Birthday Show ႀကီးခမ္းခမ္းနားနားျဖစ္ဖို႔ ပရိသတ္ေတြနဲ႕ တိုင္ပင္ေနတဲ့ စိုင္းစိုင္း…

စိုင္းစိုင္းခမ္းလိႈင္က ဒီႏွစ္အတြက္ Birthday Show လုပ္ဖို႕ ျပင္ဆင္ေနပါၿပီ။ Birthday Show မလုပ္ခင္ ပရိသတ္ေတြနဲ႕ Birthdayshow ေျပာၾကမယ္ဆိုၿပီးေဖ့စ္ဘြတ္မွာတိုင္ပင္ေဆြးေႏြးေနတာေတြ႕ရပါတယ္။ပြဲနဲ႕ပတ္သက္ၿပီးမတ္လ(၁၀)ရက္ေန႕မွာအေသးစိတ္ေျပာျပမယ္တဲ့။

Photo ; စိုင္းစိုင္း

အဆုိေတာ္ စိုင္းစိုင္းခမ္းလိႈင္က ၂၀၁၉ ခုႏွစ္ ဧၿပီမွာက်ေရာက္မယ့္ သူ႕ရဲ႕ ေမြးေန႕မွာ Birthday Show လုပ္ဖို႕ျပင္ဆင္ေနပါၿပီ။ေမြးေန႕မွာ ႏွစ္စဥ္ႏွစ္တိုင္းသီခ်င္းဆိုၿပီးပရိသတ္ေတြနဲ႕အတူျဖတ္သန္းျဖစ္တဲ့စိုင္းစိုင္းဟာဒီႏွစ္ေမြးေန႕မွာလည္းအရင္ႏွစ္ေတြကနဲ႕မတူကြဲျပားျခားနားေအာင္လုပ္သြားဖို႕အတြက္ျပင္ဆင္ေနတာလည္းေတြ႕ရပါတယ္။ေမြးေန႕ပြဲအတြက္ပရိသတ္ေတြနဲ႕လည္းတုိင္ပင္ေနတာေတြ႕ရပါတယ္။

“ၿပီးခဲ့ေသာဇာတ္လမ္းအက်ဥ္းတုန္းက ထိုင္ခံုနဲ႔ပြဲလုပ္တာ အဆင္ေျပ ေအာင္ျမင္ခဲ့ပါတယ္ ။အခု ဒီႏွစ္ ၁၅ ႀကိမ္ေျမာက္ ေမြးေန႔ပြဲကိုေရာ ဘယ္လိုျဖစ္ေစခ်င္ပါသလဲ။ကၽြန္ေတာ့္မိတ္ေဆြေတြဟာက်ေနာ္နဲ႔အတူႀကီးျပင္းလာၾကၿပီးေတာ့ေအးေဆးထိုင္ၾကည့္ခ်င္တဲ့သူေတြလည္းရွိလိမ့္မယ္

ဒါမွမဟုတ္ကၽြန္ေတာ့္လိုပဲ ခုန္ေပါက္ေသာင္းက်န္းခ်င္ေနတုန္းပဲလည္း ျဖစ္ႏိုင္ပါတယ္။လူငယ္ပရိသတ္မ်ားေရာ ဘာေျပာခ်င္ပါသလဲ

အမ်ားစုရဲ႕ဆႏၵနဲ႔အၾကံျပဳခ်က္ေတြကိုထည့္သြင္းစဥ္းစားေနလို႔ပါ”ဆိုၿပီးပရိသတ္ေတြျဖစ္ေစခ်င္တဲ့ဆႏၵေလးကိုသူ႕ရဲ႕ေဖ့စ္ဘြတ္ကေနမတ္လ(၂) ရက္ေန႕က ေမးထားတာပါ။

