Share ထား Save ထားသင္႔တဲ႔ လက္ေတြ႕အသံုးခ်ေဆးနည္းတိုမ်ား

ၾကည္လြင္ျမင့္(မုျဒာ)

ဆရာရွင့္၊ နႏြင္းကို ဒီအတိုင္းေသာက္လုိ႔ ရသလား ရွင့္။ နႏြင္းလံုးက ဘာေတြထည့္လံုးရပါသလဲရွင့္။ ဘယ္အခ်ိန္ေသာက္ရသလဲ။ ဘာအက်ိဳးအာနိသင္ ရိွသလဲရွင့္။

နႏြင္းမႈန္႔စစ္စစ္ (ဆန္မႈန္႔လြတ္နႏြင္း) ဝယ္ၿပီး ဒီအတိုင္းေသာက္လုိ႔ရပါတယ္။ ေကာ္ဖီဇြန္းေသး တစ္ဇြန္းေမာက္ေမာက္ ေသာက္ပါ။ နႏြင္းမႈန္႔ကို ပ်ားရည္နဲ႔လံုးၿပီးလည္း ေသာက္ၾကတယ္။ ေရြးႀကီးေစ့ေလာက္ သံုးလံုးကေန ငါးလံုးအထိ အသက္အရြယ္ ခႏၶာကိုယ္ အပိန္အဝ ခ်င့္ခ်ိန္ၿပီးေသာက္ပါ။

နႏြင္းေသာက္တာဟာ ေသြးသားသန္႔စင္ၿပီး အစာအိမ္န႔ဲအူလမ္းေၾကာင္းကိုလည္း အက်ိဳးျပဳပါတယ္။ နႏြင္းကို ဟင္းထဲမွာ ေန႔စဥ္ထည့္ခ်က္ရင္လည္း သီးျခားစားေနစရာမလုိပါလုိ႔ဆိုပါတယ္။ နႏြင္းစားတာ သူငယ္ျပန္ေရာဂါနဲ႔ ပါကင္ဆန္ေရာဂါေခၚ ေျခတုန္၊ လက္တုန္ ေရာဂါေတြကေန ကာကြယ္ေပးပါတယ္။ နႏြင္းလံုးဝမစားတဲ႔ အေနာက္ႏုိင္ငံေတြမွာ ပါကင္ဆန္ေရာဂါ ပိုၿပီးအျဖစ္မ်ားတယ္လုိ႔ ဆုိပါတယ္။ နႏြင္းနဲ႔ပ်ားရည္ကို ေလာဘႀကီးၿပီး စားလြန္းရင္ အပူမ်ားၿပီး ဆံပင္ကြၽတ္တတ္ပါတယ္။

ဆရာရွင့္၊ ကားစီးတိုင္း ေခါင္းမူးၿပီး တစ္ခါတေလ အန္တတ္ပါတယ္။ အျပင္ေလဝင္၊ ေလထြက္ေကာင္းတဲ့ကားဆိုရင္ေတာ့ မမူးပါဘူးဆရာ။ ကားမူးမွာစိုးလုိ႔ ခရီးသြားရမွာ ေၾကာက္ေနပါတယ္။ ကားစီးခါနီး ဘာစားရမယ္။ ဘာေဆးေသာက္ရမယ္ဆိုတာ ေျဖေပးပါဦး။

ကားစီးခါနီးမွာ မူးၿပီးမအန္ေအာင္ အစားအေသာက္ ကို အဝမစားပါနဲ႔။ ေရကိုလည္း မ်ားမ်ားမေသာက္ပါနဲ႔။ ခ်င္းတက္ကို ပါးပါးလွီးၿပီး ေရစိုအဝတ္နဲ႔ထုပ္ယူသြားပါ။ ပါးစပ္ထဲမွာ ငံုထားၿပီး ခ်င္းအရည္ကို တျဖည္းျဖည္း မ်ဳိ ခ်ေပးပါ။ အအန္သက္သာပါတယ္။ ေခါင္းမူးရင္ နားထင္ ႏွစ္ဖက္မွာ ခ်င္းကို ပါးပါးလွီးထားၿပီး ကပ္ထားပါ။

ဆရာခင္ဗ်ာ၊ ကြၽန္ေတာ္တို႔ကိုးကြယ္တဲ့ ဘုန္းေတာ္ႀကီးတစ္ပါးမွာ ဆြမ္းခံၾကြရင္း ခလုတ္တိုက္မိရာကေန ဘယ္ဘက္ေျခမဆစ္နာသြားပါတယ္။ ပ႐ုတ္ဆီလိမ္းတာ ေရာင္လာၿပီး ပိုနာလာပါတယ္။ အဲဒီအနာေၾကာင့္ ေျခမ်က္စိထိနာလာပါတယ္။ အထူးကုဆရာဝန္ျပတဲ့အခါ ေဂါက္ေရာဂါရိွေနတယ္လုိ႔ သိရပါတယ္။ ပဲပင္ေပါက္ေတြ ဘုဥ္းေပးမိလုိ႔ ပိုေရာင္လာတာျဖစ္တယ္လို႔ သိရတယ္။ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္ၿပီး ေန႔မွာ ေဝဒနာသက္သာေပမယ့္ ညစာဘုဥ္းမေပးရလုိ႔ ညအခါ အကိုက္အခဲေပ်ာက္ေဆးမေသာက္ပါ။ ညနက္တဲ့အခါ အေအးဒဏ္ေၾကာင့္ ပိုၿပီးကိုက္ခဲလာတယ္။ အဆစ္ေရာင္ေရာဂါေပ်ာက္ ေဆးနည္းေတြရိွရင္ ေဖာ္ျပေပးပါဆရာ။

