စာမေးပွဲဖြေဆိုနေတဲ့ သားသမီးတွေအတွက် မိဘမေတ္တကိုဖော်ပြခဲ့တဲ့ လက်တလောပုံရိပ်လေးများ

ပြည်တွင်းအနာဂတ်ကလေးငယ်များစွာရဲ့ ဘဝလမ်းတစ်ခုရွေးချယ်နိုင်ဖို့ အဓိကကျတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ လက်ရှိဖြေဆိုလျှက်ရှိတာတွေ့ရပါတယ်။ အခြေပညာအထက်တန်းကျောင်းရဲ့ နောက်ဆုံးရက်တွေဖြစ်သလို အဖြူအစိမ်းနဲ့ ကျောင်းတက်ခဲ့တဲ့ ဘဝနောက်ဆုံးရက်တွေလည်းဖြစ်ပါတယ်။ အရေးကြီးတဲ့အချိန်ဖြစ်တဲ့ အဆိုပါစာမေးပွဲကို မိဘ ညီအကိုမောင်နှမများစွာက လိုက်ပါကြပြီး မိမိသားသမီးတွေအတွက် အကောင်းဆုံး ကူညီပေးလေ့ရှိတာတွေ့ရပါတယ်။

အဆိုပါ သားသမီးအတွက် စိုးရိမ်စိတ်အပြည့်နဲ့ လိုက်ပါလာတဲ့ မိဘတွေထဲမှာ လက်ရှိဖြေဆိုနေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေလည်း ပါရှိနေတာကိုတွေ့ရပါတယ်။ စာမေးပွဲဖြေဆိုရန်ထွက်ခွာသွားတဲ့ သားသမီးတွေအတွက် ဆုတောင်းပေးခြင်း ကျောင်းအထိလိုက်ပါစောင့်ဆိုင်းပေးခြင်းနဲ့ ဖြေဆိုနိုင်ရန် စိုးရိမ်းပေးမှုတွေကတော့ ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခါစေမယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

မိဘမေတ္တာကို ရိုးရှင်းတဲ့ ဘဝအစစ်အမှန်နဲ့ ရိုက်ကူးထားတဲ့ အဆိုပါ ပုံရိပ်လေးတွေကတော့ လက်ရှိဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရင်ထဲမှာ တစ်စံတစ်ခုကျန်ရှိနေမယ့် လက်ရှိတက္ကသိုလ်စာမေးပွဲဖြေဆိုချိန်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

PHOTOS – FB’S
Share From swelsonenews