ဗီလိန်နေ ရာ သရုပ် မဆောင် ရဲတော့ကြောင်း ပရိသတ် ကိုအသိပေးလိုက်တဲ့ မိန်းမချော(သံသာမိုးသိမ့်)

လက်ရှိ မှာ ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲကတော့ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ကျွန်မကမဟေသီ

ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲဟာ နိုင်ငံကျော်စာရေးဆရာမ သျှင်မ ရဲ့ ဝထ္တု ကို မူရင်းနာမည် အတိုင်း ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုလည်းဖြစ်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲမှာ ဗီလိန်နေရာ ကနေ ဇာတ်ကို ပံ့ပိုးပေးခဲ့တဲ့ သရုပ်ဆောင် သံသာမိုးသိမ့် (မိန်းမချော)ရဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို

ကိုင်လှုပ်နိုင်ခဲ့တာပါ။သံသာမိုးသိမ့်ဟာ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲ နဲ့ လေးပါးကျော့ရှိန် ဝရဇိန်ရုပ်ရှင်ကားကြီးတွေမှာ

ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် မိန်းမချော ဇာတ်ရုပ် နဲ့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိသွားခဲ့တာပါ

ဗီလိန်နေရာ ကနေ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက် သံသာမိုးသိမ့်တစ်ယောက် ပရိသတ်တွေရဲ့ အမုန်းတွေကိုလည်းရရှိခဲ့တဲ့အပေါ် လူမှုကွန်ရက်စာမျက်နှာကနေ

ထုတ်ဖော်ရေးသားလိုက်တာကိုတွေ့ရပါတယ်။”နောင်ဆို ဗီလိန်နေရာမရိုက်ရဲအောင်

မလုပ်ကျပါနဲ့ကွယ် Cmt တွေဖတ်ဖတ်ပြီး ပါးတွေကျိန်း ကျိန်ဆဲတာတွေဖတ်ပြီး တစ်နေ့နေ့ဘုရားစာထိုင်ဆိုနေရတယ် ချောလေးက ဇာတ်ကားရဲ့သဘောသဘာဝအရ ယုတ်မာရတယ်

လူမုန်းအောင်သရုပ်ဆောင်ရတယ်ဒါပေမယ့် ဇာတ်ကားလို့စဉ်းစားပြီး ကိုယ့်စိတ်ကိုဖြေကျပါနော် စိတ်တိုအကုသိုလ်များရတာက ကိုယ်ကိုယ်တိုငိပါ စိတ်လျော့ကျနော် နောက်ဆိုပိုမုန်းရမှာ ”

ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ..ဗီလိ န်ဇာတ်ရုပ်ထပ်မရိုက်ရဲတော့တဲ့ မိန်းမချောလေးအတွက် မှတ်ချက်ကနေ တစ်ခုခု ပြောပေးခဲ့ကြပါဦးနော်။

credit- celegabar