နည္းျပေတြအားလုံးကို ႐ူးခါေနေအာင္ လုပ္ခဲ့တဲ့ “Judson Fish”

မေန႔ည(မတ္လ ၁၇ ရက္)က MRTV 4 ကေနထုတ္လႊင့္ျပသခဲ့တဲ့ The Voice Myanmar Blind Audition အပိုင္း ၄ မွာ က်ားေပါက္၊ နီနီခင္ေဇာ္၊ ရန္ရန္ခ်န္း နဲ႔ အာဇာနည္တို႔ ေလးဦးစလုံးကို အႀကီးႀကီးအံ့ၾသေစခဲ့ၿပီး ရွုးခါေနေအာင္ လုပ္ခဲ့တဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ပါဝင္ခဲ့ပါတယ္။အဆိုေတာ္အယ္ေနာင္းရဲ့“မင္းမရွိရင္မျဖစ္လို႔”ဆိုတဲ့သီခ်င္းနဲ႔ေနာက္ဆုံးယွဥ္ၿပိဳင္သြားခဲ့သူ “Judson Fish” ျဖစ္ပါတယ္။ “Judson Fish” ဟာ ဂ်ပန္နိုင္ငံမွာ ဖက္ရွင္ဒီဇိုင္းနဲ႔ ပက္သက္ၿပီး ေအာက္ေျခကေန ဆည္းပူးသင္ယူခဲ့ၿပီးေနာက္ ကုမၸဏီႀကီး ႏွစ္ခုမွာ ဖက္ရွင္စတိုင္းလစ္ အျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။

ျမန္မာျပည္မွာျပန္လည္အေျခခ်ၿပီးနာမည္ႀကီးအႏုပညာသည္ေတြကိုအလန္းစားဖက္ရွင္စတိုင္ေတြဖန္တီးေပးရင္းဖက္ရွင္ေလာကမွာ အခိုင္အမာေနရာတစ္ခုနဲ႔ ဖက္ရွင္စတိုင္းလစ္ တစ္ေယာက္ျဖစ္လာခဲ့ပါတယ္သူ႔ကိုရင္းႏွီးတဲ့သူအားလုံးကခ်စ္စနိုးနဲ႔ “ဖစ္ရွ္(ေမာင္ဖစ္ရွ္)”လို႔ပဲေခၚေလ့ရွိပါတယ္။လက္ရွိေအာင္ျမင္ေက်ာ္ၾကားေနတဲ့႐ုပ္ရွင္၊ဂီတ၊ေမာ္ဒယ္စတဲ့နယ္ပယ္အသီသီးက အႏုပညာရွင္ေတြ အားလုံးနီးပါး သူ႔ဖန္တီးေပးတဲ့ စတိုင္လ္ နဲ႔ လြတ္ကင္းတဲ့သူ ရွားပါတယ္။

ဒါေပမယ့္ဘယ္ေလာက္ပဲေအာင္ျမင္ေနတဲ့ဖက္ရွင္စတိုင္းလစ္တစ္ေယာက္ျဖစ္ေနပါေစသူ႔ရဲ့စိတ္ဆႏၵမွာကြပ္လပ္ေလးတစ္ခုကအျမဲလစ္ဟာေနဆဲပါ။ဒီကြပ္လပ္ေလးကေတာ့ငယ္အိမ္မက္ျဖစ္တဲ့အဆိုေတာ္ျဖစ္ခ်င္တဲ့စိတ္ဆႏၵေလးျဖစ္ပါတယ္။ဒီကြပ္လပ္ေလးကို ျဖည့္ဖို႔နဲ႔ သူဟာတစ္ကယ္ပဲ အဆိုေတာ္တစ္ေယာက္ျဖစ္ဖို႔ အရည္အေသြးမလုံေလာက္လို႔ ဘုရားသခင္က အလိုမရွိခဲ့တာပဲလားဆိုတာကိုပါကြဲကြဲျပားျပားသိရေအာင္TheVoiceMyanmarမွာလာေရာက္စမ္းသပ္စစ္ေဆးခံခဲ့တာပါ။

