အတွင်းခံတောင် အထဲမှာ မဝတ်ထားကြတဲ့ အမျိုးသမီးတွေရဲ့ ယနေ့ခေတ် ဝတ်စားဆင်ယင်ပုံအကြောင်း ပြောပြလာတဲ့ ခင်မို့မို့အေး

နာမည်ကျော် ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောကြီး ခင်မို့မို့အေးကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တတ်တဲ့ အန်တီ ခင်မို့မို့အေးက လက်ရှိမှာ ” ချစ်ခြင်းအလင်္ကာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား ဟိန်းဝေယံ၊ မင်းသမီး ရတနာမိုင်တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အခုလည်း ခင်မို့မို့အေးက လက်ရှိမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခင်မို့မို့အေးက ယနေ့ခေတ် ဝတ်စားဆင်ယင်ပုံတွေနဲ့ သူမမြင်တွေ့ရတဲ့ ခေတ်ပေါ် ဖက်ရှင်အလန်းစားတွေအကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ အတွင်းခံတောင် မြင်တွေ့နေရတဲ့ ဖက်ရှင်တွေနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြထားတာ ဖြစ်ပါတယ်။

ခင်မို့မို့အေးက “အမျိုးသမီးတွေက အင်္ကျီဝတ်တဲ့အခါ အထဲက အတွင်းခံတစ်ထပ်ဝတ်ရတယ်လေ အခုကျ အထဲအတွင်းခံတောင် ဝတ်မထားကြတာတွေ မြင်နေရတယ် ခေတ်ရေစီးကြောင်းအရ မိန်းခလေးတွေအဝတ်အစားဝတ်တဲ့ အခါကိုယ့်ကိုယ်ကာယကိုအကုန်နီးပါးဖော်ပြထားတာမျိုးမဖြစ်စေပဲထိန်းထိန်းသိမ်းသိမ်းဝတ်စားစေချင်ပါတယ်” ဆိုပြီး သူမရဲ့အမြင်တွေကို ဖြေကြားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မင်းသမီးကြီး ခင်မို့မို့အေးရဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source: Myanmarload TV

Share From swelsonenews