင့် စကားပြောရကိန်းရှိပါသည်။ သမီးရည်းစားများ အချစ်ရေး ကံကောင်းနေတတ်ပါသည်။ မကြာခဏ စကားပြောအဆင်မပြေသည်ကလွဲပြီး ကံကောင်းတတ်ပါသည်။
ဖြတ်သွားသောသူများပြန်လာကိန်းလည်းရှိသော ကာလဖြစ်ပါသည်။ ကျန်းမာရေး အနေနဲ့ကတော့ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ အမျိုးသား စန်းပွင့် ကိန်းရှိလို့ သတိထားပါ။
ယတြာ = တနင်္လာဂြိုဟ်ဒေါင့်ဘုရားတွင် ကံ့ကော်ညွန့်(15)ညွန့်, ဖယောင်းတိုင်(15)တိုင် အမွှေးတိုင်(15)တိုင်၊
ချိုချဉ်(သကြားလုံး) (15)လုံး၊ လှူပေးလိုက်ပါ။
အင်္ဂါ သားသမီးများအတွက်
အင်္ဂါ
ဤလအတွင်း၌ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ အဲလို ကြွလာလျှင် ၄ အစ ၂ အဆုံး ၊ ၂ အစ ၄ အဆုံးထီထိုးပေးပါ။ ဤကာလအတွင်း၌ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
လူငယ်များ ချစ်သူ အဟောင်းနဲ့ ပြတ်ပြီး အသစ်တွေ့တတ်ပါသည်။ တနင်္ဂနွေ ၊ အင်္ဂါ သားသမီးကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါသည်။ အထူးသတိပြုရန် မှာ အိမ်ထောင်ရှိသူမျာ စန်းပွင့်တတ်ပါသည်။ အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ အိမ်ထောင်ရှိသူများ
ပဖဘမ သဟ အမည်ပါသော အမျိုးသမီးတစ်ဦးနဲ့ စန်းပွင့်ကိန်းရှိပါသည်။ အဲဒီလို စန်းပွင့်တာကို
လူမိ မည့် ၊ မိန်းမသိသွားမည့် လ လည်းဖြစ်ပါသည်။ ( လူတစ်ချို့တွင်သာ၊ လူတိုင်း မဆိုလိုပါ )
အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ ဆွေမျိုးသားချင်း ကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ။ ကျန်းမာရေးကတော့ မျက်စိ အားနည်းခြင်း ၊ သွားဒုက္ခပေး
ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရ စကားပြောရ
ကိန်းလည်း ရှိပါသည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။ ဒီလ ကိုယ်ကျင့်တရားကု ိဂရုစိုက်ပါလေ ။
ယတြာ = အင်္ဂါနေ့ မနက် 5နာရီတွင် ဘုရားစဉ်၌ ပန်းအနီရောင်(19)ပွင့်၊ ဖယောင်းတိုင်(19)တိုင်၊ အမွှေးတိုင်(19)တိုင်၊ ထွန်းညှိပူဇော်ပေးပါ၊၊
ဗုဒ္ဓဟူး သားသမီးများအတွက်
ဗုဒ္ဓဟူး
ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေဝင်တတ်သည်။ ဤလအတွင်း အစစအရာရာ သတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ စက်ပစ္စည်းနဲ့ထိမိခိုက်မိဖြစ်တတ်ပါသည်။ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်သည်။ ခြေလက် ထိခိုက်ဒဏ်ရာရ ကိန်း၇ှိပါသည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။
လုပ်ငန်းရှင်များ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း
ပေးလိမ့်မည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ဝန်ထမ်းများ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ အပြောင်းအရွှေ့ ကျမလိုလို နဲ့ ကြံ့ကြာနေတတ်ပါသည်။ အဲဒီ ကိစ္စ အဆင်ပြေရန် ဘုန်းကြီး တစ်ပါးကို ထီးလှူပေးလိုက်ပါ။ ငွေချေးခြင်း ၊ အာမခံခြင်း သတိထားပါလေ ။
ချစ်သူသမီးရည်းစားများ မိမိ ချစ်သူက အသစ်တွေ့ပြီး မိမိအားထားခဲ့တတ်သည်။ စနေ ၊ အင်္ဂါ ၊ တနင်္လာ ချစ်သူရှိသူများ သတိထားပါလေ ။
အိမ်ထောင်ရှင် ယောကျားများ အမျိုးသမီး အနှောက်အယှက်တွေ့ရတတ်ပါသည်။ ထို ကိစ္စ နဲ့ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါသည်။ ထိုသို့ဖြစ်လျှင် နို့ဆီဗူးတွင် ထိုအမျိုးသမီး အမည်ရေးပြီး ပင့်သကူး ပစ်လိုက်ပါ။ ဆွေမျိုးသားချင်းထဲမှာ ကျန်းမာရေး ညံ့တဲ့ သတင်းကြားရတတ်ပါသည်။ အဆင်မပြေဖြစ်ခဲ့သော အိမ်ထောင်ရှင်များဒီလ တွင် အဆင်ပြေသွားပါလိမ့်မည်။ စိတ်ညစ် စိတ်ရှုပ်လျှင် ခရီးထွက်လိုက်ပါ။
