အနုပညာလောကထဲကို အသက်နဲ့ ရင်းပြီးဝင်ခဲ့တဲ့အကြောင်း ပြောလာခဲ့တဲ့ ထက်ထက်မိုးဦး..





CRD : We Love Cele

Unicode ဖြင့်ဖတ်ရန်

မှုန်ရွှေရည် နာမည်လေးနဲ့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူ မင်းသမီးလေး ထက်ထက်မိုးဦးကတော့ တစ်ကိုယ်တည်း အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေခဲ့ပါတယ်။ ချစ်စရာသမီးလေး စစ်လွန်းဝတီထက်ကလည်း ပရိသတ်တွေရဲ့ အသည်းစွဲ သမီးလေးပါ။ မိခင် ထက်ထက်မိုးဦးရဲ့ လှပခြင်းတွေကိုအကုန်ရယူထားခဲ့တဲ့ သမီးလေး စစ်လွန်းဝတီထက်ကလည်းငယ်စဉ်တည်းက မိခင်နဲ့အတူ အနုပညာလှုပ်ရှားမှုအချို့ကိုလုပ်ခဲ့ပါသေးတယ်။

ထက်ထက်မိုးဦး ကတော့ အနုပညာလောကထဲကို အဆင်ပြေစွာနဲ့ ဝင်ရောက်လာခဲ့တာမဟုတ်ဘဲ အခက်အခဲတွေကြားထဲကနေ အောင်မြင်မှုတွေကို ရယူလာခဲ့သူဖြစ်ပါတယ်။ သူမဟာ အနုပညာလောကထဲကို ဝင်ရောက်လာချိန်မှာ သူမအသက်နဲ့ရင်းပြီးတော့ ဆုံးဖြတ်ချက်ကို ခိုင်မာစွာနဲ့ ဝင်ရောက်လာခဲ့ကြောင်း ပြောပြထားပါတယ်။

“{ အသက်နဲ့ ရင်းခဲ့ဖူးပါသည် }ဒီ အနုပညာလောကမှာအောင်မြင်ရင် အောင်မြင် မအောင်မြင်ရင်တော့ ကိုယ့်ကိုကိုယ်ပဲ အဆုံးစီရင်မယ် ဆိုတဲ့ထိအောင် ထားခဲ့ပါတယ်” လို့ သူမအသုံးပြုနေတဲ့ ဖေ့ဘုတ်စာမျက်နှာထက်ကနေ ဖော်ပြရေးသားထားတာဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ ပြတ်သားခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့တာကိုလည်း ပရိသတ်ကြီးတွေ့ရမှာပါ။

CRD : We Love Cele