Photo ; စိုင္းစိုင္း

ပရိသတ္ေတြလည္း ပြဲျပင္ဆင္မႈနဲ႕ ပတ္သက္ၿပီးအၾကံေပးထားၾကတာလည္းေတြ႕ရပါတယ္။BirthdayShowနဲ႕ပတ္သက္ၿပီးအေသးစိတ္ အစီအစဥ္ေတြကိုလည္း ပြဲမတိုင္ခင္ မတ္လ(၁၀) ရက္ေန႕မွာ ေျပာျပေပးသြားမွာ ျဖစ္တယ္လို႕စိုင္းစိုင္းကဆုိပါတယ္။စိုင္းစိုင္းရဲ႕Birthday Show ကိုေတာ့ ပရိသတ္ေတြ ရင္ခုန္စြာ ေစာင့္ေမွ်ာ္ေနၾကပါၿပီ။

စိုင္းစိုင္းခမ္းလႈိင္ဟာ ၂၀၀၀ခုႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိပ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္းမ်ားစြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီမွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႔ ၂၀၀၅ ခုႏွစ္မွာ စိုင္းစိုင္းဟုေခၚသည္၊ ၂၀၀၇ ခုႏွစ္မွာ SaiSai Birthday ၊၂၀၀၉ခုႏွစ္မွာအဲဗားေဂၚလီ၊၂၀၁၂ခုႏွစ္မွာဒိတ္ဒိတ္ၾကဲစတဲ့ေတးစီးရီးမ်ားနဲ႔အတြဲေခြမ်ားစြာမွာလည္းသီဆိုထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Photo ; စိုင္းစိုင္း

သ႐ုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္လို႔၂၀၀၇ခုႏွစ္မွာမဂၤလာပါဇာတ္ကား၊၂၀၀၇ခုႏွစ္မွာဂုဏ္ရွိန္ျပင္းတဲ့ခ်စ္ျခင္းသိကၡာ၊၂၀၀၈ခုႏွစ္မွာရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok ToMandalay၊ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ဟာ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္း ဦးေဆာင္သူတစ္ဦးျဖစ္ၿပီး SAI Cosmetix ရဲ႕ ထုတ္လုပ္သူလည္းျဖစ္ပါတယ္။

Photo ; စိုင္းစိုင္း

စိုင္းစိုင္းပါဝင္ထားတဲ့”ၾကာေတာ့သည္လည္းေမာင့္စကား”ရုပ္ရွင္ဇာတ္ကားႀကီးကလည္းလက္ရွိမွာရံုတင္ျပသလ်က္ရွိၿပီးပရိသတ္အားေပးမႈ ရရွိေနတဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ယင္းဇာတ္ကားဟာ ဆရာမဂ်ဴးရဲ႕ ဝတၳဳကို ျပန္လည္ရိုက္ကူးတာျဖစ္ၿပီး စိုင္းစိုင္းခမ္းလိႈင္၊ ထြန္းထြန္း၊ ေဖြးေဖြးတို႕က ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

Credit: Cele Yatkwat

UNICODE:

စိုင်းစိုင်းခမ်းလှိုင်ကဒီနှစ်အတွက်BirthdayShowလုပ်ဖို့ပြင်ဆင်နေပါပြီ။BirthdayShowမလုပ်ခင်ပရိသတ်တွေနဲ့Birthdayshowပြောကြမယ်ဆိုပြီးဖေ့စ်ဘွတ်မှာတိုင်ပင်ဆွေးနွေးနေတာတွေ့ရပါတယ်။ပွဲနဲ့ပတ်သက်ပြီးမတ်လ(၁၀)ရက်နေ့မှာအသေးစိတ်ပြောပြမယ်တဲ့။

Photo ; စိုင်းစိုင်း

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က၂၀၁၉ခုနှစ်ဧပြီမှာကျရောက်မယ့်သူ့ရဲ့မွေးနေ့မှာBirthdayShowလုပ်ဖို့ပြင်ဆင်နေပါပြီ။မွေးနေ့မှာနှစ်စဉ်နှစ်တိုင်းသီချင်းဆိုပြီးပရိသတ်တွေနဲ့အတူဖြတ်သန်းဖြစ်တဲ့စိုင်းစိုင်းဟာဒီနှစ်မွေးနေ့မှာလည်းအရင်နှစ်တွေကနဲ့မတူကွဲပြားခြားနားအောင်လုပ်သွားဖို့အတွက်ပြင်ဆင်နေတာလည်းတွေ့ရပါတယ်။မွေးနေ့ပွဲအတွက်ပရိသတ်တွေနဲ့လည်းတိုင်ပင်နေတာတွေ့ရပါတယ်။

