အကယ်ဒမီကို ၊ ပေးရင်တော့ယူမယ် ဆိုတဲ့ မြင့်မြတ်

ကျရာဇတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်စွမ်းနဲ့သဘာဝမင်းသားလို့တောင်တင်စားခေါ်ဝေါ်လို့ရတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မြင့်မြတ်ကတော့ အကယ်ဒမီရင်ခုန်သံနဲ့ပတ်သတ်ပြီးတော့ မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

အကယ်ဒမီကတော့ကြောက်စရာကြီးပါ။ ရင်မခုန်တာအကောင်းဆုံးပဲ ဘယ်သူပဲဖြစ်ဖြစ်ကျနော်ကအဲ့ဒီလိုပဲအကြံဥာဏ်ပေးချင်တယ်။ ရင်ခုန်ပြီးတော့ ပရမ်းပတာဖြစ်ရင်တော့ခံစားရမှာပဲ အဲ့ဒီလိုလေးတွေတော့ရှိတယ်။ ကျနော်ကတော့ အဲ့ဒီတော့ရင်မခုန်ဘူး။ ကားတွေတော့ရှိတာပေါ့ ငဒူတို့ဘာတို့ရှိတယ်။ ရင်တော့မခုန်ပါဘူး ဒါပေမယ့်အကဲဖြတ်လူကြီးတွေအပေါ်ပဲမူတည်ပါတယ်။ ပေးရင်တော့လည်းယူတာပေါ့ ။ အရင်နှစ်တွေလည်းမခုန်ခဲ့ဘူး ကြိုးစားရမှာကျနော်တို့အလုပ် ရတာမရတာ ပေးတာမပေးတာ အစည်းရုံးအလုပ်ပဲ(ရယ်လျက်) လို့ပြောပြသွားပါတယ်။

ထပ်ပြီးတော့လည်း “ အရမ်းမမှန်းနဲ့လို့ ။ရင်မောတယ်လေနော် ဒါသူသူကိုယ်ကိုယ်မှန်းပြီးတော့မရခဲ့လို့ရှိရင် နေရင်းထိုင်ရင်းစိတ်ဆင်းရဲရတယ်။ ဘာလုပ်မှာတုန်း အဲ့ဒီတော့ ရရင်လည်းရသွားပေါ့။ မရရင်လည်းမရလို့ပေါ့။ ဟုတ်တယ်မလား ၊ရရင်တော့ပျော်ပေါ့ ။မရရင်လည်းအေးဆေးပေါ့ ။ ငဒူက ကျနော်တို့ရွှေသောင်ယံမှာသွားရိုက်ထားတယ်လေ။ ဒါရိုက်တာက ဦးညီအောင် ပါ။ ဆိုပြီးပြောပြခဲ့ပါတယ်။ ဒီနှစ်သာ သူအကယ်ဒမီရခဲ့ရင် အရင်တစ်ခေါက်ရတုန်းကလို့ နိဂုံးချုပ်အပ်ပါတယ်ကို နိဂျုံးခုပ်အပ်ပါတယ်လို့များ မှားပြောဦးမလားရင်ခုန်စွာစောင့်ကြည့်ရဦးမှာပေါ့။ မြင့်မြတ်ကို ဒီနှစ်အကယ်ဒမီရမရလည်း ခန့်မှန်းပေးသွားပါ့ဦးနော်။

Share From nanmalgyi