အဆစ္ေရာင္ အကိုက္အခဲမွန္သမွ်က မွ်စ္၊ မွ်စ္ခ်ဥ္၊ ပဲပင္ေပါက္ စတာေတြနဲ႔ မတည့္ပါ။ ေလပူစာေတြ၊ အုန္း ထမင္း၊ ဒံေပါက္၊ ဒူးရင္းသီး စတာေတြနဲ႔လည္း မတည့္ပါ။ အနီေရာင္ရိွတဲ့အသား၊ ေျခေလးေခ်ာင္းသား၊ ဝမ္းတြင္းသားေတြနဲ႔လည္း မတည့္ပါ။ အဆစ္ေရာင္ ေပ်ာက္ေဆး နည္းမွာ ပိတ္ခ်င္းသီး၊ င႐ုတ္ေကာင္း၊ က့ံေကာ္ဝတ္ဆံ၊ ေဆာင္ေမခါး၊ စမုန္မ်ဳိးငါးပါး၊ သစ္ၾကံပိုး၊ ကရေဝးရြက္၊ ပန္းဥ၊ ပန္းမ ၅ က်ပ္သားစီႏွင့္ ေတာင္မ႐ိုးေခါက္ ၂၅က်ပ္သား စသည္တုိ႔ကို စုေဆာင္းၿပီး အမႈန္႔ႀကိတ္ပါ။ ရရိွတဲ့ေဆးမႈန္႔ကို ၅ က်ပ္သားခြဲၿပီး ပ်ားရည္စစ္စစ္ ၁ဝ က်ပ္သားနဲ႔ေရာေတၿပီး ျပဳလုပ္ပါ။ ဟင္းစားဇြန္း တစ္ဇြန္း တစ္ေန႔တစ္ႀကိမ္ စားႏုိင္ပါတယ္။ ေလးဖက္နာ အျမစ္ျဖတ္ေဆး၊ ေတာင္မ႐ိုးေဆးႀကီးလို႔ ေရွးေဆး က်မ္းေတြမွာ ေဖာ္ျပထားတဲ့ ေဆးေကာင္းျဖစ္ပါတယ္။

ေစာင္းလ်ားသီး ေဆးဖက္ဝင္ပံုေတြကို သိပါရေစ။

ကုန္းေဘာင္ေခတ္မွာ ျမန္မာတုိ႔ရဲ႕ အေစာဆံုး သိပၸံ ပညာရွင္လုိ႔ဆိုၾကတဲ့ ေယာၿမိဳ႕စားအတြင္းဝန္ ဦးဖိုးလႈိင္ ျပဳစုေရးသားခဲ့တဲ့ ဥတုေဘာဇနသဂၤဟက်မ္းမွာ ေစာင္း လ်ားသီးအစိမ္းသည္ ခ်ဥ္၏၊ ပူ၏၊ စပ္၏၊ ဝမ္းမီးခ်က္ၿပီး ေနာက္ပူ၏။ စပ္၏။ သည္းေျခကို ေပ်ာက္ေစတတ္၏။ ေလကိုႏုိင္၏လို႔ ဆိုထားတာကို ေတြ႕ရတယ္။ ဝမ္းမီးခ်က္ ၿပီးေနာက္ ခ်ဥ္တဲ့စပ္တဲ့ အရသာရိွတဲ့အစာဟာ ဆီးခ်ဳိေရာဂါကိုလည္းကုႏုိင္လုိ႔ စမ္းသပ္ၿပီး ဓာတ္စာအျဖစ္ ေကြၽးၾကည့္ၾကပါ။ ေက်ာက္ကပ္က ေက်ာက္က်ေစဖုိ႔ ေစာင္းလ်ားသီးအမွည့္နဲ႔ ငါးေျပမ ေရာခ်က္စားရင္ သံုးရက္စားၿပီး ေက်ာက္က်လာတာကို ေတြ႕ဖူးပါတယ္။ ဆီးခ်ဳိေရာဂါအတြက္ဆိုရင္ ေစာင္းလ်ားသီးအစိမ္းန႔ဲ ငါးအမ်ဳိးမ်ဳိး ခ်က္စားႏုိင္ပါတယ္။

ဆရာႀကီးရွင့္၊ သမီးေလးက ေျခာက္လပါ။ ဝမ္းသြား ၿပီး ကိုယ္ပူေနတယ္။ ႏုိ႔စို႔ရင္ ျပန္အန္ပါတယ္ဆရာ။ ဘာလုပ္သင့္တယ္ဆုိတာ ေက်းဇူးျပဳၿပီး ေျပာျပေပးပါ ဆရာ။

မိခင္အစားမွားရင္ အေအးပပ္ၿပီး ႏုိ႔ပူရင္ ကေလး အထက္လွန္ေအာက္ေလွ်ာျဖစ္တတ္ပါတယ္။ လက္ဖက္ ေျခာက္အဖန္ရည္ မတ္ခြက္တစ္ဝက္မွာ သၾကားဟင္းစားဇြန္းသံုးဇြန္းနဲ႔ ဆားေလွာ္ ေကာ္ဖီဇြန္းတစ္ဝက္ ေလာက္ထည့္ေဖ်ာ္ၿပီး မိခင္က ကုန္ေအာင္ေသာက္ေပး ပါ။ မိခင္ေသာက္ရင္ ႏုိ႔ကတစ္ဆင့္ ကေလးမွာ အက်ဳိးရိွ ပါတယ္။

