စိုင်းစိုင်းရဲ့ Birthday Show မှာ သီချင်းတစ်ပုဒ်ကို မဆိုဖို့ တားမြစ်ခံလိုက်ရတဲ့ မိုးမိုး

နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကြီးက အခုဆိုရင် (၁၅)ကြိမ်မြောက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ (၁၅)နှစ်တိုင်တိုင် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မှာလဲ သူ့ရဲ့ Birthday Show အတွက် စတင်ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ Birthday Show က ပရိသတ် ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုသလို အဆိုတော်တွေများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပမြဲဖြစ်ပါတယ်။

ဧပြီလ (၁၀) ရက်နေ့မှာ ကျင်းပမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show မှာ စိုင်းစိုင်းရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ မိုးမိုးလဲ ပါဝင်ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။ မိုးမိုးကလဲ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ပွဲမှာ ပါဝင်ပြီး ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတဲ့ သူငယ်ချင်းကောင်းတစ်ဦးပါပဲ။

ဒါပေမယ့် မိုးမိုးတစ်ယောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ Show မှာ သူ့ရဲ့နာမည်ကြီး သီချင်းတစ်ပုဒ်ကိုတော့ သီဆိုခွင့်မရကြောင်း မိုးမိုးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

“ဒီနှစ်လဲ ခိုခိုစိုင်းပွဲမှာ ပါဝင်အားဖြည့်သီဆိုမှာ ဖြစ်ပါဒယ်။ မိုးမိုး တဲ့ ဟို သီချင်း တဲ့ မဆိုရဘူးနော်တဲ့။ ဘာသယ်ချင်းမြန်း ဖြစ်မယ်ထင်ဒုံး ပရိတ်သတ် 😋😋😋 🤘🤘🤘🤘” ဆိုပြီး မိုးမိုးက အရွှန်းဖောက်ထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ (၁၅)ကြိမ်မြောက် Birthday Show ကို ဧပြီလ(၁၀) ရက်နေ့မှာ ကျင်းပနေမှာပဲဖြစ်ပါတယ်။ ဒီနှစ်မှာလဲ စိုင်းစိုင်းရဲ့ Birthday Show မှာ မိုးမိုးကလဲ ဘာသီချင်းတွေနဲ့ ဖျော်ဖြေပေးမလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။ မိုးမိုးတစ်ယောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show မှာ သီဆိုခွင့်မရတဲ့ တစ်ပုဒ်တည်းသော သီချင်းက ဘာများဖြစ်မယ်ထင်လဲဆိုတာ ပြောပြပေးခဲ့ဦး။

Rowena
Source: Moe Sithu Kyaw’s fb
Share From Lovely Myanmar