မင်္ဂလာနှစ် ပတ်လည်နေ့ လေးမှာ ခင် ပွန်း ဆီ က တောင်း ဆိုမှုတစ်ခုပြုလုပ်လိုက်တဲ့ စန္ဒီမြင့်လွင်

အဆိုေ တာ်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အ ဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်တဲ့ သူမက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း သူမတို့ဇနီးမောင်နှံရဲ့ဘဝထဲကို သမီးလေးတစ်ယောက်က ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ပျော်ရွှင် စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရတော့မယ့် ဒီဒီက အခု ချိန်မှာတော့ သမီးလေးရဲ့ကိုယ်ဝန်ကို ဂရုတစိုက်နဲ့ လွယ် ထားတဲ့မိခင်လောင်းလေး ဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၄ ရက်နေ့ကတော့ ဒီဒီနဲ့ ကိုသီဟတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေး

တစ်နှစ်တိတိပြည့်တဲ့ အထိမ်းအမှတ်နေ့လေးပဲ ဖြစ်ပါတယ်။ အရမ်းကို ကြည်နူးပျော်ရွှင်ဖို့ကောင်းတဲ့ ဒီဒီတို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ ဒီဒီက ချစ်ခင်ပွန်းဆီကနေ တောင်းဆိုမှုလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီဒီ က ” ဒီနေ့ကဒီဒီတို့လက်မှတ်ထိုးတစ်နှစ်ပြည့်တဲ့နေ့လေးပါ အမြဲတမ်းစိတ်ချမ်းသာမျက်နှာမညိုးအောင်ထားတဲ့ယောကျာ်း နောက် လဲဒီထက်ပို ထားနိုင်ပါစေနော် ပိုလဲ ချစ်နိုင်ပါစေလို့ခုဆိုသမီးလေးလဲရှိလာပီဆိုတော့များများပိုချစ်နေ ” ဆိုပြီး သူမကိုပိုချစ်ပေးဖို့ ခင်ပွန်းဆီက တောင်းဆိုခဲ့ပါတယ်။

ဒီဒီရဲ့ခင်ပွန်းကတော့ ဇနီးေ လးတောင်းဆိုစရာမလိုလောက်အောင် အရင်ကတည်းက အစစ အရာရာ ဂရုစိုက်ပြီး ချစ်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါတယ်။ ကဲ

ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲအမှတ်တရပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

credit – myanmarload