“ပြီးခဲ့သောဇာတ်လမ်းအကျဉ်းတုန်းက ထိုင်ခုံနဲ့ပွဲလုပ်တာ အဆင်ပြေ အောင်မြင်ခဲ့ပါတယ် ။အခု ဒီနှစ် ၁၅ ကြိမ်မြောက် မွေးနေ့ပွဲကိုရော ဘယ်လိုဖြစ်စေချင်ပါသလဲ။ကျွန်တော့်မိတ်ဆွေတွေဟာကျနော်နဲ့အတူကြီးပြင်းလာကြပြီးတော့အေးဆေးထိုင်ကြည့်ချင်တဲ့သူတွေလည်းရှိလိမ့်မယ်

ဒါမှမဟုတ်ကျွန်တော့်လိုပဲ ခုန်ပေါက်သောင်းကျန်းချင်နေတုန်းပဲလည်း ဖြစ်နိုင်ပါတယ်။လူငယ်ပရိသတ်များရော ဘာပြောချင်ပါသလဲ

အများစုရဲ့ဆန္ဒနဲ့အကြံပြုချက်တွေကိုထည့်သွင်းစဉ်းစားနေလို့ပါ”ဆိုပြီးပရိသတ်တွေဖြစ်စေချင်တဲ့ဆန္ဒလေးကိုသူ့ရဲ့ဖေ့စ်ဘွတ်ကနေမတ်လ(၂) ရက်နေ့က မေးထားတာပါ။

Photo ; စိုင်းစိုင်း

ပရိသတ်တွေလည်း ပွဲပြင်ဆင်မှုနဲ့ ပတ်သက်ပြီးအကြံပေးထားကြတာလည်းတွေ့ရပါတယ်။BirthdayShowနဲ့ပတ်သက်ပြီးအသေးစိတ် အစီအစဉ်တွေကိုလည်း ပွဲမတိုင်ခင် မတ်လ(၁၀) ရက်နေ့မှာ ပြောပြပေးသွားမှာဖြစ်တယ်လို့စိုင်းစိုင်းကဆိုပါတယ်။စိုင်းစိုင်းရဲ့Birthday Show ကိုတော့ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေကြပါပြီ။

စိုင်းစိုင်းခမ်းလှိုင်ဟာ၂၀၀၀ခုနှစ်မှာချောကလက်ရောင်ရေခဲအိပ်မက်တေးစီးရီးကိုထွက်ရှိခဲ့ကာ၂၀၀၁ခုနှစ်မှာသူငယ်ချင်းများစွာအခွေ၊၂၀၀၃ခုနှစ်မှာဖေဖော်ဝါရီမှတ်တမ်း၊၂၀၀၄ခုနှစ်မှာSaiSaiLiveShowနဲ့၂၀၀၅ခုနှစ်မှာစိုင်းစိုင်းဟုခေါ်သည်၊၂၀၀၇ခုနှစ်မှာSaiSaiBirthday၊၂၀၀၉ခုနှစ်မှာအဲဗားဂေါ်လီ၊၂၀၁၂ခုနှစ်မှာဒိတ်ဒိတ်ကြဲစတဲ့တေးစီးရီးများနဲ့အတွဲခွေများစွာမှာလည်းသီဆိုထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo ; စိုင်းစိုင်း

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊၂၀၀၇ခုနှစ်မှာဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ၊၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok ToMandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။

Photo ; စိုင်းစိုင်း

စိုင်းစိုင်းပါဝင်ထားတဲ့”ကြာတော့သည်လည်းမောင့်စကား”ရုပ်ရှင်ဇာတ်ကားကြီးကလည်းလက်ရှိမှာရုံတင်ပြသလျက်ရှိပြီးပရိသတ်အားပေးမှုရရှိနေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ယင်းဇာတ်ကားဟာဆရာမဂျူးရဲ့ဝတ္ထုကိုပြန်လည်ရိုက်ကူးတာဖြစ်ပြီးစိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Credit: Cele Yatkwat