အယ္ျဖဴေရးသားတဲ့ “မင္းမရွိရင္မျဖစ္လို႔” သီခ်င္းက နည္းျပေလးဦးစလုံးရဲ့ ရင္ကို မေမၽွာ္လင့္ထားပဲ ထိမွန္သြားခဲ့ပါတယ္။ သီခ်င္းရဲ့ ပထမအပိုဒ္မွာပဲ အာဇာနည္က လွည့္မလိုလုပ္ၿပီးကာမွ အျခားနည္းျပေတြကို အကဲခတ္လိုက္ပါတယ္။နီနီခင္ေဇာ္နဲ႔ ရန္ရန္ခ်န္း စိတ္လွုပ္ရွားၿပီး တိုင္ပင္ေနစဥ္သီခ်င္းရဲ့ဒုတိယအပိုဒ္အေရာက္မွာက်ားေပါက္ကဒိုင္းကနဲခလုပ္ႏွိပ္ၿပီးနီနီခင္ေဇာ္ကို “ဘာမွလာရွင္းျပမေနနဲ႔” လို႔ပါ ရန္စၿပီး လွည့္သြားခဲ့ပါတယ္။ အဲဒီေနာက္ အာဇာနည္ နဲ႔ ရန္ရန္ခ်န္း ေရွ႕ဆင့္ေနာက္ဆင့္ လွည့္သြားၾကပါတယ္။

က်ားေပါက္က“ဖစ္ရွ္”ကိုမေမၽွာ္လင့္ပဲေတြ႕တဲ့အခါ၊သူ႔ကိုသိတယ္လို႔နီနီခင္ေဇာ္ကိုလွမ္းေျပာလိုက္ပါတယ္။အာဇာနည္ကလည္းမ်က္လုံးျပဴးၿပီးပါးစပ္အေဟာင္းသားနဲ႔ၾကည့္ေနခဲ့ပါတယ္။ရန္ရန္ခ်န္းကေတာ့အားရပါးရမတ္တပ္ရပ္ၿပီးကိုအားေပးလိုက္ပါတယ္။နည္းၿပ ၃ ဦး လွည့္လာၿပီမို႔ အားတက္သြားတဲ့ “ဖစ္ရွ္”ရဲ့ဆိုဟန္ဆိုေပါက္ေတြကပိုၿပီးတည္ၿငိမ္ေကာင္းမြန္လာပါတယ္။ ေနာက္ဆုံး နီနီခင္ေဇာ္လည္း တင္းခံမေနနိုင္ေတာ့ပဲ လွည့္လာခဲ့ပါတယ္။

“ဖစ္ရွ္”ကိုမေမၽွာ္လင့္ပဲျမင္လိုက္ရတဲ့နီနီခင္ေဇာ္ရဲ့အမူအယာဟာစာဖြဲ႕ျပလို႔မရေအာင္႐ူးခါသြားတာကိုေတြ႕လိုက္ပါတယ္။အရင္းႏွီးဆုံးေဘာ္ဒါအခ်င္းခ်င္းနင္ဒီမွာဘာလာလုပ္တာလဲဆိုတဲ့မ်က္ႏွာေပးနဲ႔ရွိုးလိုက္ပါတယ္။အဲဒီအခ်ိန္အာဇာနည္ကစင္ေပၚေျပးတပ္သြားၿပီး သူ႔မ်က္မွန္ခၽြတ္ကာ “ဖစ္ရွ္”ကိုတပ္ေပးလိုက္ပါတယ္။ခါးႀကီးေထာက္ၿပီး“ဖစ္ရွ္”ကိုၾကည့္ေနတဲ့နီနီခင္ေဇာ္ဟာ Season1မွာတုန္းကမေမၽွာ္လင့္ပဲ“ေမာင္ေမာင္ေအး”ကိုေတြ႕လိုက္ရတာထက္အႀကီးအက်ယ္အံ့ၾသေနတာကိုေတြ႕လိုက္ရပါတယ္။

“ဖစ္ရွ္” ကေတာ့ သူ႔သီခ်င္းကို အလွပဆုံး သီဆိုၿပီး ပုဂၢိဳလ္ေရး ခင္မင္မွုေတြကို လုံးဝအသုံးမခ်ပဲ The Voice Myanmar ကို တိတ္တိတ္ေလးလာၿပိဳင္ကာ သူ႔ရဲ့ ကိုယ္ပိုင္အရည္အခ်င္းကို ခ်ျပသြားနိုင္ခဲ့ပါတယ္။အာဇာနည္ရဲ့ အဖြဲ႕ကို ေရြးခ်ယ္ခဲ့တဲ့ “ဖစ္ရွ္” တစ္ေယာက္ ဖက္ရွင္ေလာကမွာ ေအာင္ျမင္တဲ့ စတိုင္းလစ္ တစ္ေယာက္ျဖစ္သလို The Voice Myanmar Season2ရဲ့Winnerျဖစ္လာဦးမလားဆိုတာပရိသတ္ေတြအားလုံးကအခုဆိုရင္စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကၿပီျဖစ္ပါတယ္။

