“မေမေ့သားနဲ့ပက်သက်လာရင် မေမေ့မာနဆိုတာ အသေးအဖွဲပါသားရယ်” ဆိုတဲ့ မြန်း (ဝင့်ယမုံနိုင်)

ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အနုပညာလောကထဲကို ဝါသနာတစ်ခုကိုအရင်းခံကာ ဝင်ရောက်လာတဲ့ တက်သစ်စမင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။Mrtv 4 ရဲ့ မင်းသမီးလေးလို့လည်း ခေါ်လို့ရပြီး mrtv 4 က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာလည်း အိုင်တင်ကောင်းကောင်းနဲ့ ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။တက်သစ်စ ဆိုပေမယ့် အိုင်တင်နဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ကြိုးစားတဲ့သူတစ်ယောက်ပါ။

ဝင့်ယမုံနိုင်က ပြေပြစ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အပြင် ကိုယ်လုံးကိုယ်ထည်ကလည်း လှတာဖြစ်လို့ အပြစ်ပြောစရာမရှိတဲ့ အလှပိုင်ရှင်လေးပါနော်။ဝင့်ယမုံနိုင်က စိတ်သဘောထားဖြူစင်ပြီး ရိုးသားကြိုးစားတဲ့ အနုပညာရှင်ဖြစ်လို့ လူချစ်လူခင်ပေါများကာ သူမကို အားပေးတဲ့ ပရိတ်သတ်တွေကလည်း အများကြီးရှိပါတယ်။သူမရဲ့ ဇတ်ကားတွေဟာဆိုရင်လည်း ဇာတ်လမ်း ဇာတ်အိမ်က ခိုင်မာပြီး ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေကလည်း ကြိုးစားကြတာဖြစ်လို့ ပရိတ်သတ်ရဲ့ နှစ်ခြိုက်သဘောကျမှုကိုရပါတယ်နော်။

လတ်တလောမှာလဲ ဝင့်ယမုံနိုင်ဟာ ကျွန်မကမဟေသီ ဇာတ်ကားမှာ မြန်ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ပါဝင်သရုပ်နေတာပဲဖြစ်ပါတယ်။ ဝင့်ယမုံနိုင်က “မေမေ့သားနဲ့ပက်သက်လာရင် မေမေ့မာနဆိုတာ အသေးအဖွဲပါသားရယ် လောကဓံကိုရင်ဆိုင်ရချိန်မှာ မေမေမပြိုလဲအောင် ခွန်အားသတ္တိတွေပေးခဲ့တာ ဟောဒီက မေမေ့သားလေးပါကွယ်” သားတစ်ယောက်ကိုချစ်တဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ကို မြန်းနေရာကနေ ခံစားတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မြန်းတို့ သားအမိရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Share From swelsonenews