ဆရာ မဂၤလာပါ။ သမီးက ကုပ္အေၾကာက တအား တက္ပါတယ္။ အဲဒီကေန လက္ေမာင္းနဲ႔ လက္ဆစ္ေတြအထိ ကိုက္ပါတယ္ဆရာ။ ေဆးခန္းျပေတာ့ ဇက္ က်ီးေပါင္းလုိ႔ေျပာပါတယ္။ ျမန္မာေဆးန႔ဲ ကုလုိ႔ရပါ သလား။ သမီးအသက္ ၂၅ ႏွစ္ပါ။ စာသင္တဲ့အလုပ္ လုပ္ပါတယ္။ ေျဖၾကားေပးပါရွင့္။

ဇက္က်ီးေပါင္းသက္သာေအာင္ ဦးေခါင္းကို ဘယ္ လွည့္၊ ညာလွည့္ ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးပါ။ သေဘၤာ ရြက္ကို ေပ်ာ့ေအာင္ ေရေႏြးခဏစိမ္ ဇက္မွာ ကပ္ေပးပါ။ မုန္ညင္းဆီထဲမွာ ခ်င္းတက္ေထာင္းထည့္၊ မီးနဲ႔ခ်က္ၿပီး လက္ေမာင္းနဲ႔ လက္ဆစ္ေတြကို လိမ္းေပးပါ။ သက္ရင္းႀကီးကို ဆားနဲ႔ေရာေထာင္း၊ အဝတ္နဲ႔ ၾကပ္ထုပ္ျပဳလုပ္ပါ။ ေရေႏြးေငြ႕ခံၿပီး ဇက္နဲ႔ လက္ျပင္မွာ ၾကပ္ထုပ္ထိုးေပးပါ။

ဆရာႀကီးရွင့္၊ ကြၽန္မအမ်ိဳးသားက ကြမ္းစားပါတယ္။ ျပတ္တာေတာ့ တစ္ႏွစ္ေလာက္ရိွပါၿပီ။ အခု သြားကိုက္ တာ ဆရာဝန္ျပေတာ့ ျပည္တည္လုိ႔ ေဖာက္ထုတ္ထား ရပါတယ္။ ေနာက္ထပ္ မျဖစ္ေအာင္ ေဆးနည္းေလး ေတြ ေပးပါရွင့္။

သြားဖံုးျပည္မတည္ေအာင္ အခ်ဳိေလွ်ာ့စားပါ။ အစာစားၿပီးတိုင္း ေရနဲ႔ ပလုတ္က်င္းပါ။ ပုဏၰရိတ္ပန္းပင္ရဲ႕ အရြက္၊ အ႐ိုးေတြကို ျပဳတ္ၿပီး ငံုေပးရင္ သြားဖံုးေတြေရာင္တာ၊ ျပည္တည္တာ သက္သာေစပါတယ္။

ဆရာရွင့္၊ ကြၽန္မမ်က္ႏွာမွာ ယားၿပီး အင္ပ်ဥ္လုိ ထြက္လာလုိ႔ပါ။ မ်က္ႏွာ ခဏခဏသစ္ပါတယ္။ မိတ္ကပ္လည္း မလိမ္းပါ။ တစ္ပတ္ေက်ာ္ေနပါၿပီ။ ဘာေဆး လိမ္းရမလဲဆရာ။

ခေရပြင့္ေျခာက္ကို သနပ္ခါးနဲ႕ ေရာေသြးၿပီးလိမ္းၾကည့္ပါ။ ေသြးယားနဲ႔ အင္ပ်ဥ္ဆိုရင္ သက္သာေစႏုိင္ပါတယ္။

ဆရာရွင့္၊ သားေလးက ႏွစ္ႏွစ္နဲ႔ ေလးလပါ။ ဝမ္းသြား ၿပီး အန္တယ္ဆရာ။ ရက္နည္းနည္း ၾကာပါၿပီ။ မေပ်ာက္လုိ႔ ေဆးနည္းေလးေပးပါဆရာ။

ေရေႏြးၾကမ္း အဖန္ရည္တစ္ခြက္မွာ သၾကား ႏွစ္ ဇြန္းခတ္၊ ဆားေလွာ္အနည္းငယ္ထည့္တိုက္ပါ။ ကေလး ကို မာတဲ့အစားအစာ မေကြၽးပါနဲ႔။ ဆန္ျပဳတ္ထဲ ပဲရာဇာ အနည္းငယ္ထည့္ျပဳတ္ၿပီး ခပ္က်ဲက်ဲတိုက္ေပးပါ။

ဆရာခင္ဗ်၊ ကြၽန္ေတာ္က သက္သတ္လြတ္ စားတဲ့သူ ပါ။ အသီးအႏွံေတြက အေအးစာျဖစ္လုိ႔ ေဆာင္းရာသီမွာ စားရင္ အစာမေၾကဘူးလုိ႔ေျပာပါတယ္။ အသားလည္းမစားသူျဖစ္တဲ့အတြက္ ဘယ္လုိ စားသံုးသင့္ တယ္ဆိုတာ ေျဖၾကားေပးပါ။

