လိုအပ္ခ်က္ေတြမ်ားလို႔ အႏုပညာအလုပ္မလုပ္ေသးတဲ့ မႈံနံ႔သာေက်ာ္ရဲေအာင္

မႈံနံ႔သာေက်ာ္ရဲေအာင္ကေတာ့ ဖခင္ျဖစ္သူ သ႐ုပ္ေဆာင္ေက်ာ္ရဲေအာင္နဲ႔ အႏုပညာအလုပ္ေတြ အတူတြဲလုပ္ခ်င္တဲ့ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။ သူမကိုယ္တိုင္ကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေသးတဲ့အေၾကာင္းကို ဆက္လက္ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ေက်ာ္ရဲေအာင္ရဲ႕ အႏုပညာမ်ိဳးစက္ တစ္ဦးျဖစ္တဲ့ မႈံ႕နံ႔သာေက်ာ္ရဲေအာင္ကိုလည္း ပရိသတ္ေတြက ခ်စ္ခင္အားေပးလွ်က္ရွိပါတယ္။ သူမကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္တဲ့အေၾကာင္းကို Duwun Media ကေနတဆင့္ ေျပာျပလာပါတယ္။

‘’ ငယ္ငယ္တုန္းကေတာ့ ႐ိုက္ဖူးတယ္၊ ကေလးသ႐ုပ္ေဆာင္ အေနနဲ႔ ႐ိုက္ဖူးတာပါ။ ေနာက္လည္း ေဖေဖနဲ႔ ႐ိုက္ခ်င္ပါတယ္။ အခုအႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္တာကလည္း ညီမ ဘာမွ မတတ္ေသးဘူးေပါ့ေနာ္။ ညီမမွာ လိုအပ္ခ်က္ေတြေရာ၊ သင္ယူစရာေတြေရာ အမ်ားႀကီးရွိေသးတာဆိုေတာ့ ဒါေၾကာင့္ မ႐ိုက္ျဖစ္တာပါ’’ ဆိုၿပီးေတာ့ မတ္လ ၁၁ ရက္ေန႔ ညက ‘’လွပ္၍လြင့္ေသာ’’ ႐ုပ္ရွင္ကားႀကီး အထူးပြဲကို တက္ေရာက္ရင္း ေျဖဆိုေပးခဲ့တာပါ။

အဲဒီေနာက္ ဖခင္ျဖစ္သူ အကယ္ဒမီေက်ာ္ရဲေအာင္ကလည္း အႏုပညာနဲ႔ပတ္သက္လာရင္ သမီးျဖစ္သူရဲ႕ ဆႏၵအတိုင္းသာ လြတ္လပ္ခြင့္ေပးထားတယ္လို႔ မႈံနံ႔သာေက်ာ္ရဲေအာင္က ဆက္လက္ေျပာျပလာပါတယ္။

‘’ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ဖို႔ဆိုတာ အရမ္းႀကိဳးစားမႈေတြ အမ်ားႀကီးလိုအပ္ပါတယ္။ ေဖေဖကေျပာတယ္၊ တကယ္ျဖစ္ခ်င္တာလားေပါ့၊ ဒီအလုပ္က စိတ္ေရာ၊ လူေရာ ပင္ပန္းတယ္ဆိုေတာ့ ညီမကို ေသခ်ာစဥ္းစားခိုင္းတယ္။ ငယ္ငယ္တုန္းကေတာ့ ေဖႀကီး ဇာတ္ကားေတြတိုင္းမွာ အၿမဲပါျဖစ္တယ္။ အခုခ်ိန္မွာေတာ့ လိုအပ္ခ်က္ေတြ ရွိပါေသးတယ္’’ လို႔ သူကဆိုပါတယ္။

