အေရျပားအနာ၊ ႏွင္းခူ၊ ဝက္ၿခံ၊ သန္ေကာင္၊ မီးေလာင္ဒဏ္ရာ တို႔အတြက္ တမာရြက္ ရဲ႕ ထူးျခားအာနိသင္

ေဆာင္းတြင္းမွာ အသီးအရြက္ေတြ ေပါမ်ားတဲ့ ရာသီဆိုရင္ မမွားပါဘူး။ ဒီလို အခ်ိန္မွာ ခရမ္းခ်ဥ္သီး ငပိခ်က္နဲ႔ တြဲၿပီး စားတတ္ၾကတာကေတာ့ တမာ ခ်ဥ္ပါပဲ။ တမာရြက္ျပဳတ္၊ တမာရြက္အခ်ဥ္ဟာ ခါးေပမယ့္ ခံတြင္းၿမိန္ေစတဲ့ အရြက္တစ္မ်ိဳးပါ။ သူ႔မွာ ရွိတဲ့ အျခား အာနိသင္ေတြကိုလည္း ျပန္ၿပီး မွ်ေ၀လိုက္ပါတယ္။

(၁) ပိုးသတ္အာနိသင္ရွိပါတယ္တမာရြက္မွာ ဘက္တီးရီးယား၊ ကပ္ ပါးေကာင္၊ ဖန္းဂပ္စ္မိႈ၊ ပ႐ိုတိုဇြနဲ႔ ဗိုင္း ရပ္စ္ေတြကို ဆန္႔က်င္ႏိုင္တဲ့ ပိုးသတ္အာ နိသင္ေတြ ရွိပါတယ္။ ဒါေၾကာင့္ အနာ ေပါက္ေနခ်ိန္မွာ တမာရြက္ကို ျပဳတ္ၿပီး တို႔စားတာ၊ တမာရြက္ကို က်ိဳၿပီး ရလာ တဲ့ ေရနဲ႔ အနာကို ဖန္ရည္ေဆးတာေတြ ျပဳလုပ္ၾကတာ ျဖစ္ပါတယ္။

(၂) ခႏၶာကိုယ္မွာ ကပ္ၿငိေနတဲ႕ ပိုးမႊား ေတြကို ေသေစႏိုင္ပါတယ္သင့္ခႏၶာကိုယ္အေရျပား ယားယံ ေနရင္ တမာရြက္ျပဳတ္ရည္နဲ႔ ေရခ်ိဳးလိုက္ ပါ။ တမာရြက္ရဲ႕ ေဆးဖက္ဝင္အာနိသင္ ေၾကာင့္ ခႏၶာကိုယ္မွာ ကပ္ၿငိေနတဲ့ ပိုး မႊားေတြကို ကင္းစင္ေစပါတယ္။

(၃) ျပတ္ရွရာနဲ့ အနာေတြကို အျမန္ သက္သာေစပါတယ္
သင့္အေရျပားမွာ ျပတ္ရွရာ ဒါမွမ ဟုတ္ အနာေတြ ျဖစ္ေပၚေနရင္ တမာ ဆီကိုလိမ္းေပးႏိုင္ပါတယ္။ ဒဏ္ရာနဲ႔ အ နာေတြမွာ ကပ္ၿငိေနတဲ့ ပိုးမႊားမွန္သမွ် တြန္းလွန္ေပးၿပီး အနာက်က္ျမန္ေစပါ တယ္။

(၄) အေရျပားအနာေတြအတြက္ ေဆး စြမ္းေကာင္းပါ
ႏွင္းခူ၊ ဝက္ၿခံ၊ အေရျပားဓာတ္မ တည့္တာ၊ အေရျပားမွာ အနီကြက္ေပၚ တာ၊ အေရျပားမွာ ယားနာေပါက္တာ စတဲ့ အေရျပားေဝဒနာအားလံုး အျမန္ သက္သာေစဖို႔ တမာဆီ ဒါမွမဟုတ္ တမာ ရြက္နဲ႔ လုပ္ထားတဲ့ ေပါင္ဒါမႈန္႔ကို အသံုး ျပဳေပးပါ။

(၅) မီးေလာင္ဒဏ္ရာကို အျမန္သက္ သာေစပါတယ္
မီးေလာင္တာေၾကာင့္ ျဖစ္လာတဲ့ ဒဏ္ရာေတြကို ကုသရာမွာ တမာရြက္ ထည့္က်ိဳထားတဲ့ တမာေရကို လိမ္းေပး ပါ။ အေရျပားကို အနာအျမန္က်က္ေစ ၿပီး ပိုးမဝင္ေအာင္နဲ႔ ဓာတ္မတည့္မႈမျဖစ္ ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၆) ဆံပင္သား က်န္းမာေစပါတယ္
တျခားဆံပင္လိမ္းဆီအစား ဆံပင္ မွာ တမာဆီကို လိမ္းေပးရင္ ဆံပင္မျဖဴ ေအာင္ ကာကြယ္ေပးႏိုင္ၿပီး ေဗာက္ထ တာ၊ သန္းရွိတာနဲ႔ ဆံပင္ကြ်တ္တာေတြ ကို သက္သာေလ်ာ့ပါးေစပါတယ္။

