သားဦး သားေႏွာင္း မယူေကာင္း ဆိုတာ …

Zawgyi

သားဦး သားေႏွာင္း မယူေကာင္း

လက္ထပ္ မဂၤလာျပဳမယ့္ ျမန္မာ အမ်ိဳးေကာင္း သားသမီးမ်ားအတြက္ အရမ္းေကာင္းတဲ့ ေဆာင္းပါးေလးပါ။

” ဦးေဇာ္ ရွိသလားဗ်ဳိ႕” ေအာ္ဟစ္ အသံေပး၍ ဝင္ေရာက္လာသူမွာ ေမာင္သန္႔ဇင္ထြန္း ျဖစ္သည္။

” ေၾသာ္ ေမာင္သန္႔ဇင္ထြန္း ပါလား။ အိမ္ကို အလည္ မလာတာေတာင္ အေတာ္ၾကာသြားၿပီေနာ္။ ဒါနဲ႔ စီးပြားေရး လုပ္ငန္းေရာ အဆင္ေျပ ရဲ႕လား။

” ဟုတ္ကဲ့။ စီးပြားေရး လုပ္ငန္း ကေတာ့ အဆင္ ေျပပါတယ္။ ဒါေပမဲ့ အဆင္ မေျပတာေလး တစ္ခု ရွိေနလုိ႔။ ” ေမာင္သန္႔ဇင္ထြန္းက ရယ္၍ ေျပာသည္။

” မင္း ဒါေပမဲ့က ဘာလဲဟ၊ ေျပာျပစမ္း ပါအံုး။

” ဒီလို ဦးေဇာ္ေရ၊ ကြၽန္ေတာ္နဲ႔ မိန္းကေလး တေယာက္ လူငယ္ေတြ သဘာဝ ေမတၱာ မွ်ေနတယ္။ အဲဒါ ဒုကၡ အႀကီးအက်ယ္ ေတြ႕ေနတယ္ ဆိုပါေတာ့ဗ်ာ။

” ဘယ္လို ဒုကၡမ်ဳိး ေရာက္ေနတာလဲကြ

” ကြၽန္ေတာ့္ မိသားစုထဲမွာ ကြၽန္ေတာ္က အငယ္ ဆံုးမ ဟုတ္လား။ အဲ.. ကြၽန္ေတာ့္ခ်စ္သူ ကေတာ့ သူတို႔ မိသားစုထဲမွာ အႀကီးဆံုးေလ။ အဲဒီေတာ့ သားဦးနဲ႔ သားေႏွာင္းျဖစ္ မေနဘူးလား။

” အင္း လုပ္စမ္းပါအံုး။ အဲဒါနဲ႔ ဘာဆိုင္လို႔ လဲ။

” ဆိုင္တာေပါ့ဗ်ာ ။ ကြၽန္ေတာ့္ မိတ္ေဆြ တေယာက္က ေျပာတယ္။ သားဦး သားေႏွာင္း မယူေကာင္းဘူးတဲ့။ ယူရင္ ဇနီးေမာင္ႏွံ ကြဲတတ္တယ္ တဲ့။ မကြဲဘူး ဆိုရင္လဲ စီးပြားေရး မျဖစ္ထြန္းဘူးတဲ့။ အဲဒါေၾကာင့္ ကြၽန္ေတာ့္ အေနနဲ႔ လက္ထပ္ဖို႕ ခက္ေနတယ္။ ဒုကၡ အႀကီးအက်ယ္ ေတြ႕ေနတယ္ ဆိုပါေတာ့ ဗ်ာ။

” အယူသီး တာေတြ ႀကဳံေနရတဲ့ ဒုကၡမ်ဳိးေတြေပါ့ ၊ ဘုရားေဟာ က်မ္းဂန္ေတြထဲမွာ သားဦး သားေႏွာင္း မယူေကာင္းလို႔ မပါ ပါဘူး။ လႀူကီးခ်င္းေရာ အဆင္ေျပရဲ႕လား။