မႈံနံ႔သာေက်ာ္ရဲေအာင္ (Mhone Nanthar Kyaw Ye Aung)ကိုေတာ့ ‘’ဆယ္လီ’’႐ုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အဲဒီေနာက္ သ႐ုပ္ေဆာင္ ေက်ာ္ရဲေအာင္ရဲ႕ သမီးလို႔ သိလိုက္ရတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ပိုမိုရရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမဟာ ဖခင္ျဖစ္သူရဲ႕ အႏုပညာအလုပ္ေတြကို ေလ့လာေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္

CRD-Duwun

ပရိသတ္ေတြအတြက္ ေက်ာ္ရဲေအာင္ရဲ႕ သားနဲ႔သမီးပံုရိပ္ေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ပရိသတ္ႀကီးကလဲ ေက်ာ္ရဲေအာင္ရဲ႕သားနဲ႔ သမီးေလးက္ိုခ်စ္ရင္ Share ေပးၾကပါဦးေနာ္။

Photo Source : Pannpwint

UNICODE

လိုအပ်ချက်တွေများလို့ အနုပညာအလုပ်မလုပ်သေးတဲ့ မှုံနံ့သာကျော်ရဲအောင်

မှုံနံ့သာကျော်ရဲအောင်ကတော့ ဖခင်ဖြစ်သူ သရုပ်ဆောင်ကျော်ရဲအောင်နဲ့ အနုပညာအလုပ်တွေ အတူတွဲလုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်သေးတဲ့အကြောင်းကို ဆက်လက်ပြောပြလာပါတယ်။

သရုပ်ဆောင်ကျော်ရဲအောင်ရဲ့ အနုပညာမျိုးစက် တစ်ဦးဖြစ်တဲ့ မှုံ့နံ့သာကျော်ရဲအောင်ကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးလျှက်ရှိပါတယ်။ သူမကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တဲ့အကြောင်းကို Duwun Media ကနေတဆင့် ပြောပြလာပါတယ်။

‘’ ငယ်ငယ်တုန်းကတော့ ရိုက်ဖူးတယ်၊ ကလေးသရုပ်ဆောင် အနေနဲ့ ရိုက်ဖူးတာပါ။ နောက်လည်း ဖေဖေနဲ့ ရိုက်ချင်ပါတယ်။ အခုအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း ညီမ ဘာမှ မတတ်သေးဘူးပေါ့နော်။ ညီမမှာ လိုအပ်ချက်တွေရော၊ သင်ယူစရာတွေရော အများကြီးရှိသေးတာဆိုတော့ ဒါကြောင့် မရိုက်ဖြစ်တာပါ’’ ဆိုပြီးတော့ မတ်လ ၁၁ ရက်နေ့ ညက ‘’လှပ်၍လွင့်သော’’ ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုပေးခဲ့တာပါ။

အဲဒီနောက် ဖခင်ဖြစ်သူ အကယ်ဒမီကျော်ရဲအောင်ကလည်း အနုပညာနဲ့ပတ်သက်လာရင် သမီးဖြစ်သူရဲ့ ဆန္ဒအတိုင်းသာ လွတ်လပ်ခွင့်ပေးထားတယ်လို့ မှုံနံ့သာကျော်ရဲအောင်က ဆက်လက်ပြောပြလာပါတယ်။

‘’ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ အရမ်းကြိုးစားမှုတွေ အများကြီးလိုအပ်ပါတယ်။ ဖေဖေကပြောတယ်၊ တကယ်ဖြစ်ချင်တာလားပေါ့၊ ဒီအလုပ်က စိတ်ရော၊ လူရော ပင်ပန်းတယ်ဆိုတော့ ညီမကို သေချာစဉ်းစားခိုင်းတယ်။ ငယ်ငယ်တုန်းကတော့ ဖေကြီး ဇာတ်ကားတွေတိုင်းမှာ အမြဲပါဖြစ်တယ်။ အခုချိန်မှာတော့ လိုအပ်ချက်တွေ ရှိပါသေးတယ်’’ လို့ သူကဆိုပါတယ်။

မှုံနံ့သာကျော်ရဲအောင် (Mhone Nanthar Kyaw Ye Aung)ကိုတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလို့ သိလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Share From Global Myanmar Media