
(For Zawgyi)
အိမ္ေထာင္ျပဳျခင္းဟာ ဘဝမွာ ႀကီးမားတဲ့ အခ်ိဳးအေကြ႕ အစိတ္အပိုင္း တစ္ခုလို႔ ဆိုႏုိင္ပါတယ္။ အမ်ားအားျဖင့္ေတာ့ အိမ္ေထာင္က်ၿပီးတဲ့အခါ ေနထိုင္သြားလာမႈ ပံုစံေတြ ေျပာင္းလဲသြားၾကရပါတယ္။
တစ္ကိုယ္တည္း ဘဝတုန္းက ေနခဲ့သလိုမ်ိဳး အိမ္ေထာင္သည္ ဘဝမွာ ေနဖို႔ မျဖစ္ႏုိင္ေတာ့ပါဘူး။ အိမ္ေထာင္ က်ၿပီးတဲ့ အခါ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြပါ ေျပာင္းလဲၾက ရပါတယ္။ အမ်ိဳးသားေတြအတြက္ အိမ္ေထာင္ က်ၿပီးတဲ့အခါ လုပ္လို႔ မရေတာ့တဲ့ အရာ (၉) ခု ရွိပါတယ္။
၁။ တစ္ညလံုး ေသာက္ၿပီး အလြန္အကၽြံ မူးျခင္း
အရင္ကေတာ့ တစ္ညလံုး အရက္ေသာက္ၿပီး အျပင္မွာ ေနလို႔ရပါတယ္။ အိမ္ေထာင္ က်ၿပီးတဲ့အခါ ဒါမ်ိဳး လုပ္ရင္ေတာ့ ျပႆနာ က်ိန္းေသေပါက္ တက္မွာပါ။
၂။ ေနျမင့္တဲ့ အထိ အိပ္ျခင္း
အလုပ္ အားရက္လည္း ေနျမင့္တဲ့အထိ အိပ္လို႔ မရေတာ့ပါဘူး။ အိမ္မွာ လုပ္စရာေတြ ပံုေနပါၿပီ။
၃။ ေကာင္မေလးေတြနဲ႔ ခ်က္တင္ ထိုင္ျခင္း
မိန္းကေလး သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြနဲ႔ ေဖ့စ္ဘြတ္က စကားေျပာတာ၊ မက္ေဆ့ ပို႔တာေတြ လုပ္လို႔ မရေတာ့ပါဘူး။
၄။ ညစာ ထြက္စားျခင္း
အျပင္က အမ်ိဳးသမီး မိတ္ေဆြေတြနဲ႔ ညစာထြက္ စားလို႔လည္း မရေတာ့ပါဘူး။ ဇနီးသည္ ျပန္သိရင္ေတာ့ ရွင္းဖို႔သာ ျပင္ထားရေတာ့မွာပါ။
၅။ တန္ဖိုးႀကီး အဝတ္အစားႏွင့္ အသံုးအေဆာင္မ်ား ဝယ္ျခင္း
လူပ်ိဳဳဘဝ တုန္းကေတာ့ သင္ဟာ ဝတ္ေကာင္းစားလွေတြပဲ ဝယ္တတ္တဲ့ အက်င့္ ရွိခ်င္ ရွိပါလိမ့္မယ္။ အိမ္ေထာင္ က်ၿပီးရင္ေတာ့ ဘာဝယ္ဝယ္ တိုင္ပင္ၿပီးေတာ့မွ ဝယ္ရဖို႔သာ မ်ားပါတယ္။
၆။ အိပ္ရာ အလယ္မွာ အိပ္ျခင္း
အရင္ေတာ့ ကုတင္ သုိ႔မဟုတ္ သင့္ရဲ႕ ေမြ႔ယာ တစ္ခုလံုးဟာ သင့္အတြက္ ခ်ည္းပါပဲ။ ဒါေၾကာင့္ ေဇာက္ထိုး အိပ္အိပ္၊ ကန္႔လန္႔ အိပ္အိပ္ အဆင္ေျပပါတယ္။ အခုေတာ့ သင္ဒီလို အိပ္လို႔ မရေတာ့ပါဘူး။
၇။ ခဏခဏ ခရီးထြက္ျခင္း
အရင္က သူငယ္ခ်င္းေတြနဲ႔ မၾကာခဏ ကမ္းေျခသြားေကာင္း သြားခဲ့ပါလိမ့္မယ္။ အခုေတာ့ ကမ္းေျခဆိုတာမ်ိဳးကို သူမပါဘဲ သင္သြားဖို႔ မလြယ္ေတာ့ပါဘူး။
၈။ အေမနဲ႔ တစ္အိမ္တည္းေနျခင္း
အိမ္ေထာင္ က်ၿပီးရင္ေတာ့ အေမနဲ႔ တစ္အိမ္တည္းေနဖို႔ ဆိုတာ မျဖစ္ႏုိင္သေလာက္ ပါပဲ။ ေနရင္လည္း အဆင္ေျပဖို႔ မလြယ္လွပါဘူး။ ဒါေၾကာင့္ အေမနဲ႔ တစ္အိမ္တည္း ေနရတာကိုလည္း အိမ္ေထာင္က်ရင္ စြန္႔လႊတ္ရဖို႔ မ်ားပါတယ္။
၉။ ရည္းစားေဟာင္း ဓာတ္ပံုမ်ား သိမ္းထားျခင္း
သင့္ရဲ႕ ရည္းစားေဟာင္း ဓာတ္ပံုေတြကိုလည္း သူမ မျမင္ခင္ ျမန္ျမန္ လႊင့္ပစ္ရေတာ့မွာပါ။ ျမင္သြားခဲ့ရင္ေတာ့ ျပႆနာ အႀကီးအက်ယ္ တက္ၿပီလို႔ မွတ္လုိက္ပါ။
Source – Life
(For Unicode)
