





Molly CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဥပါယ်တံမျဉ်ကားနဲ့ အကောင်းဆုံးအမျိုးသမီဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်း ဝင်လာတဲ့ သက်မွန်မြင့်

ချစ်သက်လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ရတဲ့ တိုင်းရင်းသူလေး သက်မွန်မြင့်ကတော့ အကယ်ဒမီဆုတွေ ရရှိပြီးသားဖြစ်တဲ့အပြင် ၂၀၁၈ ခုနှစ် အကယ်ဒမီအတွက် ဥပါယ်တံမျဉ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ် ။ သက်မွန်ကတော့ ၂၀၁၀ခုနှစ်မှာ အာဒံရယ်ဧဝရယ်ဒဿရယ် ၊ ၂၀၁၆ခုနှစ်မှာ ချစ်လှစွာသောအမုန်း
စတဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆွတ်ခူးရယူခဲ့တဲ့ မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ် ။

လတ်တလောမှာတော့ CentralBase ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း ဇာတ်ညွှန်း ဇဏ်ခီ ၊ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးပြီး.. ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ မင်းဦး၊ Kaew Korravee၊ ခြူးစစ်ဟန် တို့ အဓိကပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးမှာ.. အတိတ်ဘဝက နားကျည်းဖွယ် ဖြစ်ရပ်ဆိုး ကြောင့် ဆင်းရဲ့ချို့တဲ့ လှတဲ့ လောကဓံတွေကြားက ရုန်းထွက်ပြီး၊

ချစ်သူနဲ့ပျော်ရွှင်ချမ်းမြေတဲ့ ဘဝလေးတစ်ခုကို ဖန်းဆင်နိုင်ဖို့ ကိုယ့်ဘဝတစ်ခုလုံးကိုတောင် ပေးဆပ်ကာ အခြားလူတစ်ယောက်အပေါ် သွေးအေးအေးနဲ့ ရက်စက်စွာ လိမ်လည်လှည့်ဖျားစေခဲ့သူ အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ ။

ဘဝတစ်ခုလုံးနဲ့ရင်ပြီး လိမ်ညာလှည့်စားခဲ့ပေမဲ့လည်း တကယ်တမ်း သူမလိုချင်ခဲ့တဲ့ ဘဝလေးကိုပိုင်ဆိုင်ခွင့်မရနိုင်ခဲ့သူ မိဘမဲ့မိန်းကလေး ဇင်မာ အဖြစ် အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဒီနှစ် အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆိုကို ထပ်မံဆွတ်ခူးဦးမလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။ ချစ်သက်ကိုချစ်တဲ့ CeleGabar ပရိသတ်ကြီးလည်းအကယ်ဒမီဆု ရဖို့ဆုတောင်းပေးလိုက်ကြပါဦးနော် ။

Source : Academy Feeling
Molly CeleGabar