အသီးအႏွံအေတာ္မ်ားမ်ားဟာ အေအးစာျဖစ္တဲ့ အျပင္ ေလပြေစတဲ့အစာေတြျဖစ္တဲ့အတြက္ ပူပူေႏြးေႏြးစားသင့္ပါတယ္။ ေအးစက္ေနတဲ့ အစာမွန္သမွ် ေလပြ ေစႏုိင္ပါတယ္။ ပန္းေဂၚဖီထုပ္လုိ အစာေတြက ေလပြ ေစတဲ့အစာေတြျဖစ္ေပမယ့္ ေၾကာ္ေလွာ္ၿပီး ပူပူေႏြးေႏြးစားရင္ ေလမပြတဲ့အျပင္ အစာေၾကလြယ္ပါတယ္။ ျမန္မာထမင္းဟင္း အေရာင္းဆိုင္ေတြမွာ ဟင္းေအးေတြ ေရာင္းခ်တဲ့အတြက္ ေအးတဲ့ရာသီမွာစားရင္ အစာ မေၾကရင္ျပည့္၊ ရင္ကယ္ ျဖစ္ေလ့ရိွပါတယ္။ တ႐ုတ္ အစားအစာ ေရာင္းခ်တဲ့ဆိုင္ေတြမွာ ပူပူေႏြးေႏြး ခ်က္ျပဳတ္ေၾကာ္ေလွာ္ၿပီး ေရာင္းခ်တဲ့အတြက္ အစာမေၾက ျဖစ္ခဲပါတယ္။

ခ်င္းကိုလည္း မ်ားမ်ားအသံုးျပဳတာ ေတြ႕ရပါတယ္။ ခ်င္းမ်ားမ်ားထည့္ခ်က္ထားတဲ့ အစားအစာ ေတြမွ (သီတ) ဓာတ္ကို ဖ်က္ၿပီး (OPS) အစာေၾကေစတဲ့ အပူဓာတ္ကို ျဖစ္ေစပါတယ္။ ေဆာင္းရာသီမွာ ခ်င္းကို ပိုစားသင့္ပါတယ္။ ေရွးလူႀကီးေတြက ႐ံုးပတီသီး၊ ခရမ္းသီးေတြကို အေအးစာျဖစ္လုိ႔ င႐ုတ္ေကာင္းမႈန္႔ ထည့္ခ်က္ၾကတာ ေတြ႕ဖူးပါတယ္။ ႐ိုးရာေဆးပညာနဲ႔ အာယုေဗဒေဆးပညာမွာ င႐ုတ္ေကာင္း၊ ခ်င္း၊ ပိတ္ခ်င္း သံုးမ်ိဳးကို အစပ္သံုးပါးဆိုၿပီး အစာေၾကေစဖုိ႔ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္သံုးစြဲတာ ေတြ႕ရတယ္။

ဦးေခါင္းမွာ ေဗာက္ထၿပီး ယားတာ ဘယ္လိုလုပ္ရမလဲဆရာ။

ၾကက္သြန္နီဥ ထက္ျခမ္းျခမ္း ဦးေရျပားထဲထိ စိမ့္ဝင္ ေအာင္ ပြတ္ေပးပါ။ နာရီဝက္ေလာက္ပြတ္ၿပီး ေနာက္ ေခါင္းေလွ်ာ္ပစ္ပါ။ ေန႔စဥ္ ခုနစ္ရက္ေလာက္ ပံုမွန္ျပဳ လုပ္ေပးရင္ ေဗာက္ေပ်ာက္ပါတယ္။

ၾကက္သြန္ျဖဴကို ေဆးဖက္ဝင္တယ္ဆိုလုိ႔ စားခ်င္ပါ တယ္။ ႀကိဳက္လည္းႀကိဳက္ပါတယ္။ ဒါေပမယ့္ စားၿပီး ပါးစပ္နံလုိ႔ ဘယ္လုိလုပ္ရပါမလဲ ဆရာ။

ၾကက္သြန္ျဖဴစားၿပီး ပါးစပ္နံရင္ ကြမ္းယာမွာထည့္တဲ့ စမုန္စပါးကို ဝါးစားပါ။ ေလးညႇင္းပြင့္နဲ႔ ေရာစားရင္ ပိုၿပီးအနံ႔ေပ်ာက္ပါတယ္။ အလြယ္နည္းကေတာ့ ၾကက္သြန္ျဖဴစားၿပီး ဆန္ေစ့ေတြကို ဝါးၿပီး ေထြးပစ္ပါ။ အနံ႔ေပ်ာက္
ပါတယ္။

မ်က္ႏွာမွာ ဝက္ျခံဖု အႀကီးႀကီးတစ္ဖုေပါက္ ေနပါ တယ္။ ဘာေဆးသံုးစြဲရမလဲ ဆရာ။ (ေဆးပူေတြလိမ္းရင္ မည္းက်န္ခဲ့မွာ စိုးလုိ႔ပါ။)

ျမင္းခြာရြက္ကို ႀကိတ္ၿပီး ဝက္ျခံဖုေပၚမွာ အံုေပးပါ။ ႏုလွ်င္ေၾက၊ ရင့္လွ်င္ ေပါက္သြားပါလိမ့္မယ္။ အမာရြတ္လည္း မထင္ပါ။