” လူႀကီးခ်င္း ကေတာ့ အဆင္ေျပ ပါတယ္။

” လူငယ္ခ်င္းလဲ ေမတာၱမွ်၊ လႀူကးီခ်ငး္လဲ အဆင္ ေျပပါလ်က္န႔ဲ သားဦးသားေႏွာင္း ျဖစ္လို႔ မယူ လိုက္ဘးူ ဆိုရင္ မိုက္မဲရာ က်တာ ေပါ့ကြာ။ ေသေသခ်ာခ်ာ စဥ္းစားပါအံုး။ တို႔ရြာက ဦးျမင့္ေမာင္ကို မင္းသိတယ္မဟုတ္လား။

အဲဒီ ဦးျမင့္ေမာင္က ဘုန္းႀကီးလူထြက္ကြ။ စာခ်တန္း (ဓမၼာစရိယ) ေရာက္တဲ့အထိ စာေတြသင္ခဲ့ဖူး တယ။္ ရဟန္းေဘာင္မွာ ၿငီးေငြ႕လို လူထြက္လိုက္တာေလေလ။ လူထြက္ၿပီး တဲ့ေနာက္ သံုးႏွစ္ေလာက္ၾကာတဲ့ အခါမွာ တို႔ရြာ အေနာက္ပိုင္းက အမ်ဳိးသမီး တစ္ေယာက္နဲ႔ ေမတၱာမွ်ၾကတယ္။

” ဦးျမင့္ေမာင္က အႀကီးဆံုးသား။ ဦးျမင့္ေမာင္ နဲ႔ႀကိဳက္တဲ့ အမ်ဳိးသမီးက အငယ္ဆံုး သမီး။ အဲ သားဦးသားေႏွာင္း ျဖစ္ေနေပမယ့္ ဦးျမင့္ေမာင္က ဘုန္းႀကီးလူထြက္ ဆိုေတာ့ အယူသီးတာေတြ လက္မခံဘူး။ ေနာက္ဆုံးမွာ သူတို႔ႏွစ္ေယာက္ လက္ထပ္ လိုက္ၾကတယ္ ”

” အခုဆိုရင္ သူတို႔ သားေလးေတာင္ ေတာ္ေတာ္ အရြယ္ ေရာက္ေနၿပီ။ စီးပြားေရးလဲ အရင္ကထက္ ပိုၿပီး ျဖစ္ထြန္းလာတယ္ ။ ဒါေၾကာင့္ မင္းလဲ အယူ မသီးေစ ခ်င္ဘူး။ ေသေသခ်ာခ်ာ စဥ္းစားေပါ့ကြာ။ ”

စာေရးသူ အေနျဖင့္ ေမာင္သန္႔ဇင္ထြန္းကို အယူမသီးရန္ အက်ဳိးအေၾကာင္း ေျပာျပ နားခ်ခဲ့ရသည္။

” ေမာင္သန္႔ဇင္ထြန္းေရ ။ သားဦး သားေႏွာင္း ဆိုတဲ့ သေဘာက ဒီလိုကြဲ႕။ မိသားစုတိုင္းမွာ သားဦး၊ သမီးဦးေမြးလာရင္ ခ်စ္တဲ့ စိတ္နဲ႔ အလိုလိုက္၊ လိုအပ္တာ ျဖည့္ဆည္း ေပးၾကတယ္ မဟုတ္လား။ သားေႏွာင္းလို႔ ေခၚတဲ့ အငယ္ဆံုး သားသမီးကိုလဲ ဒီလိုပဲကြဲ႕။ အငယ္ဆံုးေလး၊ အေထြးဆံုးေလးနဲ႔ အလိုလိုက္ အခ်စ္ပိုၾကတာ ေပါ့ကြယ္။

