သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကတော့ မြန်မာနိုင်ငံက ပရိသတ်တော်တော်များများ ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ ၂၀၁၈ အတွက်အကောင်းဆုံးအကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားတာပဲ ဖြစ်ပါတယ် ။ မြင့်မြတ်ဟာ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ကို အမှောင်တွေရွာချတဲ့မိုးတိမ် (ကျွန်) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆွတ်ခူးရယူခဲ့ပါသေးတယ် ။
မြင့်မြတ် ဟာအောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း မနုတ်ကိုကိုဇော် ၊ ဇာတ်ညွှန်း ဆဲဗင်းဒေး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး…မြင့်မြတ်၊ ရွှေမှုံရတီ၊ နန်းဆုဦး၊ မင်းဦး၊ ကျော်ဇင်ထွဋ်၊ ဟိန်းမင်း တို့အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ငဒူရုပ်ရှင်ဇာတ်ကားကြီးမှာ ဦးနှောက်သေးပြီး နှလုံးသား ကြီးသွားတဲ့ ငဒူ မြင့်မြတ်တဲ့စိတ်ထားနဲ့ ရည်မှန်းချက် မြင့်မြတ်လွန်းတဲ့ ငဒူ ၊ ပရိသတ်တွေကြည့်ပြီး ရယ်တော့ ရယ်နေရတယ်။ဒါပေမဲ့ ရင်နာနာ နဲ့ ရယ်ရင် မောစေခဲ့ရတဲ့ ငဒူ အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ် ။
အာဏာ၊ ဥစ္စာ ၊ ငွေကြေး တစ်စုံတစ်ခုခု ရှိနေမှ လှပမယ်လို့ ထင်နေကြတဲ့ လူ့လောကကြီးမှာ ဦးနှောက်သေးပြီး နှလုံးသားကြီးတဲ့ မိဘမဲ့ တစ်ယောက်ဖြစ်တဲ့ ငဒူက မမြင်နိုင်တဲ့ ကွက်လပ်လေးတစ်ခု ဖြည့်သွားရင်း ဦးနှောက်ကြီးပြီး နှလုံးသား သေးတဲ့ အတ္တသမားတွေကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ရုပ်ရှင် ရဲ့ စွမ်းအားနဲ့ လမ်းညွန်ထောက်ပြနိုင်ခဲ့သည့်အပြင် ဒီဇာတ်ကား ရုံတင်တဲ့အခါမှာလည်း ရုံပြည့်ရုံလျှံအားပေးခဲ့ကြသလို တစ်ရုံလုံးမျက်ရည်ကျစေခဲ့တဲ့ ကားကောင်းတစ်ကား ဖြစ်လို့ ဒီကားနဲ့ မြင့်မြတ်တစ်ယောက် အကယ်ဒမီ ဆုတစ်ခု ထပ်ယူဦးမလားလို့ ထင်မှတ်ရပါတယ် ။ ပရိသတ်ကြီးရော မြင့်မြတ်ကို အကယ်ဒမီရစေချင်ပြီလား မှတ်ချက်ပေးခဲ့ကြပါဦးနော် ။
Source : Academy Feeling
Share From swelsonenews