ဓါတ္ပုံ – ဖစ္ရွ္ Facebook ၊ The Voice Myanmar,CRD-Popolay

UNICODE

မနေ့ည(မတ်လ ၁၇ ရက်)က MRTV 4 ကနေထုတ်လွှင့်ပြသခဲ့တဲ့ The Voice Myanmar Blind Audition အပိုင်း ၄ မှာ ကျားပေါက်၊ နီနီခင်ဇော်၊ ရန်ရန်ချန်း နဲ့ အာဇာနည်တို့ လေးဦးစလုံးကို အကြီးကြီးအံ့သြစေခဲ့ပြီး ရှုးခါနေအောင် လုပ်ခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ပါဝင်ခဲ့ပါတယ်။အဆိုတော်အယ်နောင်းရဲ့“မင်းမရှိရင်မဖြစ်လို့”ဆိုတဲ့သီချင်းနဲ့နောက်ဆုံးယှဉ်ပြိုင်သွားခဲ့သူ “Judson Fish” ဖြစ်ပါတယ်။ “Judson Fish” ဟာ ဂျပန်နိုင်ငံမှာ ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်ပြီး အောက်ခြေကနေ ဆည်းပူးသင်ယူခဲ့ပြီးနောက် ကုမ္ပဏီကြီးနှစ်ခုမှာဖက်ရှင်စတိုင်းလစ်အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

မြန်မာပြည်မှာပြန်လည်အခြေချပြီးနာမည်ကြီးအနုပညာသည်တွေကိုအလန်းစားဖက်ရှင်စတိုင်တွေဖန်တီးပေးရင်းဖက်ရှင်လောကမှာအခိုင်အမာနေရာတစ်ခုနဲ့ဖက်ရှင်စတိုင်းလစ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်သူ့ကိုရင်းနှီးတဲ့သူအားလုံးကချစ်စနိုးနဲ့“ဖစ်ရှ်(မောင်ဖစ်ရှ်)”လို့ပဲခေါ်လေ့ရှိပါတယ်။လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ရုပ်ရှင်၊ဂီတ၊မော်ဒယ်စတဲ့နယ်ပယ်အသီသီးက အနုပညာရှင်တွေ အားလုံးနီးပါး သူ့ဖန်တီးပေးတဲ့ စတိုင်လ် နဲ့ လွတ်ကင်းတဲ့သူ ရှားပါတယ်။

ဒါပေမယ့်ဘယ်လောက်ပဲအောင်မြင်နေတဲ့ဖက်ရှင်စတိုင်းလစ်တစ်ယောက်ဖြစ်နေပါစေသူ့ရဲ့စိတ်ဆန္ဒမှာကွပ်လပ်လေးတစ်ခုကအမြဲလစ်ဟာနေဆဲပါ။ဒီကွပ်လပ်လေးကတော့ငယ်အိမ်မက်ဖြစ်တဲ့အဆိုတော်ဖြစ်ချင်တဲ့စိတ်ဆန္ဒလေးဖြစ်ပါတယ်။ဒီကွပ်လပ်လေးကို ဖြည့်ဖို့နဲ့ သူဟာတစ်ကယ်ပဲ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အရည်အသွေးမလုံလောက်လို့ ဘုရားသခင်က အလိုမရှိခဲ့တာပဲလားဆိုတာကိုပါကွဲကွဲပြားပြားသိရအောင်TheVoiceMyanmarမှာလာရောက်စမ်းသပ်စစ်ဆေးခံခဲ့တာပါ။

