အႏုပညာအလုပ္က အရမ္းပင္ပန္းလုိ႔ ညီမေလး ကုိ မလုပ္ေစခ်င္ဘူးဆိုတဲ့ ေနရဲ

ျမန္မာနုိင္ငံရဲ႕ဒိတ္ဒိတ္ၾကဲေအာင္ျမင္ေနတဲ့ဟာသလူရႊင္ေတာ္ခင္လိႈင္ကေတာ့ပရိသတ္ေတြကိုအျမဲတမ္းရယ္ေမာေပ်ာ္ရႊင္ရေအာင္ ဟာသေတြ နဲ႕ေဖ်ာ္ေျဖေနတဲ့ ၀ါရင့္ ဟာသအနုပညာရွင္တစ္ေယာက္ပါ ။ အႏုပညာဘက္မွာလည္း ေအာင္ျမင္သလို မိသားစုမွာလည္းဦးစီးဦးေဆာင္လုပ္နိုင္တဲ့ဖခင္ေကာင္းတစ္ေယာက္ပါ။ခင္လိႈင္ရဲ႕အႏုပညာအေမြကိုဆက္ခံမယ့္တစ္ဦးတည္းေသာ သူကေတာ့ သားျဖစ္သူေနရဲပါ ။

ေနရဲကေတာ့လက္ရွိမွာရုပ္ရွင္ကားၾကီးေတြရိုက္ကူးခဲ့သလိုတျခားဇာတ္လမ္းေတြကိုလည္းရိုက္ကူးေနတဲ့မင္းသားတစ္လက္ပါ။အကယ္ဒမီေရႊၾကိဳအျဖစ္ပါ၀င္ခြင့္ရတဲ့ညီမေလးသဇင္ထူးျမင့္ကိုေတာ့အႏုပညာအလုပ္ေတြမလုပ္ေစခ်င္ဘူးလို႕ဆုိပါတယ္ ။ အနုပညာအလုပ္က အရမ္းပင္ပန္းသလို လက္ရွိေအာင္ျမင္ေနတဲ့မင္းသမီးေတြလညး္အမ်ားၾကီးရုန္းကန္ေနၾကရတာျဖစ္ျပီး ခရီးေ၀းေတြသြားရတာ ၊ အိုက္တင္အတြက္ ဇာတ္ရုပ္ပီျပင္ေအာင္ျပင္ဆင္ရတာေတြ၊ေပးဆပ္ရတာေတြအရမ္းမ်ားလြန္းတယ္ လုိ႕ေျပာျပခဲ့ပါတယ္။မ်က္စိေဒါက္ေထာက္ၾကည္႕ခံရတဲ့လူတစ္ေယာက္ျဖစ္သြားတဲ့အခါမွာအမွားတစ္ခုလုပ္မိရင္ကိုယ္႕အားနည္းခ်က္ေတြ လူပိုသိေစတယ္လုိ႕လည္း ေျပာခဲ့ပါေသးတယ္ ။

ညီမေလးကိုလူေတြကမေကာငး္ျမင္တဲ့စိတ္ေတြနဲ႔ေျပာလာၾကမွာေတြေၾကာက္သလိုသူမအတြက္စိတ္ပင္ပန္းမွာစိုးတယ္လုိ႕ေနရဲကညီမေလးသဇင္ထူးျမင့္အေပၚထားတဲ့စိတ္ထားကိုေျပာျပလာခဲ့ပါတယ္။သဇင္ထူးျမင့္ကလည္းအရင္ကလူအရမ္းေၾကာက္တတ္ျပီး အခုမွေက်ာင္းမွာ သူငယ္ခ်င္းေတြ ဘာေတြရလာမွသာ နည္းနည္း လူၾကီးဆန္လာတာလို႕လည္း သိရပါတယ္ ။ ဒါေၾကာင့္ ညီမေလးကို စိတ္ပင္ပန္းမွာစိုးရိမ္အတြက္ မင္းသမီးမလုပ္ေစခ်င္ဘူးလို႕ မီဒီယာေတြကိုေျဖဆိုခဲ့ပါတယ္ ။

Source : MC,CRD-Cele gabar

 

UNICODE

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ဟာသ လူရွှင်တော် ခင်လှိုင်ကတော့ ပရိသတ်တွေကို အမြဲတမ်းရယ်မော ပျော်ရွှင်ရအောင် ဟာသတွေ နဲ့ဖျော်ဖြေနေတဲ့ ဝါရင့် ဟာသအနုပညာရှင်တစ်ယောက်ပါ ။ အနုပညာဘက်မှာလည်း အောင်မြင်သလို မိသားစုမှာလည်း ဦးစီးဦးဆောင်လုပ်နိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ပါ ။ ခင်လှိုင်ရဲ့အနုပညာအမွေကို ဆက်ခံမယ့် တစ်ဦးတည်းသော သူကတော့ သားဖြစ်သူနေရဲပါ ။

နေရဲကတော့ လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေရိုက်ကူးခဲ့သလို တခြား ဇာတ်လမ်းတွေ ကိုလည်း ရိုက်ကူးနေတဲ့ မင်းသားတစ်လက်ပါ ။ အကယ်ဒမီရွှေကြို အဖြစ် ပါဝင်ခွင့်ရတဲ့ ညီမလေး သဇင်ထူးမြင့်ကိုတော့ အနုပညာအလုပ်တွေ မလု ပ်စေချင်ဘူးလို့ ဆိုပါတယ် ။ အနုပညာအလုပ်က အရမ်းပင်ပန်းသလို လက်ရှိအောင်မြင်ေ နတဲ့မင်းသမီးတွေလည်း အများကြီးရုန်းကန်နေကြရတာ ဖြစ်ပြီး ခရီးဝေးတွေသွားရတာ ၊ အိုက်တင်အတွက် ဇာတ်ရုပ်ပီပြင်အောင် ပြင်ဆင်ရတာတွေ ၊ ပေးဆပ်ရတာတွေအရမ်းများလွန်းတယ်လို့ပြောပြခဲ့ပါတယ်။မျက်စိဒေါက်ထောက်ကြည့်ခံရတဲ့လူတစ်ယောက်ဖြစ်သွားတဲ့အခါမှာ အမှားတစ်ခု လုပ်မိရင် ကိုယ့်အားနည်းချက်တွေ လူပိုသိစေတယ်လို့လည်း ပြောခဲ့ပါသေးတယ် ။

ညီမလေးကိုလူတွေကမကောင်းမြင်တဲ့စိတ်တွေနဲ့ပြောလာကြမှာတွေကြောက်သလိုသူမအတွက်စိတ်ပင်ပန်းမှာစိုးတယ်လို့နေရဲက ညီမလေးသဇင်ထူးမြင့်အပေါ် ထားတဲ့ စိတ်ထားကို ပြောပြလာခဲ့ပါတယ် ။ သဇင်ထူးမြင့်ကလည်း အရင်က လူအရမ်းကြောက်တတ်ပြီးအခုမှကျောင်းမှာသူငယ်ချင်းတွေဘာတွေရလာမှသာနည်းနည်းလူကြီးဆန်လာတာလို့လည်းသိရပါတယ်။ဒါကြောင့်ညီမလေးကိုစိတ်ပင်ပန်းမှာစိုးရိမ်အတွက်မင်းသမီးမလုပ်စေချင်ဘူးလို့မီဒီယာတွေကိုဖြေဆိုခဲ့ပါတယ် ။

Share From Global Myanmar Media