You are here
Home > အနုပညာ > ညသန်းခေါင်ကနေ မိုးလင်းပေါက်ထိ ရုပ်ရှင်ရိုက်ဖို့ ရှုတင်ကို အပြေးအလွှားလာရင်း Live လွှင့်ခဲ့တဲ့ အူဝဲ (ရုပ်သံ)
( For Zawgyi )
Rowena
( For Unicode )
ညသန်းခေါင်ကနေ မိုးလင်းပေါက်ထိ ရုပ်ရှင်ရိုက်ဖို့ ရှုတင်ကို အပြေးအလွှားလာရင်း Live လွှင့်ခဲ့တဲ့ အူဝဲ(ရုပ်သံ)
ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က ဆယ်စုနှစ် တစ်စုကျော်စာ အနုပညာလောကမှာ အောင်အောင်မြင်မြင် ရပ်တည်နေနိုင်သူ တစ်ဦးပါ ။ သူမရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ကျရာ ဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါ အတိအကျ နှစ်ပြီး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကတောင် အားပေးချစ်ခင်ကြပါတယ် ။ အဲ့လို အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကြောင့် အိန္ဒြာကျော်ဇင်က အကယ်ဒမီ ဆုကြီးတွေကိုလဲ လက်ဝယ် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။
မတ်လ(၁)ရက်နေ့မှာတော့ အိန္ဒြာကျော်ဇင်က “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” Press Show ပွဲကို တက်ရောက်ခဲ့ပါတယ် ။ ထိုပွဲကနေအပြန် သူမရဲ့ နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “လရဲ့အောက်ဖက် မိုင်အဝေးမှာ” ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ရှုတင်ကို အပြေးလေးသွားရင်း Live လွှင့်ခဲ့ပါတယ် ။
အနုပညာရှင်ဆိုတာ အမြင်အရ ကြော့ကြော့လေး နေရတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တော့ အားလပ်ချိန်ဆိုတာ မရှိလောက်အောင် ပင်ပန် းခက်ခဲလွန်းပါတယ် ။
အလုပ်တွေ မရပ်မနားလုပ်နေရတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်(ရုပ်သံ)
ပရိသတ်ချစ်တဲ့ မင်းသမီးချေ အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးကလဲ အိန္ဒြာကျော်ဇင်ကို အခုထက်ပိုပြီး ချစ်ပေး အားပေးကြဦးနော် ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ် ။
Rowena
Source: Eaindra Kyaw Zin’s fb
Top
//whulsaux.com/4/3018672