ဆရာ ကြၽန္ေတာ့္မွာ မ်ဳိး႐ိုးလုိက္တဲ့ ရင္က်ပ္ပန္းနာ ရိွပါတယ္။ အထူးသျဖင့္ ေဆာင္းရာသီမွာ ျပန္ျဖစ္ေလ့ရိွ ပါတယ္။ အစားမွားရင္ ျဖစ္ေလ့ရိွတယ္။ အခု ဒန္႔သလြန္သီး ျခံထဲမွာသီးေနတာ စားခ်င္စိတ္ျဖစ္လုိ႔ ရင္က်ပ္ ေရာဂါနဲ႔ သင့္၊ မသင့္ သိလုိပါတယ္ဆရာ။

ဒန္႔သလြန္သီးက ရင္က်ပ္ေရာဂါနဲ႔သင့္ပါတယ္။ ခ်ဥ္ရည္ဟင္း၊ ပဲကုလားဟင္းခ်က္စားရင္ ပုိသင့္ပါတယ္။ ဥတုေဘာဇနသဂၤဟက်မ္းမွာ ဒန္႔သလြန္သီးသည္ စိမ့္၏။ လြန္စြာဝမ္းမီးေတာက္ေစတတ္၏။ ေဘးထိုးရင္ က်ပ္ နာ၊ ရင္ဘတ္နာ၊ ႏုနာ၊ ဓာတ္ကုန္ခန္းေသာအနာ၊ ပန္းနာ၊ ဂူနာတို႔ကိုႏုိင္၏လို႔ ဆိုထားတာေတြ႕ရပါတယ္။ စိတ္ခ် လက္ခ်စားပါ။

ၾကည္လြင္ျမင့္(မုျဒာ)
Credit:ေၾကးမံု

Uni

ကြည်လွင်မြင့်(မုဒြာ)

ဆရာရှင့်၊ နနွင်းကို ဒီအတိုင်းသောက်လို့ ရသလား ရှင့်။ နနွင်းလုံးက ဘာတွေထည့်လုံးရပါသလဲရှင့်။ ဘယ်အချိန်သောက်ရသလဲ။ ဘာအကျိုးအာနိသင် ရှိသလဲရှင့်။

နနွင်းမှုန့်စစ်စစ် (ဆန်မှုန့်လွတ်နနွင်း) ဝယ်ပြီး ဒီအတိုင်းသောက်လို့ရပါတယ်။ ကော်ဖီဇွန်းသေး တစ်ဇွန်းမောက်မောက် သောက်ပါ။ နနွင်းမှုန့်ကို ပျားရည်နဲ့လုံးပြီးလည်း သောက်ကြတယ်။ ရွေးကြီးစေ့လောက် သုံးလုံးကနေ ငါးလုံးအထိ အသက်အရွယ် ခန္ဓာကိုယ် အပိန်အဝ ချင့်ချိန်ပြီးသောက်ပါ။ နနွင်းသောက်တာဟာ သွေးသားသန့်စင်ပြီး အစာအိမ်နဲ့အူလမ်းကြောင်းကိုလည်း အကျိုးပြုပါတယ်။ နနွင်းကို ဟင်းထဲမှာ နေ့စဉ်ထည့်ချက်ရင်လည်း သီးခြားစားနေစရာမလိုပါလို့ဆိုပါတယ်။ နနွင်းစားတာ သူငယ်ပြန်ရောဂါနဲ့ ပါကင်ဆန်ရောဂါခေါ် ခြေတုန်၊ လက်တုန် ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ နနွင်းလုံးဝမစားတဲ့ အနောက်နိုင်ငံတွေမှာ ပါကင်ဆန်ရောဂါ ပိုပြီးအဖြစ်များတယ်လို့ ဆိုပါတယ်။ နနွင်းနဲ့ပျားရည်ကို လောဘကြီးပြီး စားလွန်းရင် အပူများပြီး ဆံပင်ကျွတ်တတ်ပါတယ်။

ဆရာရှင့်၊ ကားစီးတိုင်း ခေါင်းမူးပြီး တစ်ခါတလေ အန်တတ်ပါတယ်။ အပြင်လေဝင်၊ လေထွက်ကောင်းတဲ့ကားဆိုရင်တော့ မမူးပါဘူးဆရာ။ ကားမူးမှာစိုးလို့ ခရီးသွားရမှာ ကြောက်နေပါတယ်။ ကားစီးခါနီး ဘာစားရမယ်။ ဘာဆေးသောက်ရမယ်ဆိုတာ ဖြေပေးပါဦး။

ကားစီးခါနီးမှာ မူးပြီးမအန်အောင် အစားအသောက် ကို အဝမစားပါနဲ့။ ရေကိုလည်း များများမသောက်ပါနဲ့။ ချင်းတက်ကို ပါးပါးလှီးပြီး ရေစိုအဝတ်နဲ့ထုပ်ယူသွားပါ။ ပါးစပ်ထဲမှာ ငုံထားပြီး ချင်းအရည်ကို တဖြည်းဖြည်း မျို ချပေးပါ။ အအန်သက်သာပါတယ်။ ခေါင်းမူးရင် နားထင် နှစ်ဖက်မှာ ချင်းကို ပါးပါးလှီးထားပြီး ကပ်ထားပါ။

