ဒီ ပန္းခၽီကားေလးေၾကာင့္ အိျႏၵာေက်ာ္ဇင္ ေရွာ့ရသြားတာ 😮 ဘာေၾကာင့္လို႔ထင္လဲ ??

ပရိသတ္ေတြအခ်စ္ကို အျပည့္အဝ ရရွိထားတဲ့ အိျႏၵာေက်ာ္ဇင္က သူ႕ရဲ႕ We Love ေတြ ေပးတဲ့ ပန္းခ်ီကားေလးေၾကာင့္ ေျပမျပတတ္ေအာင္ ပီတိေတြ ျဖစ္လို႕ေနပါတယ္။ “ကၽြန္မအခ်စ္ဆံုးေယာက်္ားသံုးေယာက္” ဇာတ္ကားနဲ႕ ပတ္သက္ၿပီး အမွတ္တရေပးခဲ့တာပါ။

Photo : အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္က We Love ေတြေပးတဲ့ ပန္းခ်ီကားေလးေၾကာင့္ ေျပာမျပတတ္ေအာင္ ပီတိေတြ ျဖစ္လို႕ေနပါတယ္။ We Love အိျႏၵာေက်ာ္ဇင္အဖြဲ႕က မတ္လ(၁) ရက္ေန႕ညက ျပဳလုပ္ခဲ့တဲ့ “ကၽြန္မအခ်စ္ဆံုးေယာက်္ားသံုးေယာက္” ရုပ္ရွင္ဇာတ္ကားအထူးျပသပြဲမွာ အိျႏၵာေက်ာ္ဇင္အတြက္ ပန္းခ်ီကား တစ္ခ်က္ လက္ေဆာင္ေပးခဲ့တာပါ။

Photo : အိျႏၵာေက်ာ္ဇင္

ပန္းခ်ီကားေလးကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ စိတ္ထဲမွာ ေဖာ္မျပတတ္တဲ့ ခံစားမႈေတြကို ရသစံုေအာင္ ခံစားလိုက္ရတယ္လို႕ အိျႏၵာေက်ာ္ဇင္က ဆုိပါတယ္။

