၂၀၁၈ ခုနှစ် အတွင်းက အနုပညာကြေး အမြင့်ဆုံး မင်းသမီးလေးယောက်…

မြန်မာနိုင်ငံမှာ သရုပ်ဆောင် မင်းသမီးတွေ များစွာရှိတဲ့အနက် နှစ်စဉ် အလိုက် သရုပ်ဆောင်ကြေး အမြင့်မားဆုံး မင်းသမီးတွေ ပေါ်ထွက် လာစမြဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်မှု စွမ်းရည်တွေ အလိုက် ဇာတ်ကား ရိုက်ကူးရမှု တွေလည်း အနည်း အများပေါ် မူတည် လာပြီး အနုပညာကြေးတွေ လည်း ကွာဟ လာတာ ဖြစ်ပါတယ် ။

ယခု ဖော်ပြပေးမှာ ကတော့ ၂၀၁၈ ခုနှစ် အတွက် အနုပညာကြေး အမြင့်ဆုံး အမျိုးသမီး သရုပ်ဆောင်တွေကို ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ဖွေးဖွေး ၊ ဝတ်မှုန်ရွှေရည် ၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို တို့မှာ သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသမီးများ ဟု ကြေငြာခဲ့ သော်လည်း ယခုနှစ် တွင်ကား တခြား နေရာများ အတွက် အပြောင်းအလဲ သိပ်မရှိလှ သော်လဲ နံပါတ်တစ် နေရာ အပြောင်းလဲ ဖြစ်သွားကြောင်း စုံစမ်း သိရှိရ ပါသတယ် ။

၂၀၁၈ ခုနှစ်တွင် ဝတ်မှုန်ရွှေရည်က သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသမီး နေရာတွင် ရပ်တည်နေပြီး လိပ်ပြာစံအိမ် နှင့် ဒဏ္ဍာရီမိုး ဇာတ်ကားများ အတွက် တစ်ကားလျှင် သိန်း ၂၃၀ ခန့်ဖြင့် လက်ခံ ရိုက်ကူးခဲ့ သည် ။

သူမနောက်တွင် ယမန်နှစ်က အနုပညာကြေး အမြင့်ဆုံး မင်းသမီး ဖွေးဖွေးက သိန်း ၂၂၅ သိန်း ခန့် ဖြင့် ရပ်တည် နေပါတယ် ။

တတိယ နေရာတွင် အိန္ဒြာကျော်ဇင်က သိန်း ၂၁၀ ခန့်ဖြင့် သူမ၏ တတိယ နေရာကို ယနေ့ အချိန်အထိ ဆုတ်ကိုင် ထားဆဲ ဖြစ်သည် ။

စတုတ္တ နေရာတွင် တော့ မိုးဟေကိုက ပပဝတီ စီရင်ခန်း ငယ်ကျွမ်းဆွေ ဇာတ်ကားများကို သိန်း ၂၀၀ ခန့်ဖြင့် လက်ခံ ထားကြောင်း သိရပါသည် ။

ပဉ္စမ နေရာတွင် ရွှေမှုန်ရတီက ယခုနှစ် ဇာတ်ကား အတော် များများကို သိန်း ၁၈၀ ခန့်ဖြင့် ရိုက်ကူးပေး ခဲ့ကြောင်း သိရသည် ။

ယခုနှစ် အတွင်း သရုပ်ဆောင်ကြေး အမြင့်ဆုံး အခြား မင်းသမီးများမှာ သက်မွန်မြင့် ၊ ပိုင်ဖြိုးသု ၊ အိချောပို နှင့် စိုးမြတ်သူဇာ တို့ဖြစ်သည် ။

Share From Myanmar Celes Media