ဆရာခင်ဗျာ၊ ကျွန်တော်တို့ကိုးကွယ်တဲ့ ဘုန်းတော်ကြီးတစ်ပါးမှာ ဆွမ်းခံကြွရင်း ခလုတ်တိုက်မိရာကနေ ဘယ်ဘက်ခြေမဆစ်နာသွားပါတယ်။ ပရုတ်ဆီလိမ်းတာ ရောင်လာပြီး ပိုနာလာပါတယ်။ အဲဒီအနာကြောင့် ခြေမျက်စိထိနာလာပါတယ်။ အထူးကုဆရာဝန်ပြတဲ့အခါ ဂေါက်ရောဂါရှိနေတယ်လို့ သိရပါတယ်။ ပဲပင်ပေါက်တွေ ဘုဉ်းပေးမိလို့ ပိုရောင်လာတာဖြစ်တယ်လို့ သိရတယ်။ အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး နေ့မှာ ဝေဒနာသက်သာပေမယ့် ညစာဘုဉ်းမပေးရလို့ ညအခါ အကိုက်အခဲပျောက်ဆေးမသောက်ပါ။ ညနက်တဲ့အခါ အအေးဒဏ်ကြောင့် ပိုပြီးကိုက်ခဲလာတယ်။ အဆစ်ရောင်ရောဂါပျောက် ဆေးနည်းတွေရှိရင် ဖော်ပြပေးပါဆရာ။

အဆစ်ရောင် အကိုက်အခဲမှန်သမျှက မျှစ်၊ မျှစ်ချဉ်၊ ပဲပင်ပေါက် စတာတွေနဲ့ မတည့်ပါ။ လေပူစာတွေ၊ အုန်း ထမင်း၊ ဒံပေါက်၊ ဒူးရင်းသီး စတာတွေနဲ့လည်း မတည့်ပါ။ အနီရောင်ရှိတဲ့အသား၊ ခြေလေးချောင်းသား၊ ဝမ်းတွင်းသားတွေနဲ့လည်း မတည့်ပါ။ အဆစ်ရောင် ပျောက်ဆေး နည်းမှာ ပိတ်ချင်းသီး၊ ငရုတ်ကောင်း၊ ကံ့ကော်ဝတ်ဆံ၊ ဆောင်မေခါး၊ စမုန်မျိုးငါးပါး၊ သစ်ကြံပိုး၊ ကရဝေးရွက်၊ ပန်းဥ၊ ပန်းမ ၅ ကျပ်သားစီနှင့် တောင်မရိုးခေါက် ၂၅ကျပ်သား စသည်တို့ကို စုဆောင်းပြီး အမှုန့်ကြိတ်ပါ။ ရရှိတဲ့ဆေးမှုန့်ကို ၅ ကျပ်သားခွဲပြီး ပျားရည်စစ်စစ် ၁ဝ ကျပ်သားနဲ့ရောတေပြီး ပြုလုပ်ပါ။ ဟင်းစားဇွန်း တစ်ဇွန်း တစ်နေ့တစ်ကြိမ် စားနိုင်ပါတယ်။ လေးဖက်နာ အမြစ်ဖြတ်ဆေး၊ တောင်မရိုးဆေးကြီးလို့ ရှေးဆေး ကျမ်းတွေမှာ ဖော်ပြထားတဲ့ ဆေးကောင်းဖြစ်ပါတယ်။

စောင်းလျားသီး ဆေးဖက်ဝင်ပုံတွေကို သိပါရစေ။

ကုန်းဘောင်ခေတ်မှာ မြန်မာတို့ရဲ့ အစောဆုံး သိပ္ပံ ပညာရှင်လို့ဆိုကြတဲ့ ယောမြို့စားအတွင်းဝန် ဦးဖိုးလှိုင် ပြုစုရေးသားခဲ့တဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ စောင်း လျားသီးအစိမ်းသည် ချဉ်၏၊ ပူ၏၊ စပ်၏၊ ဝမ်းမီးချက်ပြီး နောက်ပူ၏။ စပ်၏။ သည်းခြေကို ပျောက်စေတတ်၏။ လေကိုနိုင်၏လို့ ဆိုထားတာကို တွေ့ရတယ်။ ဝမ်းမီးချက် ပြီးနောက် ချဉ်တဲ့စပ်တဲ့ အရသာရှိတဲ့အစာဟာ ဆီးချိုရောဂါကိုလည်းကုနိုင်လို့ စမ်းသပ်ပြီး ဓာတ်စာအဖြစ် ကျွေးကြည့်ကြပါ။ ကျောက်ကပ်က ကျောက်ကျစေဖို့ စောင်းလျားသီးအမှည့်နဲ့ ငါးပြေမ ရောချက်စားရင် သုံးရက်စားပြီး ကျောက်ကျလာတာကို တွေ့ဖူးပါတယ်။ ဆီးချိုရောဂါအတွက်ဆိုရင် စောင်းလျားသီးအစိမ်းနဲ့ ငါးအမျိုးမျိုး ချက်စားနိုင်ပါတယ်။

ဆရာကြီးရှင့်၊ သမီးလေးက ခြောက်လပါ။ ဝမ်းသွား ပြီး ကိုယ်ပူနေတယ်။ နို့စို့ရင် ပြန်အန်ပါတယ်ဆရာ။ ဘာလုပ်သင့်တယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ ဆရာ။

မိခင်အစားမှားရင် အအေးပပ်ပြီး နို့ပူရင် ကလေး အထက်လှန်အောက်လျှောဖြစ်တတ်ပါတယ်။ လက်ဖက် ခြောက်အဖန်ရည် မတ်ခွက်တစ်ဝက်မှာ သကြားဟင်းစားဇွန်းသုံးဇွန်းနဲ့ ဆားလှော် ကော်ဖီဇွန်းတစ်ဝက် လောက်ထည့်ဖျော်ပြီး မိခင်က ကုန်အောင်သောက်ပေး ပါ။ မိခင်သောက်ရင် နို့ကတစ်ဆင့် ကလေးမှာ အကျိုးရှိ ပါတယ်။

