မိဘမဲ့ကလေး (၆၀)ကို သာသနာ့ဘောင်သို့သွတ်သွင်းချီးမြှင့်ခဲ့ကြတဲ့ခင်ဝင့်ဝါနဲ့ဝိုင်းလေးတို့ရဲ့ ကြည်နူးဖွယ် Video

ပရိတ်သတ်တွေရဲ့အချစ်တော် အဆိုတော်ဝိုင်းလေးတစ်ယောက်ကတော့ Channel 7 ရုပ်သံကနေထုတ်လွှင့်တဲ့ အိမ်မက်စုံရာအစီအစဉ်ကနေတစ်ဆင့် ဂီတလောကကိုဝင်ရောက်လာတဲ့ အဆိုတော်မလေးတစ်ဦးပါ။ သူမဟာ သီချင်းဆိုရုံတင်မကပဲ Miss World Myanmar 2014 Winner တစ်ဦးလည်းဖြစ်ပါတယ်။

ဝိုင်းလေးဟာ သရုပ်ဆောင်မင်းသမီးချောလေး ခင်ဝင့်ဝါနဲ့လည်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ အနုပညာလောကထဲရောက်မှခင်ကြတာမျိုးမဟုတ်ပဲ အထက်တန်းကျောင်းသူဘဝကတည်းက ခင်မင်လာကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သက်ဆိုင်ရာအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေကြတာပါ။

ဒီလိုချစ်ဖို့ကောင်းတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ဘာသာတရားလည်း ကိုင်းရှိုင်းကြသူများလည်း ဖြစ်ပါတယ်။ အလှူရေစက်လက်နဲ့မကွာဆိုတဲ့စကားအတိုင်းပဲ သူတို့ရဲ့အနုပညာကြေးများဖြင့် ရှင်သာမဏေ အပါး ၆၀ ကျော်ကိုသာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ လှူဒါန်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သူတို့ရဲ့ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်မှာဝေမျှထားပါသေးတယ်။ ဝိုင်းလေးနဲ့ခင်ဝင့်ဝါတို့နှစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပြီး ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source – Nyar Na