သြားကိုက္ျခင္းကို ကုသရန္ အိမ္တြင္းကုထံုးမ်ား

၁။ ေလးညွင္းဆီ

ေလးညွင္းဆီ (၁)စက္၊ (၂)စက္ကို ဂြမ္းစေလးေပၚတြင္ အစက္ခ်၍ သြားကိုက္ေနေသာ ေနရာတြင္ နာက်င္ကိုက္ခဲမႈ သက္သာသည္အထိ အုပ္ထားေပးပါ။ သို႔မဟုတ္ပါက ေလးညွင္းပြင့္ကို ၀ါးစားၿပီး မိနစ္(၃၀)ခန္႔ ထားေပးပါ။

၂။ ပင္လယ္ဆား

ပင္လယ္ဆား လက္ဖက္ရည္ဇြန္း (၁)ဇြန္းကို ေရေႏြး(၁)ခြက္အတြင္း ေဖ်ာ္ေပးပါ။ ဤေဖ်ာ္ရည္နွင့္ ပါးစပ္ကို ပလုပ္က်င္းေပးပါ။

၃။ ပူစီနံ လက္ဖက္ရည္အိတ္

သံုးၿပီးသား ပူစီနံလက္ဖက္ရည္အိတ္ကို အေအးခံၿပီး သြားကိုက္ေနေသာေနရာတြင္ မိနစ္(၃၀)ခန္္႔ ထားေပးပါက သြားကိုက္ေသာ ျပႆနာကို ယာယီေျဖရွင္းလို႔ ရပါတယ္။

၄။ ၾကက္သြန္နီ

ၾကက္သြန္နီကို အရြယ္ေတာ္ေလာက္ျဖတ္ၿပီး သြားကိုက္ေနေသာ အပိုင္းတြင္ ၀ါးစားေပးပါက ၾကက္သြန္နီတြင္ ပါ၀င္ေသာ ဓါတ္မ်ားက သြားဖံုးအတြင္းရွိ ပိုးမႊားမ်ားကို ေသေစ၍ နာက်င္ကိုက္ခဲမႈကို သက္သာေစပါလိမ့္မယ္။

၅။ ေရခဲကပ္ေပးျခင္း

ေရခဲအိတ္ကို အ၀တ္စနွင့္ ပတ္ေပးၿပီး သြားကိုက္ေနေသာ ေနရာတည့္တည့္၏ပါးျပင္ေပၚတြင္ မိနစ္(၂၀)ခန္္႔ ကပ္ထားေပးပါ။ ဤနည္းလမ္းအတိုင္း တစ္နာရီတစ္ခါလုပ္ေပးျခင္းျဖင့္ သက္သာေစပါလိမ့္မယ္။

၆။ ဂ်ံဳရြက္

ဂ်ံဳရြက္ေဖ်ာ္ရည္ကို အသံုးျပဳေပး၍ တစ္ေန႔(၂)ႀကိမ္ ပလုပ္က်င္းေပးျခင္းျဖင့္ ပါးေစာင္အတြင္းမွ ဘတ္တီးရီးယားနွင့္ အနံ႔ထြက္ျခင္းကို သက္သာေစပါလိမ့္မယ္။

၇။ စမုန္္ျဖဴ

စမုန္ျဖဴ အဆီ(၄)စက္ကို ဂြမ္းစေပၚတြင္ အစက္ခ်၍ ေရစက္(၂)စက္ ထပ္ေပါင္းထည့္ေပးၿပီး သြားကိုက္ေနေသာေနရာတြင္ (၁၀)မိနစ္ခန္႔ လိမ္းေပးပါ။

၈။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴ တစ္မႊာကို သြားကိုက္ေနေသာ ေနရာတြင္ ၀ါးေပးပါ။ ဤနည္းလမ္းအတိုင္း သြားကိုက္တာ သက္သာတဲ့အထိ ဆက္လုပ္ေပးပါ။

Writer – Min Thu (Daily Hot News )

သွားကိုက်ခြင်းကို ကုသရန် အိမ်တွင်းကုထုံးများ

၁။ လေးညှင်းဆီ

လေးညှင်းဆီ (၁)စက်၊ (၂)စက်ကို ဂွမ်းစလေးပေါ်တွင် အစက်ချ၍ သွားကိုက်နေသော နေရာတွင် နာကျင်ကိုက်ခဲမှု သက်သာသည်အထိ အုပ်ထားပေးပါ။ သို့မဟုတ်ပါက လေးညှင်းပွင့်ကို ၀ါးစားပြီး မိနစ်(၃၀)ခန့် ထားပေးပါ။

၂။ ပင်လယ်ဆား

ပင်လယ်ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ရေနွေး(၁)ခွက်အတွင်း ဖျော်ပေးပါ။ ဤဖျော်ရည်နှင့် ပါးစပ်ကို ပလုပ်ကျင်းပေးပါ။

၃။ ပူစီနံ လက်ဖက်ရည်အိတ်

သုံးပြီးသား ပူစီနံလက်ဖက်ရည်အိတ်ကို အအေးခံပြီး သွားကိုက်နေသောနေရာတွင် မိနစ်(၃၀)ခန့်် ထားပေးပါက သွားကိုက်သော ပြဿနာကို ယာယီဖြေရှင်းလို့ ရပါတယ်။

၄။ ကြက်သွန်နီ

ကြက်သွန်နီကို အရွယ်တော်လောက်ဖြတ်ပြီး သွားကိုက်နေသော အပိုင်းတွင် ၀ါးစားပေးပါက ကြက်သွန်နီတွင် ပါ၀င်သော ဓါတ်များက သွားဖုံးအတွင်းရှိ ပိုးမွှားများကို သေစေ၍ နာကျင်ကိုက်ခဲမှုကို သက်သာစေပါလိမ့်မယ်။

၅။ ရေခဲကပ်ပေးခြင်း

ရေခဲအိတ်ကို အဝတ်စနှင့် ပတ်ပေးပြီး သွားကိုက်နေသော နေရာတည့်တည့်၏ပါးပြင်ပေါ်တွင် မိနစ်(၂၀)ခန့်် ကပ်ထားပေးပါ။ ဤနည်းလမ်းအတိုင်း တစ်နာရီတစ်ခါလုပ်ပေးခြင်းဖြင့် သက်သာစေပါလိမ့်မယ်။

၆။ ဂျုံရွက်

ဂျံုရွက်ဖျော်ရည်ကို အသုံးပြုပေး၍ တစ်နေ့(၂)ကြိမ် ပလုပ်ကျင်းပေးခြင်းဖြင့် ပါးစောင်အတွင်းမှ ဘတ်တီးရီးယားနှင့် အနံ့ထွက်ခြင်းကို သက်သာစေပါလိမ့်မယ်။

၇။ စမုန််ဖြူ

စမုန်ဖြူ အဆီ(၄)စက်ကို ဂွမ်းစပေါ်တွင် အစက်ချ၍ ရေစက်(၂)စက် ထပ်ပေါင်းထည့်ပေးပြီး သွားကိုက်နေသောနေရာတွင် (၁၀)မိနစ်ခန့် လိမ်းပေးပါ။

၈။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ တစ်မွှာကို သွားကိုက်နေသော နေရာတွင် ၀ါးပေးပါ။ ဤနည်းလမ်းအတိုင်း သွားကိုက်တာ သက်သာတဲ့အထိ ဆက်လုပ်ပေးပါ။

Writer – Min Thu (Daily Hot News )