အကယ်ဒမီ ရွှေကြိုအတွက် ကြိုတင်လေ့ကျင့်နေကြတဲ့ မေတိုးခိုင်တို့ သူငယ်ချင်းတစ်စုရဲ့ နောက်ခံပုံရိပ်

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်ဟာဆိုရင် ၂၀၁၈ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးအတွက် ရွှေကြိုမယ်တစ်ယောက်အဖြစ် အရွေးချယ်ခံထားခဲ့ရတာပဲ ဖြစ်ပါတယ်။

ယခုဆိုရင် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကလည်း နီးကပ်လာပြီဖြစ်တာကြောင့် ကြိုတင်ပြီး လေ့ကျင့် ပြင်ဆင်နေခဲ့ကြရပြီပဲ ဖြစ်ပါတယ်။

အကယ်ဒမီ ပေးပွဲကြီးအတွက် ဆုချီးမြှင့်ပေးရန် အကြိုလေ့ကျင့်နေကြတဲ့ မေတိုးခိုင်တို့ မောင်နှမအဖွဲ့ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ အကယ်ဒမီ ပေးပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်နေကြောင်းကိုတော့ မေတိုးခိုင်က ” ကြိုတင်လေ့ကျင့် မှုများ တစ်ယောက်လိုတာ တစ်ယောက်ထောက်ပြရင်း ပြင်ဆင်ကြ ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေကြိုအတွက် မင်းသားကြီး နေထက်လင်းရဲ့သား ထက်လင်းအောင်နဲ့ အတူတွဲရတဲ့ မေတိုးခိုင်ကတော့ ” အရယ်သန်လွန်းတဲ့ အမနဲ့တွဲရလို့ စိတ်မကောင်းဘူး မောင်လေးရယ် ” ဆိုပြီး ဟာသအနေနဲ့ ပြောပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

စင်နောက်ရောက်တာနဲ့ ရယ်တာမရပ်ကြတော့တဲ့ မေတိုးခိုင်တို့ အနုပညာရှင် ညီအစ်မများအဖွဲ့ကတော့ အရမ်းကို ချစ်စရာကောင်းလွန်းလှပါတယ်နော်။

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးမှာ ပါဝင်ပေးကြမယ့် အနုပညာရှင် မျိုးဆက်သစ်လေးတွေကလည်း အရမ်းကို ချစ်စရာကောင်းပြီး အတွဲညီလွန်းလှပါတယ်နော်။

မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့ အကယ်ဒမီ ဆုပေးပွဲကြီးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ကြိုးစားနေကြပြီဖြစ်တဲ့ မေတိုးခိုင်တို့ အနုပညာရှင် မောင်နှမများအဖွဲ့ ချစ်စရာပုံရိပ်လေးတွေကို Shareပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။credit-momolay

Share From Lucky Myanmar