စစ္ပြဲေတြၾကားထဲက ၾကံဳတဲ့ေနရာမွာ မုိးကာေလးခင္းၿပီးေဆာင္လိုက္ရတဲ့ မဂၤလာပြဲေလးပါ။

သီေပါတြင္ စစ္ျဖစ္ေန၍ၾကံဳသလိုက်င္းပခဲ့ရသည့္ မဂၤလာပြဲ

ျမင္ရတဲ့ျမင္ကြင္းေလးက စိတ္မေကာင္းစရာလို႔ေတြးရင္ေတာ့ စိတ္မေကာင္းစရာပါ..။ ဒါေပမယ့္လည္း မဂၤလာေဆာင္တဲ့ သတို႔သား သတို႔သမီးတို႔ရဲ႕ ခံယူခ်က္ေပၚမွာပဲမူတည္ေနတယ္..။

စိတ္ေက်နပ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခင္ေနၾကရင္ျဖင့္ အားလံုးက စိတ္ခ်မ္းသာစရာေတြခ်ည္းပါပဲ..။

ၾကီးက်ယ္ခန္းနားေသာ ဧည့္ခံပြဲ ခန္းမ ရွိရန္မလိုေတာ့ပါ

ၾကံဳတဲ့ ေနရာတြင္ မုိးကာေလးခင္းျပီး ကန္ေတာ့လိုက္ရပါသည္။

အဘယ့္ေၾကာင့္ဆုိေသာ္ သတုိ႕သမီးအိမ္သုိ႕ မဂၤလာေဆာင္ရန္အသြား လမ္းတစ္ဝက္အေရာက္တြင္ စစ္ျဖစ္ေန၍ ၾကံဳသည့္ေနရာတြင္ပင္ အနီးအနားေဆြမ်ိဳးမ်ားေရွ႕တြင္ ေဆာင္လိုက္ရပါသည္။

Credit Taikham Win

ဒီသတို႔သားနဲ႔ ဒီသတို႔သမီးတို႔ ရာသက္ပန္ သက္ဆံုးတိုင္အထိ ရိုးေျမက် စိတ္ခ်မ္းသာစြာ ေပါင္းသင္းေနထိုင္သြားႏုိင္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။။

Unicode

သီပေါတွင် စစ်ဖြစ်နေ၍ကြုံသလိုကျင်းပခဲ့ရသည့် မင်္ဂလာပွဲ

မြင်ရတဲ့မြင်ကွင်းလေးက စိတ်မကောင်းစရာလို့တွေးရင်တော့ စိတ်မကောင်းစရာပါ..။ ဒါပေမယ့်လည်း မင်္ဂလာဆောင်တဲ့ သတို့သား သတို့သမီးတို့ရဲ့ ခံယူချက်ပေါ်မှာပဲမူတည်နေတယ်..။

စိတ်ကျေနပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်နေကြရင်ဖြင့် အားလုံးက စိတ်ချမ်းသာစရာတွေချည်းပါပဲ..။

ကြီးကျယ်ခန်းနားသော ဧည့်ခံပွဲ ခန်းမ ရှိရန်မလိုတော့ပါ

ကြုံတဲ့ နေရာတွင် မိုးကာလေးခင်းပြီး ကန်တော့လိုက်ရပါသည်။

အဘယ့်ကြောင့်ဆိုသော် သတို့သမီးအိမ်သို့ မင်္ဂလာဆောင်ရန်အသွား လမ်းတစ်ဝက်အရောက်တွင် စစ်ဖြစ်နေ၍ ကြုံသည့်နေရာတွင်ပင် အနီးအနားဆွေမျိုးများရှေ့တွင် ဆောင်လိုက်ရပါသည်။

Credit Taikham Win

ဒီသတို့သားနဲ့ ဒီသတို့သမီးတို့ ရာသက်ပန် သက်ဆုံးတိုင်အထိ ရိုးမြေကျ စိတ်ချမ်းသာစွာ ပေါင်းသင်းနေထိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။။