အယ်ဖြူရေးသားတဲ့ “မင်းမရှိရင်မဖြစ်လို့” သီချင်းကနည်းပြလေးဦးစလုံးရဲ့ရင်ကိုမမျှော်လင့်ထားပဲထိမှန်သွားခဲ့ပါတယ်။ သီချင်းရဲ့ပထမအပိုဒ်မှာပဲအာဇာနည်ကလှည့်မလိုလုပ်ပြီးကာမှအခြားနည်းပြတွေကိုအကဲခတ်လိုက်ပါတယ်။နီနီခင်ဇော်နဲ့ရန်ရန်ချန်းစိတ်လှုပ်ရှားပြီးတိုင်ပင်နေစဉ်သီချင်းရဲ့ဒုတိယအပိုဒ်အရောက်မှာကျားပေါက်ကဒိုင်းကနဲခလုပ်နှိပ်ပြီးနီနီခင်ဇော်ကို “ဘာမှလာရှင်းပြမနေနဲ့” လို့ပါ ရန်စပြီး လှည့်သွားခဲ့ပါတယ်။ အဲဒီနောက် အာဇာနည် နဲ့ ရန်ရန်ချန်း ရှေ့ဆင့်နောက်ဆင့် လှည့်သွားကြပါတယ်။

ကျားပေါက်က“ဖစ်ရှ်”ကိုမမျှော်လင့်ပဲတွေ့တဲ့အခါ၊သူ့ကိုသိတယ်လို့နီနီခင်ဇော်ကိုလှမ်းပြောလိုက်ပါတယ်။အာဇာနည်ကလည်းမျက်လုံးပြူးပြီးပါးစပ်အဟောင်းသားနဲ့ကြည့်နေခဲ့ပါတယ်။ရန်ရန်ချန်းကတော့အားရပါးရမတ်တပ်ရပ်ပြီးကိုအားပေးလိုက်ပါတယ်။နည်းပြ၃ဦးလှည့်လာပြီမို့အားတက်သွားတဲ့“ဖစ်ရှ်”ရဲ့ဆိုဟန်ဆိုပေါက်တွေကပိုပြီးတည်ငြိမ်ကောင်းမွန်လာပါတယ်။ နောက်ဆုံး နီနီခင်ဇော်လည်း တင်းခံမနေနိုင်တော့ပဲ လှည့်လာခဲ့ပါတယ်။

“ဖစ်ရှ်”ကိုမမျှော်လင့်ပဲမြင်လိုက်ရတဲ့နီနီခင်ဇော်ရဲ့အမူအယာဟာစာဖွဲ့ပြလို့မရအောင်ရူးခါသွားတာကိုတွေ့လိုက်ပါတယ်။အရင်းနှီးဆုံးဘော်ဒါအချင်းချင်းနင်ဒီမှာဘာလာလုပ်တာလဲဆိုတဲ့မျက်နှာပေးနဲ့ရှိုးလိုက်ပါတယ်။အဲဒီအချိန်အာဇာနည်ကစင်ပေါ်ပြေးတပ်သွားပြီးသူ့မျက်မှန်ချွတ်ကာ“ဖစ်ရှ်”ကိုတပ်ပေးလိုက်ပါတယ်။ခါးကြီးထောက်ပြီး“ဖစ်ရှ်”ကိုကြည့်နေတဲ့နီနီခင်ဇော်ဟာSeason1မှာတုန်းကမမျှော်လင့်ပဲ“မောင်မောင်အေး”ကိုတွေ့လိုက်ရတာထက်အကြီးအကျယ်အံ့သြနေတာကိုတွေ့လိုက်ရပါတယ်။

“ဖစ်ရှ်” ကတော့ သူ့သီချင်းကို အလှပဆုံး သီဆိုပြီး ပုဂ္ဂိုလ်ရေး ခင်မင်မှုတွေကို လုံးဝအသုံးမချပဲ The Voice Myanmar ကို တိတ်တိတ်လေးလာပြိုင်ကာ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ချပြသွားနိုင်ခဲ့ပါတယ်။အာဇာနည်ရဲ့ အဖွဲ့ကို ရွေးချယ်ခဲ့တဲ့ “ဖစ်ရှ်” တစ်ယောက် ဖက်ရှင်လောကမှာ အောင်မြင်တဲ့ စတိုင်းလစ် တစ်ယောက်ဖြစ်သလို The VoiceMyanmarSeason2ရဲ့Winnerဖြစ်လာဦးမလားဆိုတာပရိသတ်တွေအားလုံးကအခုဆိုရင်စိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။

Share From Global Myanmar Media