
Zawgyi






celegabar

Unicode

အသည်းလည်း မကွဲတော့သလို ဘယ်သူ့ကိုမှလည်း မယုံကြည်တော့ဘူး ဆိုတဲ့ ခြူးလေး

MRTV 4 က ဇာတ်လမ်းတွဲပေါင်း များစွာမှာ သရုပ်ဆောင် ခဲ့ပြီး ပရိသတ် အခိုင်အမာ ရရှိ ထားတဲ့ ပရိသတ် အချစ်တော် ခြူးလေး ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီး သားမင်းသမီး ချောလေး တယောက်ဆိုတာ ပြောစရာ လိုမယ် မထင်တော့ ပါဘူးနော် ။

မကြာသေးမီ ကမှ ခြူးတစ်ယောက် ချစ်သူနဲ့ လမ်းခွဲပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစား ခဲ့တဲ့ သတင်းက ပရိသတ်တွေကြားမှာ အရမ်းကို ဂယက်ရိုက် ခဲ့တာပါ ။ ဒါပေမယ့် အခုတော့ အတိတ်တွေကို မေ့ပစ်ပြီး အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင် နေပြီ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ကိုယ့်ကို ချစ်တဲ့ပရိသတ်တွေ စိတ်မကောင်းဖြစ်မှာ စိုးလို့ အသည်း မကွဲတော့ ပါဘူး လို့ ခြူးက ပြောပြခဲ့ ပါတယ် ။ မကြာသေးမီ ကမှ ဖြစ်ပျက် ခဲ့တဲ့ အဖြစ်ပျက်တွေ အတွက် ပရိသတ်တွေက သူမကို အရမ်း စိတ်ပူ ထားကြ ရတာ ဖြစ်တဲ့အတွက် ပုံစံပြောင်းပြီး သွက်သွက် လက်လက် လေးနဲ့ နေပြ လိုက်တဲ့ အခါ ပရိသတ်တွေအတွက် ပိုစိတ်ချမ်းသာ ရမယ် ထင်လို့ပါတဲ့ ။

သူမ အနေနဲ့ ကိုယ့်ကိုယ် ကို က လွဲရင် ဘယ်သူ့ကိုမှ မယုံကြည်တော့ သလို တကယ် လို့များ တစ်နေ့နေ့ တချိန်ချိန်မှာ အချစ်သစ်များ ပေါ်လာခဲ့မယ် ဆိုရင်တော့ အပြည့် အဝ ကြီးတော့ မယုံကြည်နိုင်တော့ဘူး လို့လည်း သိရပါတယ် ။

celegabar