မိန်းမရပြီးရင် လုပ်လို့ မရတော့တဲ့ အရာ (၉) ခု
အိမ်ထောင်ပြုခြင်းဟာ ဘဝမှာ ကြီးမားတဲ့ အချိုးအကွေ့ အစိတ်အပိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ကျပြီးတဲ့အခါ နေထိုင်သွားလာမှု ပုံစံတွေ ပြောင်းလဲသွားကြရပါတယ်။
တစ်ကိုယ်တည်း ဘဝတုန်းက နေခဲ့သလိုမျိုး အိမ်ထောင်သည် ဘဝမှာ နေဖို့ မဖြစ်နိုင်တော့ပါဘူး။ အိမ်ထောင်ကျပြီးတဲ့ အခါ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပြောင်းလဲကြ ရပါတယ်။ အမျိုးသားတွေအတွက် အိမ်ထောင် ကျပြီးတဲ့အခါ လုပ်လို့ မရတော့တဲ့ အရာ (၉) ခု ရှိပါတယ်။
၁။ တစ်ညလုံး သောက်ပြီး အလွန်အကျွံ မူးခြင်း
အရင်ကတော့ တစ်ညလုံး အရက်သောက်ပြီး အပြင်မှာ နေလို့ရပါတယ်။ အိမ်ထောင် ကျပြီးတဲ့အခါ ဒါမျိုး လုပ်ရင်တော့ ပြဿနာ ကျိန်းသေပေါက် တက်မှာပါ။
၂။ နေမြင့်တဲ့ အထိ အိပ်ခြင်း
အလုပ် အားရက်လည်း နေမြင့်တဲ့အထိ အိပ်လို့မရတော့ပါဘူး။ အိမ်မှာ လုပ်စရာတွေ ပုံနေပါပြီ။
၃။ ကောင်မလေးတွေနဲ့ ချက်တင် ထိုင်ခြင်း
မိန်းကလေး သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဖေ့စ်ဘွတ်က စကားပြောတာ၊ မက်ဆေ့ ပို့တာတွေ လုပ်လို့ မရတော့ပါဘူး။
၄။ ညစာ ထွက်စားခြင်း
အပြင်က အမျိုးသမီး မိတ်ဆွေတွေနဲ့ ညစာထွက် စားလို့လည်း မရတော့ပါဘူး။ ဇနီးသည် ပြန်သိရင်တော့ ရှင်းဖို့သာ ပြင်ထားရတော့မှာပါ။
၅။ တန်ဖိုးကြီး အဝတ်အစားနှင့် အသုံးအဆောင်များ ဝယ်ခြင်း
လူပျိုုဘဝ တုန်းကတော့ သင်ဟာ ဝတ်ကောင်းစားလှတွေပဲ ဝယ်တတ်တဲ့ အကျင့် ရှိချင် ရှိပါလိမ့်မယ်။ အိမ်ထောင် ကျပြီးရင်တော့ ဘာဝယ်ဝယ် တိုင်ပင်ပြီးတော့မှ ဝယ်ရဖို့သာ များပါတယ်။
၆။ အိပ်ရာ အလယ်မှာ အိပ်ခြင်း
အရင်တော့ ကုတင် သို့မဟုတ် သင့်ရဲ့ မွေ့ယာ တစ်ခုလုံးဟာ သင့်အတွက် ချည်းပါပဲ။ ဒါကြောင့် ဇောက်ထိုး အိပ်အိပ်၊ ကန့်လန့် အိပ်အိပ် အဆင်ပြေပါတယ်။ အခုတော့ သင်ဒီလို အိပ်လို့ မရတော့ပါဘူး။
၇။ ခဏခဏ ခရီးထွက်ခြင်း
အရင်က သူငယ်ချင်းတွေနဲ့ မကြာခဏ ကမ်းခြေသွားကောင်း သွားခဲ့ပါလိမ့်မယ်။ အခုတော့ ကမ်းခြေဆိုတာမျိုးကို သူမပါဘဲ သင်သွားဖို့ မလွယ်တော့ပါဘူး။
၈။ အမေနဲ့ တစ်အိမ်တည်းနေခြင်း
အိမ်ထောင် ကျပြီးရင်တော့ အမေနဲ့ တစ်အိမ်တည်းနေဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ နေရင်လည်း အဆင်ပြေဖို့ မလွယ်လှပါဘူး။ ဒါကြောင့် အမေနဲ့ တစ်အိမ်တည်း နေရတာကိုလည်း အိမ်ထောင်ကျရင် စွန့်လွှတ်ရဖို့ များပါတယ်။
၉။ ရည်းစားဟောင်း ဓာတ်ပုံများ သိမ်းထားခြင်း
သင့်ရဲ့ ရည်းစားဟောင်း ဓာတ်ပုံတွေကိုလည်း သူမ မမြင်ခင် မြန်မြန် လွှင့်ပစ်ရတော့မှာပါ။ မြင်သွားခဲ့ရင်တော့ ပြဿနာ အကြီးအကျယ် တက်ပြီလို့ မှတ်လိုက်ပါ။
Source : Life