အဲဒီလို အလုိလိုက္ခံရတဲ့ သားဦး၊ သားေႏွာင္း ေပါင္းဖက္ရင္ မိဘေတြ အေပၚ ႏြဲ႕ဆိုး ဆိုးခ်င္တိုင္း ဆိုးသလိုျဖစ္ေနရင္ အိမ္ေထာင္ေရး မသာယာ တက်က္က်က္ရန္ျဖစ္ ေနမွာစိုးလို႔ပါ ကြယ္။

” စာေရးသူ ရွင္းျပသည္ကို ေမာင္သန္႔ဇင္ထြန္း နားလည္ သေဘာေပါက္ သြားပံုရသည္။ သူ႕အိမ္ ေထာင္ေရးအတြက္ လည္း ဆးုံမစကား ေျပာ မသိလုိ ျဖစ္သြားသည့္အတြက္ စာေရးသူသည္လည္း ေက်နပ္ ပီတိ ျဖစ္မိသည္။ စာေရးသူတို႔ ျမန္မာႏိုင္ငံ တြင္ လက္ထပ္မဂၤလာ ျပဳျခင္းႏွင့္ ပတ္သက္၍ အယူသီးမႈမ်ားစြာ ရွိသည္။

ဥပမာဆိုရေသာ္ ဦး-သာ၊ စိန္-ပန္း၊ ဒန္း-လွ၊ ကို-ရွာ ဟူေသာ စကားအရ တနဂၤေႏြႏွင့္ ေသာၾကာ၊ အဂါၤႏွင့္ ၾကာသပေတး၊ စေနႏွင့္ ဗုဒၶဟူး၊ တနလၤာႏွင့္ ဗုဒၶဟူး သားသမီးမ်ားသည္ အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္ အခ်က္မ်ားကို မလိုက္နာၾကေတာ့ဘဲ အယူသီး မႈမ်ား ေနာက္သို႔သာ လိုက္ပါေနၾကေတာ့သည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ား အေနျဖင့္ အယူ မသီးၾက ေစရန္ နမၼား ဆရာေတာ္ႀကီး၏ ” သစၥာသံုးခိုင္ နိဗၺာန္တိုင္ ” တရားေတာ္ကို အနည္းငယ္ ထုတ္ႏုတ္တင္ ျပပါမည္။

” ရက္ရာဇာေန႔ မွာ င႐ုတ္သီး စားရင္ မစပ္ဘူးလား။

” စပ္ပါတယ္ ဘုရား။

” ရက္ရာဇာေန႔မွာ လုပ္ေသာ အကုသိုလ္သည္ မေကာင္းက်ဳိးကို မေပးဘဲ ေနပါ့မလား။

” မေနပါဘုရား။

” ကံမေကာင္းေသာ သူသည္ ရက္ရာဇာေန႔မွာ အိမ္တိုင္ ထူျခင္းေၾကာင့္ ခ်မ္းသာပါ့မလား။ ”

” မခ်မ္းသာပါ ဘုရား။

” ေမာင္စိန္တို႔ရြာ အိမ္ေျခ ဘယ္ေလာက္ရွိလဲ။

” တစ္ရာရွိပါတယ္ဘုရား။

” အဲဒီ အိမ္ေျခ တစ္ရာမွာ ရက္မေရြးဘဲ ေဆာက္တဲ့ အိမ္ရွိပါရဲ႕လား။

” မပါပါဘုရား။

” ရက္ေရြးၿပီး ေဆာက္တဲ့ အိမ္ေတြဟာ ခ်မ္းသာတဲ့ အိမ္ေတြခ်ည္း ပဲလား။

” မြဲတဲ့အိမ္ေတြပဲ မ်ားပါတယ္ဘုရား။

” ဒီလိုဆိုရင္ ရက္ေကာင္းေတြက ေကာငး္က်ဳးိေပး ႏိုင္ေသးရဲ႕လား။

” မေပးႏိုင္ပါ ဘုရား။

” ရက္မေရြးဘဲ မဂၤလာေဆာင္ တဲ့ ဇနီးေမာင္ႏွံ ရွိရဲ႕လား။

” မရွိပါဘုရား။ ”

