မင်းသမီးလေး ချစ်စနိုးဦးလို့ဆိုလိုက်ရင် နာမည်လေးနဲ့လိုက်အောင်ကို ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကိုပိုင်ဆိုင်ထားတာ ပရိသတ်ကြီး သိကြမှာပါနော်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ချစ်စနိုးဦးတစ်ယောက်က ချစ်စရာအသံလေးနဲ့လည်းသီချင်းတွေကို သီဆိုတတ်သူလေးပါ။ အနုပညာလောကထဲ ရပ်တည်လာတာ ဆယ်စုနှစ်ရှိခဲ့ပြီဖြစ်တဲ့ ချစ်စနိုးဦးလေးကတော့ ယနေ့ချိန်ထိ နုပျိုလန်းဆန်းပြီးတော့ သွက်လက်နေဆဲပါပဲ။
ချစ်စနိုးဦး ကတော့ သူမနဲ့တချိန်တည်း အနုပညာလောကထဲကိုဝင်ရောက်လာကြသူတွေ မိသားစုကိုယ်စီနဲ့အိမ်ထောင်ကျသွားကြပေမယ့် သူမကတော့ ယနေ့အချိန်ထိ အပျိုကြီးဘဝကို ခံယူထားဆဲပါပဲ။ ချစ်စနိုးဦးကတော့ ချစ်သူသက်တမ်း (၅) နှစ်ကျော်လာတဲ့ Relationship လေးတစ်ခုကို ပရိသတ်တွေကိုအသိပေးလာခဲ့ပါပြီ။ (၅) နှစ်ကျော်လာပြီဖြစ်တာကြောင့် သိပ်မကြာခင်မှာတော့ မင်္ဂလာသတင်းကြားရတော့မှာပဲဖြစ်ပါတယ်။
ချစ်စနိုးဦးက မင်္ဂလာသတင်းကိုတော့ ပရိသတ်တွေကို ကြိုတင်ပြီး အသိပေးသွားပါမယ်တဲ့နော်။ (၅) နှစ်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာ တစ်ဦးနဲ့တစ်ဦး သေချာ လေ့လာခဲ့ပြီးတဲ့နောက်မှာတော့ သူမတို့ရဲ့ ချစ်မှတ်တိုင်လေးကို မကြာခင်မှာ စိုက်ထူသွားတော့မှာပါနော်။ သူမရဲ့ Relationship ဖော်ပြမှုအပေါ်မှာလည်း အချို့ပရိသတ်တွေက ချစ်စနိုးဦးလေးကို နှမြောတသဖြစ်နေကြတာကိုလည်း တွေ့ရပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ချစ်စနိုးဦးရဲ့ပရိသတ်တွေကတော့ သူမ အိမ်ထောင်ကျသည်ဖြစ်စေ/ မကျသည်ဖြစ်စေ သူမကို အမြဲတစေ အားပေးနေကြဦးမှာပဲနော်။We Love Cele
Photos-Chit Snow Oo
Share From welovecele