(၇) ၾကြက္သားနဲ့ အဆစ္ေတြ နာက်င္မႈ ကို သက္သာေစပါတယ္
တမာဆီကို နာက်င္ေနတဲ့ ၾကြက္ သားနဲ႔ အဆစ္ေနရာေတြမွာ လိမ္းၿပီး ႏွိပ္ ေပးရင္ ႐ိုးဆစ္ေရာင္ရမ္းနာ၊ ေဂါက္အ ဆစ္ေရာင္နာ၊ ခါးနာတာစတဲ့ နာက်င္မႈ ေဝဒနာေတြကို သက္သာေစႏိုင္ပါတယ္။

(၈) အစာေျခစနစ္ကို ေကာင္းမြန္ေစ ပါတယ္
တမာရြက္ကို ျပဳတ္ၿပီး စားေပးရင္ အရသာခံအာ႐ံု မေကာင္းတာကို သက္ သာေစၿပီး ဝမ္းခ်ဳပ္တာနဲ႔ အစာမေၾက တာကို သက္သာေစပါတယ္။ ရင္ပူမႈမ ျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါ တယ္။

(၉) သန္ေကာင္ေတြကို ကင္းစင္ေစပါ တယ္
တမာရြက္ကို ျပဳတ္ၿပီး စားတာက သန္ေကာင္ေတြကို ကင္းစင္ေစပါတယ္။ အေၾကာင္းကေတာ့ တမာရြက္မွာ သန္ ေကာင္ေတြကို တြန္းလွန္ေပးႏိုင္တဲ့ အ စြမ္းရွိၿပီး အူလမ္းေၾကာင္းရဲ႕ လုပ္ငန္း ေဆာင္တာေတြကို က်န္းမာေစလို႔ပါ။

(၁၀) ေသြးသန့္စင္ေစပါတယ္
တမာရြက္ကို ပံုမွန္စားေပးရင္ ေသြး သန္႔စင္ေစပါတယ္။ တမာရြက္ဟာ ေသြး ထဲက အညစ္အေၾကးေတြကို ဖယ္ရွား ေပးတာေၾကာင့္ ခႏၶာကိုယ္မွာ ေရာဂါ ကင္းေစပါတယ္။

(၁၁) ေသြးတြင္း သၾကားဓာတ္ကို ထိန္း ေပးႏိုင္ပါတယ္
တမာရြက္ကို ဆီးခ်ိဳေသြးခ်ိဳေရာဂါ ရွိသူေတြအတြက္ ထိေရာက္တဲ့ ေဆးတစ္ လက္လို႔ ဆိုၾကပါတယ္။ အေၾကာင္းက ေတာ့ တမာရြက္ဟာ ေသြးတြင္းသၾကား ဓာတ္ကို ပံုမွန္ျဖစ္ေအာင္ ထိန္းေပးႏိုင္လို႔ ပါ။

(၁၂) ခုခံစြမ္းအားစနစ္ကို ေကာင္းမြန္ ေစပါတယ္
တမာရြက္ကို စားေပးရင္ ခႏၶာကိုယ္ ရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို သန္စြမ္း ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ကို အားနည္း ေစတဲ့ ျပင္ပေရာဂါေတြကိုလည္း အတိုင္း အတာတစ္ခုအထိ တြန္းလွန္ေပးႏိုင္စြမ္း ရွိပါတယ္။

Credit: Good Health, Photo: Fotolia

Unicodeဖြင့်ဖတ်ရန်
★★★

ဆောင်းတွင်းမှာ အသီးအရွက်တွေ ပေါများတဲ့ ရာသီဆိုရင် မမှားပါဘူး။ ဒီလို အချိန်မှာ ခရမ်းချဉ်သီး ငပိချက်နဲ့ တွဲပြီး စားတတ်ကြတာကတော့ တမာ ချဉ်ပါပဲ။ တမာရွက်ပြုတ်၊ တမာရွက်အချဉ်ဟာ ခါးပေမယ့် ခံတွင်းမြိန်စေတဲ့ အရွက်တစ်မျိုးပါ။ သူ့မှာ ရှိတဲ့ အခြား အာနိသင်တွေကိုလည်း ပြန်ပြီး မျှဝေလိုက်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာ တဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်သင့်ခန္ဓာကိုယ်အရေပြား ယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက် ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင် ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုး မွှားတွေကို ကင်းစင်စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်
သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမ ဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာ ဆီကိုလိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အ နာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါ တယ်။

(၄) အရေပြားအနာတွေအတွက် ဆေး စွမ်းကောင်းပါ
နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက်ပေါ် တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံး ပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်
မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေး ပါ။ အရေပြားကို အနာအမြန်ကျက်စေ ပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်
တခြားဆံပင်လိမ်းဆီအစား ဆံပင် မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူ အောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထ တာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေ ကို သက်သာလျော့ပါးစေပါတယ်။

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကို သက်သာစေပါတယ်
တမာဆီကို နာကျင်နေတဲ့ ကြွက် သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ် ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အ ဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်
တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက် သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာစေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်
တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အ စွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်
တမာရွက်ကို ပုံမှန်စားပေးရင် သွေး သန့်စင်စေပါတယ်။ တမာရွက်ဟာ သွေး ထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်း ပေးနိုင်ပါတယ်
တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်
တမာရွက်ကို စားပေးရင် ခန္ဓာကိုယ် ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

Credit: Good Health, Photo: Fotolia