“ဒီပန္းခ်ီကားေလးကို ျမင္လိုက္ရတဲ့အခ်ိန္မွာ စိတ္ထဲမွာ တစ္ခုခုကိုခံစားလိုက္ရသလို……

ေပ်ာ္ရႊင္တာလား၊ ဝမ္းနည္းတာလား.၊ အံ့ၾသတာလား၊ ေက်နပ္တာလား၊ အားလံုးေရာယွက္ေနတဲ့ ခံစားခ်က္လား ဘယ္လိုပဲျဖစ္ျဖစ္ ကြ်န္မကို အၿမဲတမ္းစိတ္လႈပ္ရွားမႈေတြေပးတဲ့ ကြ်န္မကိုခ်စ္ၾကတဲ့ကြ်န္မကခ်စ္ရတဲ့ Eainnies ေတြ, ခ်စ္ေသာပရိသတ္ေတြေ ပးတဲ့ အဓိပၸာယ္ေတြျပည့္ ဝေန တဲ့ ဒီပန္းခ်ီကားေလးကို ကြ်န္မအရမ္းတန္ဖိုးထားတယ္ေက်းဇူးအမ်ားႀကီး အမ်ားႀကီးတင္ပါတယ္” ဆိုၿပီး သူမရဲ႕ ေပ့ခ်္မွာ မတ္လ(၂) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္ကို ေပးတဲ့ ပန္းခ်ီကားေလးက “ကၽြန္မအခ်စ္ဆံုးေယာက္်ားသံုးေယာက္” ဇာတ္ကားထဲက ပံုရိပ္ေလးပဲ ျဖစ္ပါတယ္။ အဲ့ဒီ ရုပ္ရွင္ဇာတ္ကားႀကီးဟာလည္း မၾကာခင္မွာ ရံုတင္ျပသေတာ့မယ့္ ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ပါတယ္။ “ကၽြန္မအခ်စ္ဆံုးေယာက္်ားသံုးေယာက္”ကို ဒါရိုက္တာ ေမာင္မ်ိဳးမင္းက ရိုက္ကူးထားတာ ျဖစ္ၿပီး ရန္ေအာင္၊ ေျပတီဦး၊ မင္းဦး၊ မင္းဘုန္းျမတ္၊ မို႕မို႕ျမင့္ေအာင္၊ အိျႏၵာေက်ာ္ဇင္၊ နန္းစႏၵာလွထြန္း၊ တုိ႕က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္ဟာ သရုပ္ေဆာင္ေျပတီဦးနဲ႕ ၂၀၁၁ခုႏွစ္ ဇန္နဝါရီ ၁ရက္ေန႕မွာ လက္ထပ္ခဲ့ၿပီး ေျပသုျဒာနဲ႕ ေျပဓီရဆိုတဲ့ ရင္ေသြးေလး နွစ္ေယာက္နဲ႕ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆုိင္ထားသူ တစ္ဦးျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၆ တစ္ခုႏွစ္ထဲမွာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလံုး ရထားတဲ့ Miss ၁ ဦးျဖစ္ခဲ့ဖူးပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ဦးအျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏုိင္သူ တစ္ဦးျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့မိုးေကာင္းကင္” ရုပ္ရွင္ဇာတ္ကား၊ ၂၀၁၇ မွာ”ရင္ဘက္ထဲကဓား ” ရုပ္ရွင္ဇာတ္ကားနဲ႕ အကယ္ဒမီဆုေတြ ပိုင္ဆိုုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ပရိသတ်တွေအချစ်ကို အပြည့်အဝ ရရှိထားတဲ့ အိန္ဒြာကျော်ဇင်က သူ့ရဲ့ We Love တွေ ပေးတဲ့ ပန်းချီကားလေးကြောင့် ပြေမပြတတ်အောင် ပီတိတွေ ဖြစ်လို့နေပါတယ်။ “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” ဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရပေးခဲ့တာပါ။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်က We Love တွေပေးတဲ့ ပန်းချီကားလေးကြောင့် ပြောမပြတတ်အောင် ပီတိတွေ ဖြစ်လို့နေပါတယ်။ We Love အိန္ဒြာကျော်ဇင်အဖွဲ့က မတ်လ(၁) ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲမှာ အိန္ဒြာကျော်ဇင်အတွက် ပန်းချီကား တစ်ချက် လက်ဆောင်ပေးခဲ့တာပါ။

Photo : အိန္ဒြာကျော်ဇင်

ပန်းချီကားလေးကို မြင်လိုက်ရတဲ့ အချိန်မှာ စိတ်ထဲမှာ ဖော်မပြတတ်တဲ့ ခံစားမှုတွေကို ရသစုံအောင် ခံစားလိုက်ရတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

“ဒီပန်းချီကားလေးကို မြင်လိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ တစ်ခုခုကိုခံစားလိုက်ရသလို……

ပျော်ရွှင်တာလား၊ ဝမ်းနည်းတာလား.၊ အံ့သြတာလား၊ ကျေနပ်တာလား၊ အားလုံးရောယှက်နေတဲ့ ခံစားချက်လား ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို အမြဲတမ်းစိတ်လှုပ်ရှားမှုတွေပေးတဲ့ ကျွန်မကိုချစ်ကြတဲ့ကျွန်မကချစ်ရတဲ့ Eainnies တွေ, ချစ်သောပရိသတ်တွေေ ပးတဲ့ အဓိပ္ပာယ်တွေပြည့် ဝနေ တဲ့ ဒီပန်းချီကားလေးကို ကျွန်မအရမ်းတန်ဖိုးထားတယ်ကျေးဇူးအများကြီး အများကြီးတင်ပါတယ်” ဆိုပြီး သူမရဲ့ ပေ့ချ်မှာ မတ်လ(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ကို ပေးတဲ့ ပန်းချီကားလေးက “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်” ဇာတ်ကားထဲက ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်”ကို ဒါရိုက်တာ မောင်မျိုးမင်းက ရိုက်ကူးထားတာ ဖြစ်ပြီး ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မင်းဘုန်းမြတ်၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း၊ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ”ရင်ဘက်ထဲကဓား ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Credit: Duwun