ခရီးထွက်ပြီး ပြန်လာလျှင် ညံ့နေတဲ့ ကံများ ကောင်းသွားတတ်ပါသည်။
ယတြာ = အိမ်ဘုရားစဉ်မှာ နွားနို့(3)ခွက်၊ ထောပတ်ဆီမီးခွက်(3)ခွက်၊ အမွှေးတိုင်(3)တိုင် ပူဇော်ပေးပါ။
ရာဟု
ဒီကာလအတွင်း မမျှော်လင့်ပဲ အဘက်ဘက်က ငွေများဝင်လာပါလ်မ့်မည်။ လာဘ်၊ လာဘ အင်မတန်ပွင့်လန်းနေမဲ့အချိန်ပါပဲ။ အလွယ်တကူ ပိုက်ဆံရမည့်ကာလဖြစ်ပါတယ်။ ဝင်ငွေကောင်းနေသလို ထွက်ငွေလည်းများလိမ့်မည်။ လုပ်ငန်းလုပ်တဲ့နေရာမှာ ရာထူးတိုးတာ ချီးမွန်းခံရခြင်းတွေကြုံမည်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပီး ချေးတာဌားတာမျိုး မလုပ်မိပါစေနဲ့။ ရစရာတွေမရနိုင် ပေးစရာရှိတာတွေမပေးနိုင်တာမျိုးနဲ့ ကြုံတွေ့တတ်ပါတယ်။
မိသားစုကိစ္စ၊ အိမ်တွင်းရေးကိစ္စတွေကြောင့် ,စိတ်ညစ်ရတတ်ပါတယ်။ သူများပြဿနာကြားထဲမဝင်မိပါစေနဲ့။ သူများပြဿနာ ကိုယ့်ပြဿနာ၊ သူများအမှု ကိုယ့်အမှုဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သာယာမှု ပျော်ရွှင်မှုတွေ ရလိမ့်မည်။ အနှောက်အယှက်တော့ ဂရုစိုက်ရပါမယ်။ ချစ်သူရည်းစားအတွဲတွေ မမျှော်လင့်ပဲ အကြောင်းအမျိုးမျိုးကြောင့်ခိုးပြေးရတာမျိုး ကြုံတွေ့တတ်သည်။ ကျန်းမာရေးမှာတော့ မျက်စိအားနည်းတာ အာရုံကြောအားနည်းတာ ပါဝါမျက်မှန်တပ်ရတာမျိုးုကြုံတွေ့မည်။
ယတြာ – အိမ်ဘုရားတွင် ဘရာကြော် ၃ခု နွားနို့(၃)ခွက် ပန်းသီး (၃)လုံး လှူပေးပါ။
ကြာသပတေးသားသမီးများ
ကြာသပတေး
အလှူအတန်းများ လုပ်ခြင်းဖြင့် ကံကောင်းစေသော ကာလဖြစ် ပါသည်။ နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်း ၊ အထည်လုပ်ငန်း ၊ တွင်းထွက်လုပ်ငန်း ၊ ဓါတ်ဆီ ၊ ဒီဇယ်လုပ်ငန်း ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းများ အောင်မြင် ကိန်းရှိသော ကာလဖြစ်ပါသည်။ ကားလုပ်ငန်း ၊ ခြံလုပ်ငန်း ၊ ကွန်ပျူတာ လုပ်ငန်း ၊ ဓါတ်ပုံ ကင်မရာလုပ်ငန်းများလည်း အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။ မိမိ၏ အလုပ်မှရစရာ ရှိသော ငွေများ
ပြန်ရမည့် ကာလလည်းဖြစ်ပါသည်။
ထီကံကောင်းသော ကာလဖြစ်ပါသည်။ စနေနေံအက္ခရာနဲ့ ၇ / ၂ ဂဏန်းများများပါတာကို ထိုးပေးပါ။ ဤကာလမျိူး၌ မိမိလုပ်ငန်းများကို
အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။
မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ သားသမီး မြေး ကျန်းမာရေး ညံ့ခြင်း ၊ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများ ကျန်းမာရေး ညံ့တတ်သည်။
လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများက
ိုအကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
ရွှေထွက်ခြင်း၊ ရွှေလက်စွတ် ထွက်ရခြင်းများ ကြုံရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ ကြုံရတတ်သည်။
နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ သွေးတိုး ၊ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများလည်း ကြုံရတတ်သည်။အချစ်ရေးကိစ္စ ကတော့ တနင်္ဂနွေ ၊ ကြာသပတေး ၊ ဗုဒ္ဒဟူး ချစ်သူရှိလျှင် အဆင်မပြေဖြစ်မည်။
ယတြာ = မိမိအိမ်ဘုရားစဉ်၌ အောသပြေ(11)ညွန့်၊ ဖယောင်းတိုင်(11)တိုင်၊ အမွေးတိုင်(11)တိုင်၊ အသီး(11)ကပ်လှူပူဇော်ပေးပါ။
သောကြာ သားသမီးများအတွက်
