ရက်ပိုင်းအတွင်းမှာ ကြည့်ရှုသူ ၁သန်းနီးပါးရှိနေပြီဖြစ်တဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယို

စာရေးဆရာမ လွန်းထားထားရဲ့နာမည်ကြီး ဝတ္တုတစ်ပုဒ်ကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ဒိတ်ဒိတ်ကြဲ မင်းသား၊ မင်းသမီးတွေနဲ့ အမိုက်စားရိုက်ကူးပုံဖော်ထားတဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာပဲ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုက အရမ်းမိုက်လွန်းလို့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတာပါ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ထိမိလွန်းတဲ့ သရုပ်ဆောင်ချက်တွေအပြင် ဒါရိုက်တာရဲ့စိတ်ကူးစိတ်သန်းနဲ့ ဘက်ပေါင်းစုံကနေ အကောင်းဆုံး ပုံဖော်ထားတဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေသဘောကျမယ့် ရုပ်ရှင်ကားတစ်ကား ဖြစ်လာမှာ အသေအချာပါပဲ။

ချစ်ပရိသတ်တွေအတွက် “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

“သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ထိန်ငြီးအဖြစ် အကယ်ဒမီ မြင့်မြတ်၊ ဦးထိန်ဝင်းအဖြစ် အကယ်ဒမီ ရဲအောင်၊ လင်းထင်ထင်အဖြစ် ရွှေမှုံရတီ၊ ဒေါ်နှင်းဆီအဖြစ် ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ နှင်းဖြူအဖြစ် ဆုမြတ်နိုးဦးနဲ့ အခြားဝါရင့်သရုပ်ဆောင်များစွာက အကောင်းဆုံး ပါဝင်အားဖြည့်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

အဆိုပါ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ သစ္စာတရားကို အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်တဲ့အပြင် မိဘမေတ္တာကိုလည်း ထည့်သွင်းရိုက်ပြထားတာကြောင့် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့နမူနာဗီဒီယို

ဝါရင့်သရုပ်ဆောင်တွေရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမယ့် “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဧပြီလ (၁၇) ရက်နေ့မှ စတင်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း နမူနာ ဗီဒီယိုနဲ့တင် အရမ်းကြည့်ချင်နေပြီဖြစ်တဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay

Share From swelsonenews