မြူးကြွလန်းဆန်းသော သံစဉ်တွေနဲ့အညီ ကပြဖျော်ဖြေခဲ့တဲ့ ဝိုင်းလေးရဲ့ အမိုက်စားဗီဒီယိုဖိုင်
Source Wint Yee Shunn,CRD-Myanmarload
UNICODE
အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ ဂီတလောကထဲသို့ဝင်ရောက်လာခဲ့တဲ့ အဆိုတော်ဝိုင်းလေးဟာဆိုရင်တော့ “ချစ်သေးရဲ့လား”၊ “လက်ခံပြီးသား”၊”တာဝန်အရ”ဆိုတဲ့ကိုယ်ပိုင်သံစဉ်လေးတွေနဲ့ထုဆစ်ဖန်းတီးထားတဲ့သီချင်းလေးတွေဖြင့်ပရိသတ်ရင်ခွင်ထဲကိုထိုးဖောက်ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်…။သိတ်မကြာခင်ကထွက်ရှိထားတဲ့”လွတ်လပ်ရေး”သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း အချိန်တိုအတွင်းမှာ social media လောကတစ်ခွင်အောင်မြင်ကျော်ကြား ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
အဆိုတော် ဝိုင်းလေးကတော့ Miss World Myanmar 2014 သရဖူဆုကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့uniအသီးသီးတို့ရဲ့ကျောင်းသြင်္ကန်ပွဲမှာနိုင်ငံကျော်တေးသံရှင်တွေနဲ့လိုက်လံဖျော်ဖြေတင်ဆက်နေတာကိုမြင်တွေ့ရမှာပါနော်….။ပရိသတ်ကြီးအတွက်တေးသီချင်းအသစ်တွေကိုလည်း ရေးဆက်ဖန်တီးနေတာဖြစ်ပါတယ်။
ဝိုင်းလေးကတော့ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုမြင်တွေ့ရမှာပါ..။အခုတစ်ခါမှာဆိုရင်လည်းမောင်နှမနှစ်ယောက်နိုင်ငံခြားသီချင်းလေးနဲ့အတွဲညီညီကပြဖျော်ဖြေတင်ဆက်ခဲ့တာကို”အက Video လေး တင်မယ်နော်…မောင်နှမနှစ်ယောက် ချက်ချင်းသင် ချက်ချင်းက” ဆိုတဲ့ status လေးနဲ့တကွသူမရဲ့officialfacebookaccတွင်ထုတ်ဖော်တင်ဆက်ပြသထားတာကိုပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်…။
Share From Global Myanmar Media