ဝစီပိတ်ကျင့်ပြီး တရားစခန်းဝင်နေတဲ့ ရွှေမှုန်ရတီ

ရွှေရွှေစုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့မှည့်ခေါ်ထားကြတဲ့ လူငယ်စုံတွဲလေးကတော့ ဘာသာရေးကိုလည်း မလွတ်ရအောင် ကိုင်းရှိုင်းရိုသေတတ်ကြသူတွေပါ။ အသက်ငယ်ပေမယ့် အောင်မြင်မှုတွေကို ထိပ်ဆုံးထိ ရယူနိုင်ထားကြတဲ့ လူငယ်တွေလည်းဖြစ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက်လောက်အောင် ချစ်ကြတာတွေကိုလည်း ပရိသတ်တွေသိကြမှာပါနော်။

ရွှေမှုန်ရတီကတော့ မတ်လ ၈ ရက်နေ့က တရားစခန်းဝင်ရောက်သွားခဲ့ကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ တရားစခန်း မဝင်ရောက်ခင်မှာလည်း ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူ သံဃာနဲ့ဆရာတော် ၄၈ ပါးကို အာရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီ မွန်မြတ်တဲ့အလှူကုသိုလ်လေးကိုတော့ ရွှေထူးကသူ့ရဲ့အကောင့်မှာရေးသားထားခဲ့တာဖြစ်ပါတယ်။

“ယနေ့ ကျွန်တော့် အမျိုးသမီး တရားစခန်း ဝင်ရင်းနဲ့ ၂ ယောက်အတူ … သံဃာ နှင့် ဆရာလေး ၂၄၈ ပားကို အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကပ်လှူပူဇော်ခဲ့ပာတယ် …နတ်လူသတ္တဝါ သာဓု ခေါ်စေသောဝ် 🙏🏻” ဆိုပြီး ဖော်ပြထားပါတယ်။

ယနေ့မှာတော့ ရွှေထူးက ဇနီးသည် ရွှေမှုန်လေးကို လွမ်းနေကြောင်း Live လွှင့်ရင်းနဲ့ပြောပြလာခဲ့တာပါ။ တရားစခန်းဝင်နေတဲ့ ဇနီးဖြစ်သူနဲ့ စကားမပြောရတာ (၂) ရက်ရှိနေပြီဖြစ်ကြောင်းနဲ့ သူမက ဝစီပိတ်ကျင့် ပြီး တရားစခန်းဝင်နေတာကြောင့် စကားပြောဖို့ မဖြစ်နိုင်တာလို့လည်း ပြောထားပါသေးတယ်။ ဇနီးသည်ကိုလွမ်းနေတဲ့ မျက်နှာလေးနဲ့ ရွှေထူးရဲ့ Live ကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Video ကြည့်ရန်

Source : We Love Cele
Video Source-Htoo Khant