အသက္ႀကီးလာလို႕ အႏုပညာအလုပ္ေၾတ မလုပ္ေတာ့ဘူးဆိုတဲ့ ပိုင္ေဇရဲထြန္း

ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းက လက္ရွိမွာသာယာတဲ့ မိသားစုေလးကို ထူေထာင္ထားၿပီးစီးပြားေရးဘက္ကိုဦးစားေပးလုပ္ကိုင္လ်က္ရွိပါတယ္။အခုခ်ိန္ထိသူ႔ကိုအားေပးေနတဲ့ပရိသတ္ေတြကေတာ့ သူရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ေတာင့္တေနဆဲပါ။

ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထားတဲ့သ႐ုပ္ေဆာင္ပိုင္ေဇရဲထြန္းကလက္ရွိမွာစီးပြားေရးဘက္ကိုဦးစားေပး လုပ္ကိုင္လ်က္ရွိပါတယ္။ စီးပြားေရးဘက္ကို တစိုက္မတ္မတ္လုပ္ကိုင္ေနတဲ့ သူ႔ကို ပရိသတ္က အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ေစခ်င္ၾကပါတယ္။ဒါေပမဲ့သူကိုယ္တိုင္ကေတာ့ကိုယ့္ကိုယ္ကိုယ္အသက္ႀကီးသြားၿပီလို႔ခံစားရတဲ့အတြက္ အႏုပညာအလုပ္ေတြကို ျပန္လုပ္ဖို႔ မစဥ္းစားေတာ့တာလို႔ ဆိုပါတယ္။

“အႏုပညာအလုပ္ေတြလုပ္ကိုင္ဖို႔ဆိုတာကေတာ့အသက္ႀကီးသြားၿပီလို႔ယူဆသြားတဲ့အတြက္မလုပ္ျဖစ္ေတာ့ပါဘူး။မလုပ္ျဖစ္ဖို႔ေတာ္ေတာ္မ်ားပါတယ္။အဓိကေတာ့အႏုပညာအလုပ္ထဲကိုထဲထဲဝင္ဝင္အခ်ိန္မေပးျဖစ္ေတာ့လို႔။စီးပြားေရးအလုပ္ရယ္ မိသားစုေရးရယ္ကို ပိုၿပီး အခ်စ္ေပးျဖစ္တာပါ” လို႔ ပိုင္ေဇရဲထြန္းက Duwun media သို႔ ေျဖဆိုေပးခဲ့ပါတယ္။

သ႐ုပ္ေဆာင္ပိုင္ေဇရဲထြန္းနဲ႔ဇနီးျဖစ္သူဇင္သဲႏိုင္တို႔ရဲ႕အိမ္ေထာင္ေရးအေၾကာင္းေတြကိုေျပာျပခဲ့ပါတယ္။ဇင္သဲႏိုင္အတြက္ေတာ့ ခင္ပြန္း ျဖစ္သူ ပိုင္ေဇရဲထြန္းဟာ မရွိမျဖစ္ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္တယ္လို႔လည္း Duwun Media ရဲ႕ သီးသန႔္ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

”အစ္မအတြက္ေတာ့အစ္မေယာက်္ားကအစ္မတို႔မိသားစုေလးကိုေႏြးေထြးေစတယ္။လုံၿခဳံမႈေပးတယ္၊အစ္မဘက္မွာမားမားမတ္မတ္ ရပ္တည္ေပးတယ္။ ဘာပဲျဖစ္ျဖစ္၊ ဘယ္လိုအေျခအေနပဲရွိရွိ အစ္မတို႔ဘက္ကေန ရပ္တည္ေပးတယ္။ သူက မိသားစုအတြက္ တံတိုင္းပဲေပါ့ ေနာ္။ ခင္ပြန္းရွိမွတင့္တယ္မွာ အစ္မတို႔ ဘာလိုလို ပံ့ပိုးေပးႏိုင္တယ္” လို႔ ဆိုပါတယ္။

႐ုပ္ရည္ေခ်ာေမာလွပၿပီးပရိသတ္အခိုင္အမာရရွိထားတဲ့သ႐ုပ္ေဆာင္ပိုင္ေဇရဲထြန္းနဲ႔ဇနီးေခ်ာေလးတို႔ကဒီေန႔(ေမလ၂၅ရက္)မွာ အိမ္ေထာင္သက္တမ္း (၁၃)ႏွစ္တိုင္ခဲ့ပါၿပီ။ ပိုင္ေဇရဲထြန္း အသက္(၂၈)ႏွစ္ နဲ႔ ဇနီးျဖစ္သူက အသက္(၁၈)ႏွစ္မွာ အိမ္ေထာင္တစ္ခုကိုထူေထာင္ခဲ့တဲ့သူတို႔ႏွစ္ေယာက္ဟာအခုဆိုရင္ရင္ေသြးေလးသုံးေယာက္နဲ႔သာယာတဲ့မိသားစုေလးကို ပိုင္ဆိုင္ခဲ့ပါၿပီ။