” ဇနီးေမာင္ႏွံတိုင္း မကြဲမကြာ ဘဲနဲ႕ ခ်မ္းသာတာ ခ်ည္း ပဲလား။

” မဟုတ္ပါဘုရား။

” ရက္ေကာင္းေတြကို အားကိုး ရတာ အလကားေပါ့။

” အလကားပါ ဘုရား။

” ကုသိုလ္ကို အားကိုးမွ ဗုဒၶဘာသာကြဲ႕ ေမာင္စိန္ရဲ႕ ”

” မွန္ပါဘုရား။ ”

နမၼား ဆရာေတာႀကီး၏ တရားေတာ္ကို ႏွလုံးမူၿပီး အရာရာတြင္ ဝိဘဇၨဥာဏ္ျဖင့္ ဆင္ျခင္ႏိုင္ၾကေစရန္ ရည္ရြယ္၍ တင္ျပလိုက္ ရပါသည္။

ေဇာ္ဦး (ျမန္မာစာ)

Unicode

သားဦး သားနှောင်း မယူကောင်း

လက်ထပ် မင်္ဂလာပြုမယ့် မြန်မာ အမျိုးကောင်း သားသမီးများအတွက် အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ။

” ဦးဇော် ရှိသလားဗျို့” အော်ဟစ် အသံပေး၍ ဝင်ရောက်လာသူမှာ မောင်သန့်ဇင်ထွန်း ဖြစ်သည်။

” သြော် မောင်သန့်ဇင်ထွန်း ပါလား။ အိမ်ကို အလည် မလာတာတောင် အတော်ကြာသွားပြီနော်။ ဒါနဲ့ စီးပွားရေး လုပ်ငန်းရော အဆင်ပြေ ရဲ့လား။

” ဟုတ်ကဲ့။ စီးပွားရေး လုပ်ငန်း ကတော့ အဆင် ပြေပါတယ်။ ဒါပေမဲ့ အဆင် မပြေတာလေး တစ်ခု ရှိနေလို့။ ” မောင်သန့်ဇင်ထွန်းက ရယ်၍ ပြောသည်။

” မင်း ဒါပေမဲ့က ဘာလဲဟ၊ ပြောပြစမ်း ပါအုံး။

” ဒီလို ဦးဇော်ရေ၊ ကျွန်တော်နဲ့ မိန်းကလေး တယောက် လူငယ်တွေ သဘာဝ မေတ္တာ မျှနေတယ်။ အဲဒါ ဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ဗျာ။

” ဘယ်လို ဒုက္ခမျိုး ရောက်နေတာလဲကွ

” ကျွန်တော့် မိသားစုထဲမှာ ကျွန်တော်က အငယ် ဆုံးမ ဟုတ်လား။ အဲ.. ကျွန်တော့်ချစ်သူ ကတော့ သူတို့ မိသားစုထဲမှာ အကြီးဆုံးလေ။ အဲဒီတော့ သားဦးနဲ့ သားနှောင်းဖြစ် မနေဘူးလား။

” အင်း လုပ်စမ်းပါအုံး။ အဲဒါနဲ့ ဘာဆိုင်လို့ လဲ။

” ဆိုင်တာပေါ့ဗျာ ။ ကျွန်တော့် မိတ်ဆွေ တယောက်က ပြောတယ်။ သားဦး သားနှောင်း မယူကောင်းဘူးတဲ့။ ယူရင် ဇနီးမောင်နှံ ကွဲတတ်တယ် တဲ့။ မကွဲဘူး ဆိုရင်လဲ စီးပွားရေး မဖြစ်ထွန်းဘူးတဲ့။ အဲဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ထပ်ဖို့ ခက်နေတယ်။ ဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ ဗျာ။

” အယူသီး တာတွေ ကြုံနေရတဲ့ ဒုက္ခမျိုးတွေပေါ့ ၊ ဘုရားဟော ကျမ်းဂန်တွေထဲမှာ သားဦး သားနှောင်း မယူကောင်းလို့ မပါ ပါဘူး။ လြူကီးချင်းရော အဆင်ပြေရဲ့လား။

