ဇနီးအတြက္ ရက္ေပါင္း ၄၀ ဆက္တုိက္ မရပ္မနား ႀကဳိးစားေပးခဲ့တဲ့ ေယာက္်ားတစ္ေယာက္ရဲ႕ စြမ္းပကား

ယေန႔ ေခတ္မွာ ကမာၻႀကီးဟာ ပြင့္လင္းလာပါၿပီ။ လူအခ်င္းခ်င္း ခြဲျခားခံရတယ္ဆုိတာ မရွိေတာ့ သေလာက္ျဖစ္ေနေပမယ့္ အိႏၵိယမွာေတာ့ ဇာတ္နိမ့္ ဇာတ္ျမင့္ ခြဲျခားမႈေတြဟာ ရွိေနတုန္းပါပဲ။

Maharashtra ျပည္နယ္ရဲ႕ အေနာက္ပုိင္းက Kalembeshwar ဆုိတဲ့ ရြာမွာ ျဖစ္ပြားခဲ့တာပါ။ ဇနီးျဖစ္သူဟာ အဲဒီေန႔က အမ်ားသုံးေရတြင္းမွာ ေရသြားခပ္တဲ့ အခါမွာ ဇာတ္နိမ့္ေတြ မခပ္ရ ဆုိၿပီး လူအမ်ားက ႏွင္ထုတ္ ခဲ့တာပါ။

ဒါကုိ သိသြားတဲ့ ေယာက္်ားျဖစ္သူဟာ သူအလြန္ခ်စ္ရတဲ့ ဇနီးရဲ႕ လုိအပ္ခ်က္ကုိ အံၾသဖြယ္ ျဖည့္ဆည္းေပးခဲ့ပါတယ္။ သူဟာ သာမန္ဆင္းရဲတဲ့ အလုပ္သမားျဖစ္တာေၾကာင့္ ကုိယ္ပုိင္ေရတြင္း တူးဖုိ႔ ပုိက္ဆံမရွိ ပါဘူး ။

ဒါေၾကာင့္ ေရတြင္းကုိ တစ္ကုိယ္ေတာ္ တူးဖုိ႔ ဆုံးျဖတ္ၿပီး စတင္တူးပါေတာ့တယ္။ သူ႔ရဲ႕ပုံမွန္အလုပ္ကုိ လုပ္ၿပီး တစ္ေန႔ကုိ ေရတြင္းတူးဖုိ႔ ၆ နာရီ အခ်ိန္ေပးခဲ့ပါတယ္။ အလုပ္မသြားခင္ မနက္ ၄ နာရီ ပုိထၿပီး ေရတြင္းကုိ တူးတယ္။

အဲဒီေနာက္ အလုပ္ကုိ သြားၿပီး ညေန အလုပ္ျပန္တဲ့ အခ်ိန္မွာ ၂ နာရီ ထပ္တူးပါတယ္။အဲဒီေနရာ တစ္ဝုိက္ဟာ ေက်ာက္ေဆာင္ေတြ အလြန္ ထူထပ္တာေၾကာင့္ စက္ေတြနဲ႔ တူးရင္ေတာင္ မလြယ္ကူပါဘူး။

မျဖစ္ႏုိင္တာကုိ လုပ္တဲ့ အရူးလုိ႔ တစ္ရြာလုံးရဲ႕ ေလွာင္ေျပာင္ျခင္းကုိ ခံရပါတယ္။ ဒါေပမယ့္ သူဇြဲမေလ်ာ့ခဲ့ပါဘူး။ ၁ ေပ အနက္ကုိ ၃ ရက္ေလာက္ တူးခဲ့ရေပမယ့္ တစ္ရက္မနားဘဲ အစြမ္းကုန္ တူးခဲ့ပါတယ္။

ရက္ေပါင္း ၄၀ ဆက္တုိက္ မနားမေနတူးၿပီးတဲ့အခါမွာေတာ့ သူ႔ႀကဳိးစားမႈ ေအာင္ျမင္ခဲ့ပါတယ္။ ၁၅ ေပ အနက္မွာ ေရကုိ ေတြ႔ရွိခဲ့တဲ့ အတြက္ျဖစ္ပါတယ္။

ေရတြင္းဟာ ေရထြက္အလြန္ေကာင္းတဲ့ အတြက္ သူတုိ႔အတြက္ျပင္ ပုိလွ်ံလ်က္ ရွိပါတယ္။ ဒီေနရာမွာ သူ႔ရဲ႕ေလးစားဖြယ္ သေဘာထားကို ေတြ႔ရပါတယ္။

သူတုိ႔ကုိ ႏွိမ္တဲ့သူေတြနဲ႔ မျဖစ္ႏုိင္ဘူးလုိ႔ ေလွာင္ရယ္ခဲ့တဲ့ အနီးအနားက လူေတြကုိ သူ႔ရဲ႕ေရတြင္းမွာ ေရကုိ ခပ္ေစခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ သူ႔ရဲ႕ ဇြဲ နဲ႔ ေလးစားဖြယ္ စိတ္ဓာတ္ကုိ တစ္ရြာလုံး အသိအမွတ္ ျပဳလုိက္ရပါေတာ့တယ္။