CRD-Cele Yatkwat

 

UNICODE
အသက်ကြီးလာလို့ အနုပညာအလုပ်တြေ မလုပ်တော့ဘူးဆိုတဲ့ ပိုင်ဇေရဲထြန်း

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့သရုပ်ဆောင်ပိုင်ဇေရဲထွန်းကလက်ရှိမှာသာယာတဲ့မိသားစုလေးကို ထူထောင်ထားပြီးစီးပွားရေးဘက်ကိုဦးစားပေးလုပ်ကိုင်လျက်ရှိပါတယ်။အခုချိန်ထိသူ့ကိုအားပေးနေတဲ့ပရိသတ်တွေကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို တောင့်တနေဆဲပါ။

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ပိုင်ဇေရဲထွန်းကလက်ရှိမှာစီးပွားရေးဘက်ကို ဦးစားပေးလုပ်ကိုင်လျက်ရှိပါတယ်။စီးပွားရေးဘက်ကိုတစိုက်မတ်မတ်လုပ်ကိုင်နေတဲ့သူ့ကိုပရိသတ်ကအနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်စေချင်ကြပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့ကိုယ့်ကိုယ်ကိုယ်အသက်ကြီးသွားပြီလို့ခံစားရတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ မစဉ်းစားတော့တာလို့ ဆိုပါတယ်။

“အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ဆိုတာကတော့ အသက်ကြီးသွားပြီလို့ ယူဆသွားတဲ့အတွက် မလုပ်ဖြစ်တော့ပါဘူး။ မလုပ်ဖြစ်ဖို့ တော်တော်များပါတယ်။ အဓိကတော့ အနုပညာအလုပ်ထဲကို ထဲထဲဝင်ဝင်အချိန်မပေးဖြစ်တော့လို့။ စီးပွားရေးအလုပ်ရယ် မိသားစုရေးရယ်ကို ပိုပြီး အချစ်ပေးဖြစ်တာပါ” လို့ ပိုင်ဇေရဲထွန်းက Duwun media သို့ ဖြေဆိုပေးခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်ဇေရဲထွန်းနဲ့ဇနီးဖြစ်သူဇင်သဲနိုင်တို့ရဲ့အိမ်ထောင်ရေးအကြောင်းတွေကိုပြောပြခဲ့ပါတယ်။ဇင်သဲနိုင်အတွက်တော့ ခင်ပွန်း ဖြစ်သူ ပိုင်ဇေရဲထွန်းဟာ မရှိမဖြစ်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်တယ်လို့လည်းDuwunMediaရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

”အစ်မအတွက်တော့အစ်မယောကျ်ားကအစ်မတို့မိသားစုလေးကိုနွေးထွေးစေတယ်။လုံခြုံမှုပေးတယ်၊အစ်မဘက်မှာမားမားမတ်မတ်ရပ်တည်ပေးတယ်။ဘာပဲဖြစ်ဖြစ်၊ဘယ်လိုအခြေအနေပဲရှိရှိအစ်မတို့ဘက်ကနေရပ်တည်ပေးတယ်။သူက မိသားစုအတွက် တံတိုင်းပဲပေါ့ နော်။ ခင်ပွန်းရှိမှတင့်တယ်မှာ အစ်မတို့ ဘာလိုလို ပံ့ပိုးပေးနိုင်တယ်” လို့ ဆိုပါတယ်။

ရုပ်ရည်ချောမောလှပပြီးပရိသတ်အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်ပိုင်ဇေရဲထွန်းနဲ့ဇနီးချောလေးတို့ကဒီနေ့(မေလ၂၅ရက်)မှာအိမ်ထောင်သက်တမ်း(၁၃)နှစ်တိုင်ခဲ့ပါပြီ။ပိုင်ဇေရဲထွန်းအသက်(၂၈)နှစ်နဲ့ဇနီးဖြစ်သူကအသက်(၁၈)နှစ်မှာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အခုဆိုရင် ရင်သွေးလေး သုံးယောက်နဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ပါပြီ။

CRD-Cele Yatkwat

Share From Global Myanmar Media