ေတာင္းရမ္းေနတဲ့ လူ႐ြင္ေတာ္ဦးတိုင္းေက်ာ္ဆိုတာ စီးပြားေရးအဆင္ေျပသူျဖစ္တယ္လို႔ဆို

ေတာင္းစားေနရတယ္ဆုိ တဲ့ ဦးတုိင္းေက်ာ္ဟာ တစ္ေခတ္တစ္ခါက နာမည္ႀကီးလူရႊင္ေတာ္ႀကီးဦးတုိင္းေက်ာ္ ဆိုသူမဟုတ္ဘူးလုိ႔ မႏၲေလးတုိင္းေဒသႀကီးသဘင္အစည္းအရံုး တာ၀န္ရိွသူေတြက ေျပာပါတယ္။

မႏၲေလးၿမိဳ႕ကလူရႊင္ေတာ္ႀကီးတစ္ဦး လမ္းေဘးမွာေတာင္းစားေနရတယ္ လို႔ ဆိုရွယ္မီဒီယာေပၚ ဓာတ္ပံုနဲ႔တစ္ကြသတင္းပ်ံ႕ႏွံ႔ေနခဲ့တာပါ။ အဲဒါေၾကာင့္ မႏၲေလးတုိင္းေဒသႀကီးသဘင္ အစည္းအရံုးက အဲဒီလူရႊင္ေတာ္ႀကီးရဲ႕ေနအိမ္ကို လိုက္ရွာၿပီး ဒီကေန႔ မတ္လ ၁၅ ရက္ေန႔မွာ ေရာက္ရွိသြားခဲ့ပါတယ္။

“အခု ကြ်န္ေတာ္တုိ႔သူ႔အိမ္သြားၾကည့္တဲ့ အခါ ေပ ၄၀ ေပ ၆၀ နဲ႔ ကုိယ္ပုိင္အိမ္နဲ႔ေနတဲ့သူျဖစ္ပါတယ္။ ေျမေတာင္ ငွားစားထားပါတယ္။ ဒီေလာက္အဆင္ေျပေနပါရဲ႕နဲ႔ ဒီလုိ ခြက္ကုိင္ေတာင္းစားတာဟာ သဘင္အႏုပညာေလာက ကုိေစာ္ကားတာျဖစ္ပါတယ္။”လုိ႔ မႏၲေလးတိုင္းေဒသႀကီးသဘင္အစည္းအရံုး အတြင္းေရးမွဴး ဦးေပါက္က်ိဳင္း က Duwun ကုိေျပာပါတယ္။

အဲ့ဒီေတာင္းစားေနတဲ့ သူဟာလည္း ဦးတုိင္းေက်ာ္ဆုိျပီး လူရြင္ေတာ္အျဖစ္လုပ္ခဲ့ဖူးသူပဲ ျဖစ္ေပမယ့္ အသက္ ၇၅ ႏွစ္မျပည့္ေသးတဲ့ အတြက္ အေထာက္အပံ့မေပးေသးဘူးလို႔ မႏၲေလးတုိင္းေဒသႀကီးသဘင္အစည္းအရံုး ကဆုံးျဖတ္ထားပါတယ္။” ျပည္သူခ်စ္ေသာ၊ အျငိမ့္ေလာက ကသိခဲ့ေသာ ဦးတုိင္းေက်ာ္ဆုိတာ ဆုံးပါးသြားျပီျဖစ္ပါတယ္။ သူက ဒီဦးတုိင္းေက်ာ္မဟုတ္ပါဘူး။”လုိ႔ မႏၲေလးတိုင္းေဒသႀကီး သဘင္လူမႈကူညီေစာင့္ေရွာက္ေရး အတြင္းေရးမွဴးဦးေသာင္းထြန္း က ေျပာပါတယ္။

Credit-ဓူဝံ

..

unicode

တောင်းစားနေရတယ်ဆို တဲ့ ဦးတိုင်းကျော်ဟာ တစ်ခေတ်တစ်ခါက နာမည်ကြီးလူရွှင်တော်ကြီးဦးတိုင်းကျော် ဆိုသူမဟုတ်ဘူးလို့ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

မန္တလေးမြို့ကလူရွှင်တော်ကြီးတစ်ဦး လမ်းဘေးမှာတောင်းစားနေရတယ် လို့ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံနဲ့တစ်ကွသတင်းပျံ့နှံ့နေခဲ့တာပါ။ အဲဒါကြောင့် မန္တလေးတိုင်းဒေသကြီးသဘင် အစည်းအရုံးက အဲဒီလူရွှင်တော်ကြီးရဲ့နေအိမ်ကို လိုက်ရှာပြီး ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ ရောက်ရှိသွားခဲ့ပါတယ်။

“အခု ကျွန်တော်တို့သူ့အိမ်သွားကြည့်တဲ့ အခါ ပေ ၄၀ ပေ ၆၀ နဲ့ ကိုယ်ပိုင်အိမ်နဲ့နေတဲ့သူဖြစ်ပါတယ်။ မြေတောင် ငှားစားထားပါတယ်။ ဒီလောက်အဆင်ပြေနေပါရဲ့နဲ့ ဒီလို ခွက်ကိုင်တောင်းစားတာဟာ သဘင်အနုပညာလောက ကိုစော်ကားတာဖြစ်ပါတယ်။”လို့ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်း က Duwun ကိုပြောပါတယ်။

အဲ့ဒီတောင်းစားနေတဲ့ သူဟာလည်း ဦးတိုင်းကျော်ဆိုပြီး လူရွင်တော်အဖြစ်လုပ်ခဲ့ဖူးသူပဲ ဖြစ်ပေမယ့် အသက် ရ၅ နှစ်မပြည့်သေးတဲ့ အတွက် အထောက်အပံ့မပေးသေးဘူးလို့ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး ကဆုံးဖြတ်ထားပါတယ်။” ပြည်သူချစ်သော၊ အငြိမ့်လောက ကသိခဲ့သော ဦးတိုင်းကျော်ဆိုတာ ဆုံးပါးသွားပြီဖြစ်ပါတယ်။ သူက ဒီဦးတိုင်းကျော်မဟုတ်ပါဘူး။”လို့ မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေး အတွင်းရေးမှူးဦးသောင်းထွန်း က ပြောပါတယ်။

Credit-ဓူဝံ