” လူကြီးချင်း ကတော့ အဆင်ပြေ ပါတယ်။

” လူငယ်ချင်းလဲ မေတ္တာမျှ၊ လြူကးီချင်းလဲ အဆင် ပြေပါလျက်နဲ့ သားဦးသားနှောင်း ဖြစ်လို့ မယူ လိုက်ဘးူ ဆိုရင် မိုက်မဲရာ ကျတာ ပေါ့ကွာ။ သေသေချာချာ စဉ်းစားပါအုံး။ တို့ရွာက ဦးမြင့်မောင်ကို မင်းသိတယ်မဟုတ်လား။

အဲဒီ ဦးမြင့်မောင်က ဘုန်းကြီးလူထွက်ကွ။ စာချတန်း (ဓမ္မာစရိယ) ရောက်တဲ့အထိ စာတွေသင်ခဲ့ဖူး တယ။် ရဟန်းဘောင်မှာ ငြီးငွေ့လို လူထွက်လိုက်တာလေလေ။ လူထွက်ပြီး တဲ့နောက် သုံးနှစ်လောက်ကြာတဲ့ အခါမှာ တို့ရွာ အနောက်ပိုင်းက အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှကြတယ်။

” ဦးမြင့်မောင်က အကြီးဆုံးသား။ ဦးမြင့်မောင် နဲ့ကြိုက်တဲ့ အမျိုးသမီးက အငယ်ဆုံး သမီး။ အဲ သားဦးသားနှောင်း ဖြစ်နေပေမယ့် ဦးမြင့်မောင်က ဘုန်းကြီးလူထွက် ဆိုတော့ အယူသီးတာတွေ လက်မခံဘူး။ နောက်ဆုံးမှာ သူတို့နှစ်ယောက် လက်ထပ် လိုက်ကြတယ် ”

” အခုဆိုရင် သူတို့ သားလေးတောင် တော်တော် အရွယ် ရောက်နေပြီ။ စီးပွားရေးလဲ အရင်ကထက် ပိုပြီး ဖြစ်ထွန်းလာတယ် ။ ဒါကြောင့် မင်းလဲ အယူ မသီးစေ ချင်ဘူး။ သေသေချာချာ စဉ်းစားပေါ့ကွာ။ ”

စာရေးသူ အနေဖြင့် မောင်သန့်ဇင်ထွန်းကို အယူမသီးရန် အကျိုးအကြောင်း ပြောပြ နားချခဲ့ရသည်။

” မောင်သန့်ဇင်ထွန်းရေ ။ သားဦး သားနှောင်း ဆိုတဲ့ သဘောက ဒီလိုကွဲ့။ မိသားစုတိုင်းမှာ သားဦး၊ သမီးဦးမွေးလာရင် ချစ်တဲ့ စိတ်နဲ့ အလိုလိုက်၊ လိုအပ်တာ ဖြည့်ဆည်း ပေးကြတယ် မဟုတ်လား။ သားနှောင်းလို့ ခေါ်တဲ့ အငယ်ဆုံး သားသမီးကိုလဲ ဒီလိုပဲကွဲ့။ အငယ်ဆုံးလေး၊ အထွေးဆုံးလေးနဲ့ အလိုလိုက် အချစ်ပိုကြတာ ပေါ့ကွယ်။

အဲဒီလို အလိုလိုက်ခံရတဲ့ သားဦး၊ သားနှောင်း ပေါင်းဖက်ရင် မိဘတွေ အပေါ် နွဲ့ဆိုး ဆိုးချင်တိုင်း ဆိုးသလိုဖြစ်နေရင် အိမ်ထောင်ရေး မသာယာ တကျက်ကျက်ရန်ဖြစ် နေမှာစိုးလို့ပါ ကွယ်။

