အပြင်မှာနေရင် အရှက်အကြောက်ကြီးပေမဲ့လည်း တာတူးဇာတ်ရုပ်ကြောင့် မတ်မတ်လို့ အစခံနေရပြီလို့ ဆိုလာတဲ့ နေတိုး

ပြည်သူချစ် အနုပညာရှင် မင်းသားတစ်ယောက်ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလေး နေတိုးကတော့ ဒီနှစ်မှာ အကယ်ဒမီဆု ထပ်မံ ရရှိဖို့အတွက် အခွင့်အလမ်းတွေ မြင်တွေ့နေရပြီး ပရိသတ်တွေကလည်း နေတိုး တစ်ယောက် ဇာတ်ဆောင်မင်းသားဆုကို ထပ်မံရရှိလိမ့်မယ်ဖြစ်ကြောင်း ထစ်ချယုံကြည်နေကြပါတယ်။

(၂၀၁၈)ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ နေတိုးပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်ကားတွေထဲမှာမှ လူကြိုက်အများဆုံး ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်ကြတဲ့ ” တိမ်တိုက်တံတား” နဲ့ ” မုန်းစွဲ ” တို့ နှစ်ကားထဲမှာမှ မုန်းစွဲက လူကြမ်းကာရိုက်တာ နဲ့ နောက်ထပ်အကယ်ဒမီ ဆုရရှိလိမ့်မည်ဖြစ်ကြောင်း အနုပညာရှင် အချင်းချင်းကတောင် ချီးမွမ်းစကားဆိုထားကြပါတယ်။

ဒီနှစ်မှာ အကယ်ဒမီဆုပေးပွဲ အတွက် ဆုရရုပ်ရှင်တွေကို အကဲဖြတ်ဖို့ ဒိုင်တွေကိုယ်တိုင်က အကျပ်ရိုက်ရ လောက်အောင် ဇာတ်လမ်းကောင်းတွေများတာမို့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဒီနှစ် (၂၀၁၉) ခုနှစ်အတွင်းမှာတော့ ပရိသတ်တွေ တ၀ါးဝါးပွဲကျရေ လောက်အောင် လူကြိုက်များပြီး အားလုံးက စိတ်ဝင်စားနေတဲ့ ဇာတ်ကောင် တစ်ခုဖြစ်တဲ့ “တာတူး” ရုပ်ရှင် ဇာတ်ကားကြီးကတော့ လက်ရှိမှာ ရုံတင်ပြသနေပြီး ဖြစ်ပြီး ဇာတ်ကောင်ရဲ့ ကာရိုက်တာကြောင့် နေတိုးတစ်ယာက် ” မတ်မတ် ” အစအနောက် ခံနေရပါတယ်။

ကိုယ်တိုင်ကတော့ အပြင်မှာ အရှက်အကြောက်ကြီးပြီး အနေအေးသူတစ်ယောက်ဆိုပေမဲ့ အနုပညာနဲ့ ပတ်သက်လာရင် ” ယောက်ျားတစ်ယောက်က မိန်းကလေးအ၀တ်အစားဝတ်ရတာ ရှက်မိတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က အရှက်အကြောက်ကြီးတယ်၊ စကားနည်းတယ်ဆိုပေမဲ့ စင်ပေါ်ရောက်တဲ့အချိန်၊

အနုပညာရှင်လုပ်ရတဲ့ အချိန်တိုင်း ပရိသတ်တွေအတွက် ပေးဆပ်ပြီး အနုပညာဖန်တီးတယ် ဆိုတဲ့ တစ်ခုတဲ့ ရှက်ကြောက်တဲ့ စိတ်တော့ နည်းသွားတယ်” လို့ တာတူးဇာတ်ကောင်နဲ့ ပတ်သက်လို့ ပြောပြခဲ့ပြီး ဒီဇာတ်ကောင်ဖြစ်ကောင်လာဖို့ (၃)လလောက်အချိန်ယူ ခဲ့ရသလို ကိုယ်အလေးချိန်တွေလည်း လျော့ချခဲ့ရတယ်လို့ နေတိုးရဲ့ ဖွင့်ဟလာတဲ့ ပြောစကားတွေကို ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ရပါတယ်။

source: Myanmar Celebrity
Share From swelsonenews