ဆရာ မင်္ဂလာပါ။ သမီးက ကုပ်အကြောက တအား တက်ပါတယ်။ အဲဒီကနေ လက်မောင်းနဲ့ လက်ဆစ်တွေအထိ ကိုက်ပါတယ်ဆရာ။ ဆေးခန်းပြတော့ ဇက် ကျီးပေါင်းလို့ပြောပါတယ်။ မြန်မာဆေးနဲ့ ကုလို့ရပါ သလား။ သမီးအသက် ၂၅ နှစ်ပါ။ စာသင်တဲ့အလုပ် လုပ်ပါတယ်။ ဖြေကြားပေးပါရှင့်။

ဇက်ကျီးပေါင်းသက်သာအောင် ဦးခေါင်းကို ဘယ် လှည့်၊ ညာလှည့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ သင်္ဘော ရွက်ကို ပျော့အောင် ရေနွေးခဏစိမ် ဇက်မှာ ကပ်ပေးပါ။ မုန်ညင်းဆီထဲမှာ ချင်းတက်ထောင်းထည့်၊ မီးနဲ့ချက်ပြီး လက်မောင်းနဲ့ လက်ဆစ်တွေကို လိမ်းပေးပါ။ သက်ရင်းကြီးကို ဆားနဲ့ရောထောင်း၊ အဝတ်နဲ့ ကြပ်ထုပ်ပြုလုပ်ပါ။ ရေနွေးငွေ့ခံပြီး ဇက်နဲ့ လက်ပြင်မှာ ကြပ်ထုပ်ထိုးပေးပါ။

ဆရာကြီးရှင့်၊ ကျွန်မအမျိုးသားက ကွမ်းစားပါတယ်။ ပြတ်တာတော့ တစ်နှစ်လောက်ရှိပါပြီ။ အခု သွားကိုက် တာ ဆရာဝန်ပြတော့ ပြည်တည်လို့ ဖောက်ထုတ်ထား ရပါတယ်။ နောက်ထပ် မဖြစ်အောင် ဆေးနည်းလေး တွေ ပေးပါရှင့်။

သွားဖုံးပြည်မတည်အောင် အချိုလျှော့စားပါ။ အစာစားပြီးတိုင်း ရေနဲ့ ပလုတ်ကျင်းပါ။ ပုဏ္ဏရိတ်ပန်းပင်ရဲ့ အရွက်၊ အရိုးတွေကို ပြုတ်ပြီး ငုံပေးရင် သွားဖုံးတွေရောင်တာ၊ ပြည်တည်တာ သက်သာစေပါတယ်။

ဆရာရှင့်၊ ကျွန်မမျက်နှာမှာ ယားပြီး အင်ပျဉ်လို ထွက်လာလို့ပါ။ မျက်နှာ ခဏခဏသစ်ပါတယ်။ မိတ်ကပ်လည်း မလိမ်းပါ။ တစ်ပတ်ကျော်နေပါပြီ။ ဘာဆေး လိမ်းရမလဲဆရာ။

ခရေပွင့်ခြောက်ကို သနပ်ခါးနဲ့ ရောသွေးပြီးလိမ်းကြည့်ပါ။ သွေးယားနဲ့ အင်ပျဉ်ဆိုရင် သက်သာစေနိုင်ပါတယ်။

ဆရာရှင့်၊ သားလေးက နှစ်နှစ်နဲ့ လေးလပါ။ ဝမ်းသွား ပြီး အန်တယ်ဆရာ။ ရက်နည်းနည်း ကြာပါပြီ။ မပျောက်လို့ ဆေးနည်းလေးပေးပါဆရာ။

ရေနွေးကြမ်း အဖန်ရည်တစ်ခွက်မှာ သကြား နှစ် ဇွန်းခတ်၊ ဆားလှော်အနည်းငယ်ထည့်တိုက်ပါ။ ကလေး ကို မာတဲ့အစားအစာ မကျွေးပါနဲ့။ ဆန်ပြုတ်ထဲ ပဲရာဇာ အနည်းငယ်ထည့်ပြုတ်ပြီး ခပ်ကျဲကျဲတိုက်ပေးပါ။

ဆရာခင်ဗျ၊ ကျွန်တော်က သက်သတ်လွတ် စားတဲ့သူ ပါ။ အသီးအနှံတွေက အအေးစာဖြစ်လို့ ဆောင်းရာသီမှာ စားရင် အစာမကြေဘူးလို့ပြောပါတယ်။ အသားလည်းမစားသူဖြစ်တဲ့အတွက် ဘယ်လို စားသုံးသင့် တယ်ဆိုတာ ဖြေကြားပေးပါ။

အသီးအနှံအတော်များများဟာ အအေးစာဖြစ်တဲ့ အပြင် လေပွစေတဲ့အစာတွေဖြစ်တဲ့အတွက် ပူပူနွေးနွေးစားသင့်ပါတယ်။ အေးစက်နေတဲ့ အစာမှန်သမျှ လေပွ စေနိုင်ပါတယ်။ ပန်းဂေါ်ဖီထုပ်လို အစာတွေက လေပွ စေတဲ့အစာတွေဖြစ်ပေမယ့် ကြော်လှော်ပြီး ပူပူနွေးနွေးစားရင် လေမပွတဲ့အပြင် အစာကြေလွယ်ပါတယ်။ မြန်မာထမင်းဟင်း အရောင်းဆိုင်တွေမှာ ဟင်းအေးတွေ ရောင်းချတဲ့အတွက် အေးတဲ့ရာသီမှာစားရင် အစာ မကြေရင်ပြည့်၊ ရင်ကယ် ဖြစ်လေ့ရှိပါတယ်။ တရုတ် အစားအစာ ရောင်းချတဲ့ဆိုင်တွေမှာ ပူပူနွေးနွေး ချက်ပြုတ်ကြော်လှော်ပြီး ရောင်းချတဲ့အတွက် အစာမကြေ ဖြစ်ခဲပါတယ်။

