သုံးလအတွင်း ကိုယ်အလေးချိန် ၁၅ ပေါင် ချမယ့် Challenge ခေါ်လိုက်တဲ့ ပိုးကြာဖြူခင်,

MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေမှာ အမြဲလိုလိုပါဝင်တတ်တဲ့ ပရိသတ်အချစ်တော်မင်းသမီး ချောလေး ပိုးကြာဖြူခင်တစ်ယောက် သူမရဲ့ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့အတွက် ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို အရင်ကထက်ပိုပြီး ကြိုးစားတော့မှာပဲဖြစ်ပါတယ်။ အစကတည်းက လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးကို သုံးလအတွင်း ကိုယ်အလေးချိန် ၁၅ ပေါင် ထပ် ချပြီး ပိုမိုကျစ်လျစ်သွယ်လှအောင် လုပ်တော့မှာပဲဖြစ်ပါတယ်။

အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေ ပြီဖြစ်ပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အတော်လေးများပြားလာပြီပဲဖြစ်ပါ တယ်။ သူမရဲ့ ဇာတ်လမ်းတွဲနောက်ဆုံးဇာတ်သိမ်းရက်လေးမှာပဲ ဖခင်ဖြစ်သူ တိမ်းပါးခဲ့တာ ကြောင့်လည်း သူမနဲ့ ထပ်တူအားလုံးက ယူကြုံးမရ ခံစားခဲ့ရပါသေးတယ်။

သူမရဲ့ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့ အားကစားလုပ်နေတဲ့ ပုံရိပ်လေးတစ်ခုကို ” ” ဆိုပြီး သူမရဲ့ Instagram မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဆိုင်းမိုင်တစ်ယောက် ဘယ်လိုတွေ လှလာမယ်ဆိုတာ တော့ အားလုံးက မျှော်လင့်တကြီးနဲ့စောင့်စားနေကြပါပြီနော်။ အရမ်း တွေလှလာမယ့် ဆိုင်းမိုင်ရဲ့ ကျော့ကျော့ရှင်းရှင်းခန္ဓာကိုယ်လေးကို မြင်ချင်နေပါပြီလို့။

Photo – Poe Kyar Phyu Khin

Share From swelsonenews