အမိရင်ခွင်ကို တမ်းတနေတဲ့ ကလေးငယ်လေးတွေကို နွေးထွေးစွာ ပွေ့ဖက်ရင်း မျက်ရည်ကျခဲ့ရတဲ့ ဆုပန်တို့ မိသားစုလေးရဲ့ အလှူပုံရိပ်များ

ချစ်စရာကောင်းပြီး နွေးထွေးတဲ့ မိသားစုလေးတွေကို ပိုင်ဆိုင်ထားတဲ့ နာမြည်ကီးသရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ ဆုပန်ထွာက သူမရဲ့ ချစ်ပရိသတ်တွေရင်ထဲမှာ ယနေ့ထိတိုင် အားပေးမှုတွေကို များစွာရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဆုပန်က ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့ အပြင် ချစ်စရာကောင်းပြီး အဖိုးတန်တဲ့ သားရတနာလေးကို ပိုင်ဆိုင်ထားတာကြောင့် ကျေနပ်ပျော်ရွှင်နေရသူလေးဖြစ်ပါတယ်။

လတ်တလောမှာ တော့ အနုပညာလေးတွေကိုလည်း လုပ်ကိုင်ရင်း မိသားစုသုံးယောက်အတူ ပျော်စရာ ကောင်းတဲ့ အချိန်လေးတွေကိုဖြတ်သန်းရင်း မိသားစုအတွက် အချိန်ပေးနေတဲ့ ဆုပန်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆုပန်ရဲ့ တစ်ဦးတည်းသောသားလေး ဖြစ်တဲ့ ပရိသတ်အချစ်တော် Roar လေးကလည်း ယခုဆိုရင် မေမေ ဖေဖေတို့ ကို ချစ်စရာကောင်းအောင် ဆိုးတတ်တဲ့ အရွယ်ကိုတောင် ရောက်ရှိနေပြီဖြစ်ပါတယ်။ ယခုဆိုရင် ၂နှစ်နဲ့ ၆လပြည့်ပြီဖြစ်တဲ့ Roar လေး အတွက် မိဘမဲ့ကလေးကျောင်းမှာ သွားရောက်အလှူပြုခဲ့တာဖြစ်ပါတယ်။

Plume SmallBaby Diaper နဲ့ အတူ ပူးပေါင်းပြီး Roarလေး ၂နှစ်နဲ့ ၆လပြည့်အတွက် မန္တလေး YGW ပရဟိတမိဘမဲ့ကျောင်းအသင်း ကိုသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမိရင်ခွင်ကို တောင်းတနေကြတဲ့ ကလေးငယ်လေးတွေကိုကြည့်ပြီး မိခင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ကိုယ်တိုင် မျက်ရည်ကျခဲ့ရပါတယ်။ Roarလေးကလည်း သနားစရာကောင်းတဲ့ ကလေးလေးတွေနဲ့ အတူဆော့ကစားရင် ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို အချစ်တွေတိုးစေမှာပါ။ နောက်ပြီး ဆုပန်က “ဗိုက်ကနေဖောက်ပြီးမစင်စွန့်ရတဲ့သမီးလေးတစ်ယောက်ကို ကြီးလာလို့သူခွဲစိတ်ဖို့အဆင်သင့်ဖြစ်ရင်ကောင်း သွားအောင်ခွဲစိတ်တဲ့အခါတတ်နိုင်သလောက်လှူဖို့ တာဝန်ယူခဲ့ပါတယ်” ဆိုပြီး မြင့်မြတ်တဲ့ ကုသိုလ်ထူးကိုလည်း ရရှိခဲ့ပါတယ်။

Source: Supan Htwar

“Myanmarload’

Share From Lovely Myanmar