ချင်းကိုလည်း များများအသုံးပြုတာ တွေ့ရပါတယ်။ ချင်းများများထည့်ချက်ထားတဲ့ အစားအစာ တွေမှ (သီတ) ဓာတ်ကို ဖျက်ပြီး (OPS) အစာကြေစေတဲ့ အပူဓာတ်ကို ဖြစ်စေပါတယ်။ ဆောင်းရာသီမှာ ချင်းကို ပိုစားသင့်ပါတယ်။ ရှေးလူကြီးတွေက ရုံးပတီသီး၊ ခရမ်းသီးတွေကို အအေးစာဖြစ်လို့ ငရုတ်ကောင်းမှုန့် ထည့်ချက်ကြတာ တွေ့ဖူးပါတယ်။ ရိုးရာဆေးပညာနဲ့ အာယုဗေဒဆေးပညာမှာ ငရုတ်ကောင်း၊ ချင်း၊ ပိတ်ချင်း သုံးမျိုးကို အစပ်သုံးပါးဆိုပြီး အစာကြေစေဖို့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲတာ တွေ့ရတယ်။

ဦးခေါင်းမှာ ဗောက်ထပြီး ယားတာ ဘယ်လိုလုပ်ရမလဲဆရာ။

ကြက်သွန်နီဥ ထက်ခြမ်းခြမ်း ဦးရေပြားထဲထိ စိမ့်ဝင် အောင် ပွတ်ပေးပါ။ နာရီဝက်လောက်ပွတ်ပြီး နောက် ခေါင်းလျှော်ပစ်ပါ။ နေ့စဉ် ခုနစ်ရက်လောက် ပုံမှန်ပြု လုပ်ပေးရင် ဗောက်ပျောက်ပါတယ်။

ကြက်သွန်ဖြူကို ဆေးဖက်ဝင်တယ်ဆိုလို့ စားချင်ပါ တယ်။ ကြိုက်လည်းကြိုက်ပါတယ်။ ဒါပေမယ့် စားပြီး ပါးစပ်နံလို့ ဘယ်လိုလုပ်ရပါမလဲ ဆရာ။

ကြက်သွန်ဖြူစားပြီး ပါးစပ်နံရင် ကွမ်းယာမှာထည့်တဲ့ စမုန်စပါးကို ဝါးစားပါ။ လေးညှင်းပွင့်နဲ့ ရောစားရင် ပိုပြီးအနံ့ပျောက်ပါတယ်။ အလွယ်နည်းကတော့ ကြက်သွန်ဖြူစားပြီး ဆန်စေ့တွေကို ဝါးပြီး ထွေးပစ်ပါ။ အနံ့ပျောက်
ပါတယ်။

မျက်နှာမှာ ဝက်ခြံဖု အကြီးကြီးတစ်ဖုပေါက် နေပါ တယ်။ ဘာဆေးသုံးစွဲရမလဲ ဆရာ။ (ဆေးပူတွေလိမ်းရင် မည်းကျန်ခဲ့မှာ စိုးလို့ပါ။)

မြင်းခွာရွက်ကို ကြိတ်ပြီး ဝက်ခြံဖုပေါ်မှာ အုံပေးပါ။ နုလျှင်ကြေ၊ ရင့်လျှင် ပေါက်သွားပါလိမ့်မယ်။ အမာရွတ်လည်း မထင်ပါ။

ဆရာ ကျွန်တော့်မှာ မျိုးရိုးလိုက်တဲ့ ရင်ကျပ်ပန်းနာ ရှိပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာ ပြန်ဖြစ်လေ့ရှိ ပါတယ်။ အစားမှားရင် ဖြစ်လေ့ရှိတယ်။ အခု ဒန့်သလွန်သီး ခြံထဲမှာသီးနေတာ စားချင်စိတ်ဖြစ်လို့ ရင်ကျပ် ရောဂါနဲ့ သင့်၊ မသင့် သိလိုပါတယ်ဆရာ။

ဒန့်သလွန်သီးက ရင်ကျပ်ရောဂါနဲ့သင့်ပါတယ်။ ချဉ်ရည်ဟင်း၊ ပဲကုလားဟင်းချက်စားရင် ပိုသင့်ပါတယ်။ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ဒန့်သလွန်သီးသည် စိမ့်၏။ လွန်စွာဝမ်းမီးတောက်စေတတ်၏။ ဘေးထိုးရင် ကျပ် နာ၊ ရင်ဘတ်နာ၊ နုနာ၊ ဓာတ်ကုန်ခန်းသောအနာ၊ ပန်းနာ၊ ဂူနာတို့ကိုနိုင်၏လို့ ဆိုထားတာတွေ့ရပါတယ်။ စိတ်ချ လက်ချစားပါ။

ကြည်လွင်မြင့်(မုဒြာ)
Credit:ကြေးမုံ