မြညိုကြောင့် နာမည်ပြောင်းသွားတဲ့ ပြည်မြို့က ထမင်းဆိုင်လေး

MTRV-4 ကထုတ်လွှင့်တဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေအားပေးမှုကို အခိုင်အမာ ရရှိခဲ့တဲ့ မြညိုလို့ ချစ်စနိုးခေါ်ရတဲ့ မြတ်သူသူဇင်ကိုတော့ ပရိသတ်တွေ သိပြီးဖြစ်မှာပါ ။ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ အတူပရိသတ် အားပေးမှုတွေကို ရရှိထားသလို လက်ရှိရိုက်ကူးနေတဲ့ မှော်ပလ္လင်ဇာတ်လမ်းတွဲ မှာလည်း စန်ဒရာဆိုတဲ့ ထူးခြားတဲ့ ဇာတ်ရုပ်လေးကို သရုပ်ဆောင်ထား တာလည်းဖြစ်ပါတယ်။ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို အမြဲတမ်းဖော်ဖော်ရွေရွေ လေးလေးစားစား ဆက်ဆံတတ်တဲ့ မြညိုလေးကို ပရိသတ်တွေကလည်း အရမ်းကိုချစ်ကြပါတယ် ။

” အပြင်မှာတကယ်တော့ မြကန်သာဆို တဲ့ထမင်းဆိုင်လေးပါ စိမ်းမြညိုထမင်း ဆိုင်အနေနဲ့ ရိုက်ခဲ့တာအခုတော့ ပရိသတ်အသိအမှတ်ပြုမှုကြောင့် စိမ်းမြညိုလေးဖြစ်သွားလို့ အရမ်းဝမ်းသာမိပါတယ် ကိုယ့်မြို့ ကိုယ့်ဒေသမှာ ကိုယ့်ကိုအသိအမှတ်ပြုကြလို့လည်း အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်ပြည်ဘက်ရောက် ရင်တော့ မြညိုတို့ဆိုင်သွား စားဦးမယ် ” ဆိုတဲ့စာသားလေးနဲ့ အတူ သူမကိုချစ်ခင်တဲ့ ပရိသတ်ရဲ့ ထမင်းဆိုင်လေးအကြောင်းကို လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

သူမရဲ့ ပရိသတ်တွေကလည်း ပြည်ရောက်ရင် မြညိုနာမည်နဲ့ထမင်းဆိုင်လေးကို သွားစားကြမယ်လို့ မှတ်ချက်တွေပေးနေကြတာတွေ့ရပါတယ် ။

Source : Cele Gabar

Share From swelsonenews