#သုတဇုန္

==============

မောင်းထုတ်ခံရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ဆက်တိုက် မရပ်မနား ကြိုးစားပေးခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ စွမ်းပကား

•••••••••••••••••••••••••••••••••••

ယနေ့ ခေတ်မှာ ကမ္ဘာကြီးဟာ ပွင့်လင်းလာပါပြီ။ လူအချင်းချင်း ခွဲခြားခံရတယ်ဆိုတာ မရှိတော့ သလောက်ဖြစ်နေပေမယ့် အိန္ဒိယမှာတော့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုတွေဟာ ရှိနေတုန်းပါပဲ။

Maharashtra ပြည်နယ်ရဲ့ အနောက်ပိုင်းက Kalembeshwar ဆိုတဲ့ ရွာမှာ ဖြစ်ပွားခဲ့တာပါ။ ဇနီးဖြစ်သူဟာ အဲဒီနေ့က အများသုံးရေတွင်းမှာ ရေသွားခပ်တဲ့ အခါမှာ ဇာတ်နိမ့်တွေ မခပ်ရ ဆိုပြီး လူအများက နှင်ထုတ် ခဲ့တာပါ။

ဒါကို သိသွားတဲ့ ယောက်ျားဖြစ်သူဟာ သူအလွန်ချစ်ရတဲ့ ဇနီးရဲ့ လိုအပ်ချက်ကို အံသြဖွယ် ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူဟာ သာမန်ဆင်းရဲတဲ့ အလုပ်သမားဖြစ်တာကြောင့် ကိုယ်ပိုင်ရေတွင်း တူးဖို့ ပိုက်ဆံမရှိ ပါဘူး ။

ဒါကြောင့် ရေတွင်းကို တစ်ကိုယ်တော် တူးဖို့ ဆုံးဖြတ်ပြီး စတင်တူးပါတော့တယ်။ သူ့ရဲ့ပုံမှန်အလုပ်ကို လုပ်ပြီး တစ်နေ့ကို ရေတွင်းတူးဖို့ ၆ နာရီ အချိန်ပေးခဲ့ပါတယ်။ အလုပ်မသွားခင် မနက် ၄ နာရီ ပိုထပြီး ရေတွင်းကို တူးတယ်။

အဲဒီနောက် အလုပ်ကို သွားပြီး ညနေ အလုပ်ပြန်တဲ့ အချိန်မှာ ၂ နာရီ ထပ်တူးပါတယ်။အဲဒီနေရာ တစ်ဝိုက်ဟာ ကျောက်ဆောင်တွေ အလွန် ထူထပ်တာကြောင့် စက်တွေနဲ့ တူးရင်တောင် မလွယ်ကူပါဘူး။

မဖြစ်နိုင်တာကို လုပ်တဲ့ အရူးလို့ တစ်ရွာလုံးရဲ့ လှောင်ပြောင်ခြင်းကို ခံရပါတယ်။ ဒါပေမယ့် သူဇွဲမလျော့ခဲ့ပါဘူး။ ၁ ပေ အနက်ကို ၃ ရက်လောက် တူးခဲ့ရပေမယ့် တစ်ရက်မနားဘဲ အစွမ်းကုန် တူးခဲ့ပါတယ်။

ရက်ပေါင်း ၄၀ ဆက်တိုက် မနားမနေတူးပြီးတဲ့အခါမှာတော့ သူ့ကြိုးစားမှု အောင်မြင်ခဲ့ပါတယ်။ ၁၅ ပေ အနက်မှာ ရေကို တွေ့ရှိခဲ့တဲ့ အတွက်ဖြစ်ပါတယ်။

ရေတွင်းဟာ ရေထွက်အလွန်ကောင်းတဲ့ အတွက် သူတို့အတွက်ပြင် ပိုလျှံလျက် ရှိပါတယ်။ ဒီနေရာမှာ သူ့ရဲ့လေးစားဖွယ် သဘောထားကို တွေ့ရပါတယ်။

သူတို့ကို နှိမ်တဲ့သူတွေနဲ့ မဖြစ်နိုင်ဘူးလို့ လှောင်ရယ်ခဲ့တဲ့ အနီးအနားက လူတွေကို သူ့ရဲ့ရေတွင်းမှာ ရေကို ခပ်စေခဲ့ပါတယ်။ ခုချိန်မှာတော့ သူ့ရဲ့ ဇွဲ နဲ့ လေးစားဖွယ် စိတ်ဓာတ်ကို တစ်ရွာလုံး အသိအမှတ် ပြုလိုက်ရပါတော့တယ်။

#သုတဇုန်