သူမရဲ့လက်ဝတ်ရတနာတွေကို ဘုရားဌာပနာအတွက် လှူဒါန်းခဲ့တဲ့ မင်းသမီးချောလေး ခြူး




Photo – ခြူး,CRD-Myanmarload

UNICODE

ပရိသတ်ကြီးရေ..အနုပညာလောကမှာMRTV4ရုပ်သံဇာတ်ကားတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ရရှိထားကြတဲ့အနုပညာရှင်တွေထဲမှာသရုပ်ဆောင်မင်းသမီးချောလေးခြူးကလည်းအပါအဝင်ပါပဲ..။ပရိသတ်တွေရဲ့အသည်းကျော်ခြူးလေးကတော့အောင်မြင်တဲ့အနုပညာရှင်မင်းသမီးချောလေးတစ်ဦးဖြစ်သလိုသူမရဲ့အနုပညာကြေးငွေလေးတွေနဲ့လည်းတတ်နိုင်သဘေလာက် မကြာခဏလှူဒါန်းမှုလေးတွေ ပြုလုပ်လေ့ရှိသူလေးလည်း ဖြစ်ပါတယ်နော်..။

ခြူးလေးကတော့အခုလတ်တလောမှာလည်းဝဋ်ကြွေးတော်ကျေဘုရားမှာသူမရဲ့လက်ဝတ်ရတနာလေးတွေဖြစ်တဲ့နားကပ်၊လက်စွပ်နဲ့လော့ကပ်လေးတွေကိုလည်းဘုရားဌာပနာအတွက်ထည့်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်နော်..။အဲ့ဒီနောက်မှာလည်းစစ်ဘေးရျောင်ကိုရင်လေးတွေအတွက်လစဉ်ဆန်လှူဒါန်းပြီးဝတ္တုငွေတွေကိုလည်းသူမရဲ့ဖြူစင်တဲ့လုပ်အားခလေးတွေနဲ့ တတ်နိုင်ကသလောက်လေး အလှူဒါနလေးပြုခဲ့ပါသေးတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

သူမရဲ့အလှူဒါနကုသိုလ်လေးတွေကိုလည်းဝီဝီလေးတွေနဲ့အတူချစ်ပရိသတ်တွေကိုလည်းသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်ပြန်လည်မျှဝေထားပြီးဆုတောင်းစကားလေးတွေလည်းပြောပေးထားတာတွေ့ရပါတယ်..။“ဒီနေ့အလှူလေးပါ……အောင်တော်မူဘုန်းဘုန်းကျောင်းမှာကုသိုလ်ယူရင်းဝဋ်ကြွေးတော်ကျေဘုရားမှာနားကပ်လက်စွပ်လော့ကပ်လေးဌာပနာလှူဒါန်းခဲ့ပါတယ်ရှင်လစဉ်စစ်ဘေးရှောင်ကိုရင်လေးတွေအတွက်ဆန်လှူဒါန်းပြီးဝတ္ထုငွေလည်းတတ်နိုင်တဲ့ဖြူစင်တဲ့လုပ်အားခလေးနဲ့အလှူဒါနပြုခဲ့ပါတယ်ပြုပြုသမျှကုသိုလ်အားလုံးကို၇ရက်သားသမီးအပေါင်းအားအမျှပေးဝေပါတယ်ရှင့်..”ဆိုပြီးရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Share From Global Myanmar Media