လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့သားလေး သီဟအောင်ရဲ့ အမိုက်စား tik tok လေးများ

ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ကိုကိုဦး ရဲ့သားလေး သီဟအောင်ကတော့ ဒီ ၂၀၁၉ ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ အကယ်ဒမီ ရေကြိုအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ် ။ ဒီအကယ်ဒမီရွေကြိုအဖြစ် ပါဝင်ခွင့် ရခြင်း ဟာ အနုပညာလမ်းကြောင်းပေါ်လျှောက်ဖို့ ပရိသတ်တွေ နဲ့ မိတ်ဆက်ပေး လိုက်တဲ့ သဘောပဲလို့ ကိုကိုဦးက အင်တာဗျူးတွေ မှာ ဖြေဆိုခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာ သီဟအောင်လေးကို ပရိသတ်တွေက ချစ်ခင်ကြသလို မိန်းကလေး ပရိသတ်တွေကလည်း အများအပြား ဝန်းရံနေကြတာတွေ့ရပါတယ် ။

ကိုကိုဦး ကို ယောက္ခမလို့ခေါ်နေကြတဲ့ အထိ သီဟအောင် ကို ဝန်းရံတဲ့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ အများပြားရှိခဲ့ပါတယ်။ သီဟအောင် ကိုယ်တိုင်ကလည်း အနုပညာအလုပ်ကို ဝါသနာပါသလို ပရိသတ်ချစ်ခင်မှုတွေလည်း ရရှိနေပြီဆိုတော့ အကယ်ဒမီပေးပွဲပြီးရင်တော့ အနုပညာအလုပ်တွေ လုပ်ခွင့်ရရင် လုပ်ချင်တယ်လို့ သိရပါတယ် ။

လတ်တလောမှာတော့ ပျိုပျိုမေတို့ရဲ့အသည်းစွဲလေး သီဟအောင်ရဲ့ ချစ်စရာကောင်းတဲ့ tik tok လေးတွေကို CeleGabar ပရိသတ်တွေအတွက် အခုပဲ မျှဝေပေးလိုက်မယ်နော် ။credit-celegabar

Share From Lucky Myanmar