သောကြာ
မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွား ရတတ်သည်။
နိုင်ငံခြားခရီးလည်း ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊
နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက်
ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက် လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။
ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။
ကျန်းမာရေး ညံ့လိမ့်မည်။ ဦးခေါင်း ၊ နှလုံး ၊ သွေးတိုး၊ ခါး နာ စသည့် ဒုက္ခပေးတတ်သည်။
မထင်မှတ်ပဲ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျန်းမာရေး ဂရုစိုက်ပါ။
ချစ်သူသမီးရည်းစားများ တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ သားသမီး ချစ်သူရှိလျှင် အဆင်မပြေဖြစ်ရာကနေပြတ်သွားမည့် ကိန်းရှိပါတယ်။
အချစ်ရေးအတွက် စိတ်ရှုပ် စိတ်ထိခိုက်ရမည့် ကာလလည်းဖြစ်ပါသည်။
အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ အိမ်ထောင်ရှိသူများ သောကြာသမီး အနှောက်အယှက်ဖြစ်တတ်ပါသည်။
မိမိ မိသားစု အပေါ် သစ္စာ ရှိပါလေ ။
ယတြာ = တနင်္လာဂြိုဟ်နံဘုရားမှာ ကံ့ကော်ညွန့်(15)ညွန့်၊ ဖယောင်းတိုင်(15)တိုင်၊ အမွှေးတိုင်(15)တိုင်၊ သင်္ဘောသီး(1)လုံး ကပ်လှူပူဇော်ပေးပါ။
စနေ သားသမီးများအတွက်
စနေ
ဤလအတွင်း ဖုန်း/ စက်ပစ္စည်းများ ဝင်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ
ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။
ရပ်ဝေးက ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ မထင်မှတ်ပဲ ခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်ကိန်းရှိလို့ ဒီကာလ မှာ ရွှေမဝယ်သင့်သေးပါ။ ခြေ၊ လက် မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ အမည်တွင် ပဖဖဘမ ကခင ပါသူများကို ငွေမချေးပါနဲ့ အာမ မခံနဲ့ ။ အကြွေးတောင်းရခက်နေတတ်ပါသည်။ မိတ်ဆွေအပေါင်းအသင်း ငွေပေးငွေယူသတိထားပါ။
ချစ်သူ သမီးရည်းစားများ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
ချစ်သူကို အလိုလိုက်မိလျှင် မထင်မှတ်သော ပြဿနာ တက်လို့
စိတ်ဆင်းရဲ ရတတ်ပါသည်။ စနေ ၊ ကြာသပတေး၊ တနင်္ဂနွေ
ချစ်သူရှိသူများ/ အမည်တွင် တထဒဓန ပဖဘမ အ အက္ခရာနဲ့
စသောချစ်သူရှိလျှင် ၎င်းနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲရတတ်ပါသည်။ စားပြီးနားမလည် ချစ်သူမျိုးနဲ့ တွေ့တတ်သည်။ သတိထားပါလေ ။
အိမ်ထောင်ရှင်များ အိမ်ထောင်ဘက်၏ ဂရုစိုက်မှုကို မခံရသော ကာလဖြစ်ပါသည်။ အိမ်ထောင်ဘက်အပေါ်အားမလို
အားမရ အလိုမကျ ဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရှင်များ (မကာကွယ်ထားလျှင်) ဒီကာလမှာ ကိုယ်ဝန် ရ ကိန်းရှိတတ်ပါသည်။
ရခဲ့လျှင် မိန်းကလေး မွေးမည် ။ ဒီကာလတွင် မြေကိစ္စ ၊ အိမ်ခြံကိစ္စ ၊ အမွေကိစ္စ စကားပြောရတတ်ပါသည်။ မြေကိစ္စ အမှု အခင်းဖြစ်ကိန်း
လည်း ရှိပါသည်။ သတိထားပါ။ ကျန်းမာရေးကတော့ ဗိုက်အောင့်
ဗိုက်နာ ၊ ကျောအောင့်ခြင်း အကြောတက်ခြင်း၊ နှလုံးသွေးကြောကျဉ်း တို့ဖြစ်တတ်ပါသည်။
ယတြာ = မိမိ၏ မွေးနေ့တွင် ဘုရားမှာ ရွှေဆိုင်းကပ်ပေးပါ။ ဗုဒ္ဓဟူး သားသမီးတစ်ယောက်နှင့်အတူ ထီကံစမ်းပေးပါ။
မိမိကံဇာတာနှင့် အချစ်ရေး/ အိမ်ထောင်ရေးမေးမြန်ချင်သူများ
••••••••••••••••••••••••••••••••••••••••••••••
ဆရာမင်းသုခ 09-440243656