Star Award ဆုပေးပွဲကြီးမှာ ဇာတ်လမ်းတွဲကနေ ဆုရဖို့ ရေပန်းစားနေတဲ့ အမျိုးသမီးအနုပညာရှင် (၄)ဦး

Star Award ဆုပေးပွဲမှာ တစ်နှစ်တာအတွင်း ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေ ထဲက MRTV-4မှ ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းကောင်းတွေထဲက ရသင့်ရထိုက်တယ်လို့မြင်တဲ့ ဇာတ်ကောင်၎ဦး ကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

#ရသမော်ကွန်းအလင်္ကာ ဇာတ်လမ်းတွဲ မှ
#အလင်္ကာ အဖြစ် Chue Chue

ဖခင်ဖြစ်သူ နှင့် မောင်လေးကို ပြုစု စောက်ရှောက်ရင်း ဘ၀ကို ကြိုးစား ရုန်းကန်နေရသူ ၊ ဖခင်ဖြစ်သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိအောင် ကြိုးစားချင်သူ

သူတစ်ပါးအပေါ်တွင် ကူညီသနားတတ်ပြီး လူကြီးမိဘများအပေါ်တွင် ရိုသေလေးစားစွာ ဆက်ဆံတတ်သူ ၊ မိသားစုကို အလွန်ချစ်ပြီး အနစ်နာ ခံတတ်သူ

အလင်္ကာ အဖြစ် ခြူးလေး

#ပျားရည်အိုင် ဇာတ်လမ်းတွဲ မှ
#မြညို အဖြစ် Myat Thu Thu Zin

ချစ်စရာကောင်းပြီးရိုးသားပွင့်လင်းစွာပြောဆိုတတ်သူ မိမိချစ်မြတ်နိုးရတဲ့ ကိုတင်ဖေ၏ သစ္စာမဲ့ခြင်းကိုခံရပြီး ခင်ပွန်းအပေါ်အမုန်းကြီးမုန်းနေသော်လည်းချစ်သမီးလေးရဲ့အနာဂတ်အတွက် ကြိုးစားရုန်းကန်နေရတဲ့ အသက်(၂၈)နှစ်အရွယ် မြညို အဖြစ် မြတ်သူသူဇင်

#ပျားရည်အိုင် ဇာတ်လမ်းတွဲ မှ
#နွယ်သွေးမြိုင် အဖြစ် May Mi Ko Ko

လိမ္မာပါးနပ်ပြီး စီးပွားရေးအကွက်မြင်တတ်သောကြောင့် အောင်မြင်မှုများရရှိပြီး လှပကျော့ရှင်းတဲ့သူရဲ့အလှနဲ့ ယောက်ျားများအပေါ်လှည့်စားတတ်သော အသက်(၃၀)အရွယ် “မြိုင်” အဖြစ် “မေမီကိုကို”

#အရိပ် ဇာတ်လမ်းတွဲမှ
#စုစုလှိုင် အဖြစ် May Myint Mo

သူမတို့လေးယောက်ဟာ MRTV-4 ဇာတ်လမ်းတွဲရဲ့ သူရဲကောင်းမလေးတွေ ဖြစ်ခဲ့ကြပါတယ်…ကျရာဇာတ်ရုပ်ကို သဏ္ဌာန်ရုပ် သရုပ်တူစွာ
ဆေးစက်ကျရာ အရုပ်ထင်စေခဲ့သူတွေပါ…ကံကောင်းကြပါစေဗျ…

Source : Wai Yan Naung

Share From swelsonenews