ဆယ်တန်းစာမေးပွဲ ဖြေဆိုနေကြတဲ့ ကျောင်းသားကျောင်းသူလေးတွေအတွက် ဆုတောင်းပေးလိုက်ကြတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်များ




Photo – Credit,CRD-Myanmarload

 

UNICODE

ပရိသတ်ကြီးရေ..ဒီကနေ့မတ်လ(၆)ရက်နေ့လေးကတော့မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြစ်တဲ့ဆယ်တန်းစာမေးပွဲကြီးကတော့ဆယ်တန်းကျောင်းသားကျောင်းသူတွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစေတဲ့နေ့ရက်လေးပဲဖြစ်ပါတယ်..။ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုနေရတဲ့ အချိန်လေးတွေကတော့ ကျောင်းသားကျောင်းသူတွေအပြင် ကျောင်းသားမိဘတွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ နေ့ရက်လေးတွေဆိုလည်း မမှားပါဘူးနော်..။

ဒီကနေ့မှာ စတင်ဖြေဆိုရတဲ့မြန်မာစာနေ့မှာတင်မည်ကျော်အနုပညာရှင်များစွာကလည်းစာမေးပွဲဖြေဆိုမယ့်ဆယ်တန်း ကျောင်းသားကျောင်းသူလေးတွေအတွက်ဆုတောင်းစကားလေးတွေပြောပေးထားကြတာတွေ့ရပါတယ်..။စာမေးပွဲဖြေဆိုကြမယ့်ကျောင်းသားကျောင်းသူလေးတွေအတွက်စိတ်ပူပေးကြတဲ့အနုပညာရှင်များကလည်းသူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေ ဆုတောင်းစကားလေးတွေ ပြောထားကြတာပဲ ဖြစ်ပါတယ်နော်..။

ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ကြတဲ့ရဲလေး၊ကျော်ထက်ဇော်၊နေဒွေး၊ဖွေးဖွေး၊အိချောပို၊စိုးပြည့်သဇင်၊နန်းစန္ဒာလှထွန်း၊ဟန်လေးနဲ့ပွင့်တို့ကသူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေကနေညီလေးညီမလေးတွေအတွက်ဆုတောင်းပေးထားတာပါ..။ချစ်ရတဲ့ပရိသတ်ကြီးတွေကလည်းဆယ်တန်းဖြေဆိုကြမယ့်ကျောင်းသားကျောင်းသူလေးတွေအတွက်ဆုတောင်းစကားလေးတွေနဲ့ အားပေးစကားလေးတွေလည်း ပြောပေးသွားကြပါဦးနော်..။

Share From Global Myanmar Media