ဆယ်တန်းဖြေဆိုမည့် သမီးဖြစ်သူထံ ထမင်းချိုင့်ပို့ပြီး အပြန်မှာ ကားနှင့်တိုက်မိလို့ မိခင်ဖြစ်သူ သေဆုံး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ပြည်မြို့ ပြည် / အောင်လံကားလမ်းမိုင်တိုင် အမှတ် ၁၈၂/၇နှင့် ၁၈၃/၀ကြား၊ငါးရွာအုပ်စု၊ထန်းပေါက်ကျေးရွာ အနီး၌ မတ်(5)ရက်နေ့ နေ့လည်တွင် ယာဉ်တိုက်မှူဖြစ်ပွားကြောင်း၊သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် သီဟထွန်း၊တာဝန်မှူး ဒုရဲအုပ် အေးအေးမောင်နှင့်အဖွဲ့မှ အခင်း ဖြစ်ရပ်သို့သွားရောက်စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးရာ အောင်လံဘက်မှပြည်ဘက်သို့ ဒေါ်မျိုးသီတာ(ဘ)ဦးတင်ထွန်း စက်ချူပ် ထန်းပေါက်ကျေးရွာ၊ငါးရွာအုပ်စု၊ပြည်မြို့နေသူ မာင်းနှင်လာသော ၁၇ယ/……၊Yinhiand-110 အနက်ရောင်ဆိုင်ကယ်အား လားရာတူနောက်မှ ကျော်ဇင်လတ်(၃၈)နှစ်၊(ဘ)ဦးတင်ရွှေ၊ယာဉ်မောင်း၊အမှတ်(၁၃)မြတ်လေးလမ်း၊တောင်မြို.ရပ်ကွက် သီပေါမြို့နေသူမောင်းနှင်လာသော 2K/……HYUNDAISTAREHMINI BUS(မီးခိုးရောင်)ခရီးသည်တင်ယာဉ်မှ နောက်မှဝင်တိုက်မိခဲ့ပါတယ်

ဆိုင်ကယ်မှာတိမ်းမှောက်သွားခဲ့ပါပြီး လမ်းဝဲဘက်ခြမ်းလမ်းဘေးတွင် ချရပ်ထားသောကိုစိုးစိုးမင်း ယာဉ်မောင်း ဖုန်းမသိမ်ကျေးရွာ ကြာအင်းအုပ်စု ပြည်မြို့နေသူရပ်တန့်ထားသော၆ဌ/……၊ အပြာရောင် ထော်လာဂျီအား ထပ်မံတိုက်မိသဖြင့် ဒေါ်မျိုးသီတာတွင် ၀ဲခြေသလုံးပွန်းဝဲခြေမျက်စိပေါက်ပြဲ ယာပါးပွန်း ယာချိုးစောင်း ပေါက်ပြဲ ဒဏ်ရာများရရှိသောကြောင့် ပြည်ဆေးရုံကြီးသို့ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ရပါတယ်။

ဖြစ်စဉ်နှင့်ပက်သက်၍ယာဉ် မောင်းနှင်သူကျော်ဇင်လတ်အား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်သီဟထွန်း အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ပြည်မြို့မှ တရားလိုပြုတိုင်တန်းသဖြင့်ပြည်(၃)နယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၄ကဖြင့် အမှူဖွင့်ထားရှိကာ အမှူအား ဒုရဲအုပ်အေးအေးမာမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

‘‘ဆိုင်ကယ်မောင်းနှင်တဲ့အ မျိုးသမီးက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့် သမီးဖြစ်သူရှိတဲ့ ဘော်ဒါဆောင်ကို ထမင်းပို့သွား ပြီးအပြန်မှာ မတော်တဆဖြစ်ခဲ့ တာလို့သိရတယ်’’ ဟု ထန်း ပေါက်ကျေးရွာဒေသခံဦးကျော် လွင်ကပြောသည်။

“ယာဉ်မောင်းကအရက်မူးနေတယ် ၁၀ တန်းသမီးလေးနဲ့ သားမိနှစ်ယော်က်ထဲရှိတဲ့ဘဝမို့အသက်နှစ်ချောင်းဆုံးရှုံးလိုက်သလိုပါပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်…

သေဆုံးသူအမျိုးသမီး ဒေါ်မျိုးသီတာ သည် အသက် (၄၆) နှစ်အရွယ်ရှိပြီး ဦးခေါင်း၊ ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိပြီး ပြည် ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-42367188