ခင်လှိုင်ကို ဘက်စုံတော်တဲ့အနုပညာရှင်လို့ချီးကျူးလိုက်တဲ့ တက္ကသိုလ်ဂွမ်းပုံ

ပရိသတ်တွေကို အမြဲတမ်းရယ်မောပျော်ရွှင်မှုပေးတဲ့ ပရိသတ်အချစ်တော် တက္ကသိုလ်ဂွမ်းပုံနဲ့ဟာသသရုပ်ဆောင်ခင်လှိုင်တို့ ဟာပရိသတ်တွေရဲ့ချစ်ခင်မှုကိုအပြည့်ဝရရှိထားတဲ့ဟာသသရုပ်ဆောင်မြန်မာနိုင်ငံရဲ့နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တွေဘဲ ဖြစ်ပါ တယ် ။ သူတို့နှစ်ယောက်ဟာ ဝါသနာပါရာ အနုပညာအလုပ်နဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေတဲ့သူတွေဖြစ်ပြီး ကုသိုလ်ရေးမှာလည်း အလှူအတန်းတွေလည်း အတူတူလုပ်ပြီး အရမ်းကိုချစ်ခင်ကြတဲ့ အနုပညာ မောင်နှမတွေပါ ။

အနုပညာအလုပ်တွေအတူတူလုပ်ကိုင်ရင်းအနုပညာမောင်နှမတွေကနေတစ်ကယ်ကိုချစ်ခင်ရင်းနှီးတဲ့မောင်ရင်းနှမရင်းတွေလိုရိုက်ကွင်းနောက်ကွယ်မှာလည်းခင်မင်ကြတဲ့သူတွေဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာအတူတူတွဲဖက်ရိုက်ကူးဖူးတဲ့အပြင်သူတို့ရဲ့ဟာသသရုပ်ဆောင်ပီပြင်မှုတွေနဲ့ပရိသတ်ကိုရယ်မောပျော်ရွှင်စေတဲ့သူတွေဖြစ်လို့ပရိသတ်အချစ်တွေကိုသိမ်းကြုံးယူထားတဲ့သူတွေလည်း ဖြစ်ပါတယ် ။” ဤအရာကိုအချစ်ဟုခေါ်သည်”ရုပ်ရှင်ကားကြီးမှာပရိသတ်တွေရဲ့အကယ်ဒမီ ခန့်မှန်း မှုကို ရရှိခဲ့ပေမယ့် တက္ကသိုလ်ဂွမ်းပုံကသာ အကယ်ဒမီရရှိခဲ့ပြီး ခင်လှိုင် ကတော့ အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရပါတယ် ။

တီဂွမ်းကခင်လှိုင်ကိုတကယ်ကိုဘက်စုံတော်တဲ့အနုပညာရှင်လို့အမြဲတမ်းသတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါရိုက်တာ၊ပြဇာတ်၊ဟာသ၊ဒရမ်မာ၊အက်ရှင်အားလုံးကိုပိုင်နိုင်တဲ့အပြင်သူ့ကိုဘာခိုင်းခိုင်းအားလုံးလုပ်နိုင်တဲ့တကယ်ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ယောက်ပါလို့ခင်လှိုင်အပေါ်တီဂွမ်းရဲ့အမြင်လေးကိုပြောပြခဲ့ပါတယ်။ဘယ်အပိုင်းကခိုင်းခိုင်းအားလုံးပိုင်နိုင်နေတဲ့တကယ့်အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်တယ်လို့အကယ်ဒမီသာမရသေးပေမယ့်အရမ်းတော်တယ်လို့ချီးမွမ်းခဲ့တာဖြစ်ပါတယ် ။

CRD-Cele Gabar

Share From Global Myanmar Media