ချစ်ဇနီးလေး ဘွဲ့ယူတုန်းကပုံလေးနဲ့ သူငယ်ချင်းတွေကို ဆေးအကြီးကြီး ထိုးလိုက်တဲ့ နန္ဒာလှိုင်ရဲ့ ချစ်ခင်ပွန်း

ပရိတ်သတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ နေရာယူခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။နန္ဒာလှိုင်က အပြစ်ပြောစရာမရှိတဲ့ ကျော့ရှင်းတဲ့ အလှတရားအစစ်ကို ပိုင်ဆိုင်ထားတဲ့အပြင် သူမရဲ့ စကားမပီတဲ့ဟန်လေးကလည်း ပရိတ်သတ်ကို တစ်မျိုးလေးဆွဲဆောင်ပါတယ်နော်။

နန္ဒာလှိုင်က ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်လို့ သူမရဲ့ ဇာတ်ကားတွေကို ပရိတ်သတ်တွေက တစ်ခဲနက် အားပေးကြည့်ရှုကြပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး အိမ်ရဲ့ဝေယျာဝစ္စတွေကိုသာ မလစ်ဟင်းအောင် ဆောင်ရွက်နေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါနော်။ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို မွေးဖွားထားပြီး နန္ဒာလှိုင်ရဲ့ မိသားစုဘဝလေးကတော့ စိုစိုပြေပြေလေးပဲဖြစ်ပါတယ်။

နန္ဒာလှိုင်ကလည်း တစ်သားမွေးတစ်သွေးလှဆိုသလို သမီးလေးသုံးယောက်မွေးဖွားပြီးတာတောင် နုဖတ်ပျိုမျစ်ခြင်းတွေက အရင်တိုင်းပဲရှိလို့နေပါတယ်။သူမကို အရမ်းချစ်တဲ့ ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အစစအရာရာဂရုစိုက်တဲ့သူဖြစ်ပါတယ်။အခုဆိုရင် နန္ဒာလှိုင်ရဲ့ ခင်ပွန်းက ချစ်ဇနီးလေးရဲ့ ဘွဲ့ယူတုန်းက ပုံလေးကို “အရှေ့က သုံးယောက်က အရမ်းကပ်နေတာ မသင်္ကာဘူး။တစ်ခုခုပဲ။ နောက်ဆုံးကတစ်ယောက်ကတော့ သိုက်ကလာတယ် စကားမပြောဘူးဆိုတဲ့ရုပ်နဲ့ အနီလေးကတော့ ချစ်စရာလေး ဘယ်သူလဲတော့မသိဘူး”ဆိုပြီး သူငယ်ချင်းတွေကို ဆေးထိုးကာ ချစ်ဇနီးလေးကို ကြည်နူးစရာစကားလေးဆိုထားတာလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Source:Nandar Hlaing

“Myanmarload

Share From Lovely Myanmar