” စာရေးသူ ရှင်းပြသည်ကို မောင်သန့်ဇင်ထွန်း နားလည် သဘောပေါက် သွားပုံရသည်။ သူ့အိမ် ထောင်ရေးအတွက် လည်း ဆးုံမစကား ပြော မသိလို ဖြစ်သွားသည့်အတွက် စာရေးသူသည်လည်း ကျေနပ် ပီတိ ဖြစ်မိသည်။ စာရေးသူတို့ မြန်မာနိုင်ငံ တွင် လက်ထပ်မင်္ဂလာ ပြုခြင်းနှင့် ပတ်သက်၍ အယူသီးမှုများစွာ ရှိသည်။

ဥပမာဆိုရသော် ဦး-သာ၊ စိန်-ပန်း၊ ဒန်း-လှ၊ ကို-ရှာ ဟူသော စကားအရ တနင်္ဂနွေနှင့် သောကြာ၊ အဂါၤနှင့် ကြာသပတေး၊ စနေနှင့် ဗုဒ္ဓဟူး၊ တနင်္လာနှင့် ဗုဒ္ဓဟူး သားသမီးများသည် အိမ်ထောင်ဖက်အဖြစ် ရွေးချယ် အချက်များကို မလိုက်နာကြတော့ဘဲ အယူသီး မှုများ နောက်သို့သာ လိုက်ပါနေကြတော့သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အယူ မသီးကြ စေရန် နမ္မား ဆရာတော်ကြီး၏ ” သစ္စာသုံးခိုင် နိဗ္ဗာန်တိုင် ” တရားတော်ကို အနည်းငယ် ထုတ်နုတ်တင် ပြပါမည်။

” ရက်ရာဇာနေ့ မှာ ငရုတ်သီး စားရင် မစပ်ဘူးလား။

” စပ်ပါတယ် ဘုရား။

” ရက်ရာဇာနေ့မှာ လုပ်သော အကုသိုလ်သည် မကောင်းကျိုးကို မပေးဘဲ နေပါ့မလား။

” မနေပါဘုရား။

” ကံမကောင်းသော သူသည် ရက်ရာဇာနေ့မှာ အိမ်တိုင် ထူခြင်းကြောင့် ချမ်းသာပါ့မလား။ ”

” မချမ်းသာပါ ဘုရား။

” မောင်စိန်တို့ရွာ အိမ်ခြေ ဘယ်လောက်ရှိလဲ။

” တစ်ရာရှိပါတယ်ဘုရား။

” အဲဒီ အိမ်ခြေ တစ်ရာမှာ ရက်မရွေးဘဲ ဆောက်တဲ့ အိမ်ရှိပါရဲ့လား။

” မပါပါဘုရား။

” ရက်ရွေးပြီး ဆောက်တဲ့ အိမ်တွေဟာ ချမ်းသာတဲ့ အိမ်တွေချည်း ပဲလား။

” မွဲတဲ့အိမ်တွေပဲ များပါတယ်ဘုရား။

” ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျုးိပေး နိုင်သေးရဲ့လား။

” မပေးနိုင်ပါ ဘုရား။

” ရက်မရွေးဘဲ မင်္ဂလာဆောင် တဲ့ ဇနီးမောင်နှံ ရှိရဲ့လား။

” မရှိပါဘုရား။ ”

” ဇနီးမောင်နှံတိုင်း မကွဲမကွာ ဘဲနဲ့ ချမ်းသာတာ ချည်း ပဲလား။

” မဟုတ်ပါဘုရား။

” ရက်ကောင်းတွေကို အားကိုး ရတာ အလကားပေါ့။

” အလကားပါ ဘုရား။

” ကုသိုလ်ကို အားကိုးမှ ဗုဒ္ဓဘာသာကွဲ့ မောင်စိန်ရဲ့ ”

” မှန်ပါဘုရား။ ”

နမ္မား ဆရာတောကြီး၏ တရားတော်ကို နှလုံးမူပြီး အရာရာတွင် ဝိဘဇ္ဇဉာဏ်ဖြင့် ဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။

ဇော်ဦး (မြန်မာစာ)